Monthly Archives: Feb 2021

အဓိက အကျဆုံး CCTV ကို မှုတ်ဆေးတွေနဲ့ မမှုတ်ကြပါနဲ့။

လူထုရဲ့ ဘယ်နေရာဘာလုပ်ပြီး ဘယ်ကိုအင်အားဘယ်လောက်လွှတ်ရမယ်ဆိုတာ Control Center ကနေထိုင်ကြည့်ပြီး လှူပ်ရှားနေတာပါ။ ဒီလောက်ဆို သဘောပေါက်မှာပါ။

ယနေ့ မြဝတီမြို့တွင် ဆန္ဒပြပြည်သူအချို့ဖမ်းဆီးခံရမှုနှင့် ပက်သက်၍ ကရင်လက်နက်ကိုင်အဖွဲ့နှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ် ခဲ့

ယနေ့ မြဝတီမြို့တွင် ဆန္ဒပြပြည်သူအချို့ဖမ်းဆီးခံရမှုနှင့် ပက်သက်၍ ကရင်လက်နက်ကိုင်အဖွဲ့နှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပေါ် ခဲ့ပြီး  နှစ်ဖက်ညှိနိူင်းခဲ့ကာ   ယနေ့ မြဝတီမြို့တွင် ဖမ်းဆီးထားသူများ ညနေပိုင်းတွင် ပြန်လွှတ်ပေးမည်ဟု ရဲတပ်ဖွဲ့က ပြောဆို ကြောင်း ထိုင်းနိုင်ငံအ​ခြေစိုက် မြန်မာအလုပ်သမားများကူညီ​ပေး​နေသူ AAC မဟာမိတ်အဖွဲ့မှ ဦးရဲမင်းက သူ၏ လူမှုကွန်ရက်တွင် မျှ​​ေ​ေဝေထားသည်။

Khit Thit

ကုလက အရေးယူဖို့ လူဘယ်နှစ်ယောက် သေပေးရမလဲ

လူသေဆုံးမှု အရေအတွက်ပေါ် တိုင်းတာပြီးတော့ ကုလတပ်တွေ ဘယ်တော့မှ ဝင်လာမည်မဟုတ်ပါ။ ပထမဆုံး တချက်အနေနဲ့ ရခိုင်မှာ စစ်တပ်က လူပေါင်းများစွာ သတ်ပစ်ခဲ့တာအပြင် ကချင်၊ ရှမ်း၊ မွန်၊ ကရင်၊ ချင်း စတဲ့ဒေသတွေမှာ ပြည်နယ်သားပေါင်းစုံကို သတ်ဖြတ်မှုတွေ မရေမတွက်နိုင်အောင် လုပ်ခဲ့တာပါ။
.
ဒါပေမယ့် ကုလတပ်တွေ ဝင်ခဲ့သလား ကြည့်ပါ။ မဝင်ခဲ့ပါဘူး။ ဝမ်းနည်းစရာအကောင်းဆုံးက ကျနော်တို့ လျစ်လျူရှူခဲ့ကြတာပါပဲ။ အရေးယူမှုတွေလုပ်မယ်ဆိုတုန်းက ယူအန်ကိုတောင် ဝိုင်းဆဲခဲ့ကြပါသေးတယ်။ ထားပါတော့၊ ဆိုလိုရင်းကို ဆက်ကြရအောင်ပါခင်ဗျာ။
.
“ကုလ ငြိမ်းချမ်ရေးတပ်” (UN Peacekeepers) ဆိုတာက တကယ်တော့ ကုလဆိုတဲ့အဖွဲ့ကနေ အမိန့်ပေးလို့ ရတဲ့ တပ်မတော်ကြီး မဟုတ်ပါ။ နေရာတစ်နေရာတည်းမှာ တပ်ရင်း၊ တပ်မဆိုပြီး ပုံသေထားတာမျိုးလည်း မရှိပါ။ အဖွဲ့ဝင်နိုင်ငံတွေကနေ တပ်သားတွေ ပို့ပေးပြီး ဖွဲ့ရတဲ့ အဖွဲ့မျိုး ဖြစ်ပါတယ်။
.
နိုင်ငံပေါင်း ၁၉၃ နိုင်ငံပေါင်းထားတဲ့အဖွဲ့ကို ကုလသမဂ္ဂလို့ ခေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် တခုခုလုပ်မယ်ဆိုရင် ဒီ ၁၉၃ နိုင်ငံရဲ့ ဆွေးနွေးမှုနဲ့ မဲပေးမှုလိုပါတယ်။ ဒီ ၁၉၃ နိုင်ငံနေ ဆွေးနွေးပြီးတော့မှ လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ UN Security Council ကို တင်ရပါတယ်။ ဒီကနေတစ်ဆင့် အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ သဘောတူ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။
.
ဒါပေမယ့် ဒီ လုံခြုံရေးကောင်စီဆိုတဲ့ အဆင့်ကိုရောက်ဖို့အတွက် ၁၉၃ နိုင်ငံပါတဲ့ ကုလသမဂ္ဂအစည်းအဝေး (UN Assembly) မှာတင် ကြန့်ကြာနေတဲ့ ကိစ္စတွေ အများကြီးပါပဲ။ ပြီးတော့ အစည်းအဝေးမှာတင် ကန့်ကွက်မဲပေးကြတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ အပေးအယူ ကိစ္စတွေပါ။ ဒီကိစ္စကို တို့နိုင်ငံက သဘောတူလိုက်ရင် မင်းနိုင်ငံက ဘာပြန်မပေးမလဲ ဆိုတာမျိုးထိိ ပါဝင်ပါတယ်။ ရော့ နဂါး၊ ရော့ ပတ္တများဆိုတဲ့ ကိစ္စတွေ အများကြီးပါ။
.
ဥပမာ အနေနဲ့ မြန်မာအရေးဆွေးနွေးကြရင် တခါမှ မကြားဖူးတဲ့ အာဖရီကန် နိုင်ငံတွေက ဘာလို့များ မြန်မာကို ကန့်ကွက်ကြတာလဲဆိုပြီး အံ့သြဖူးပါလိမ့်မယ်။ တကယ်က မြန်မာကို ကန့်ကွက်မဲပေးတဲ့ အာဖရီကန် နိုင်ငံအများစုဟာ စိနရဲ့ အကြွေးနွံအောက် ရောက်နေတဲ့နိုင်ငံတွေပါပဲ။
.
ခုပြောနေတာတွေဟာ ၁၉၃ နိုင်ငံ မဲခွဲတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ လုံခြုံရေးကောင်စီထိ မရောက်သေးပါဘူး။ နောက်ဆုံး ကန့်ကွက်မဲတွေရှိတယ်ဆိုဦးတော့၊ ကျန်နိုင်ငံတွေက ဒီကန့်ကွက်မဲတွေကို ဆန့်ကျင်ပြီး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်နိုင်ပါတယ်။
.
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဒီလို ကန့်ကွက်မဲတွေကို ဆန့်ကျင်ပြီး ခေါ်ယူခဲ့တဲ့ အစည်းအဝေးတွေ ရှိပါတယ်။ ဒါကို ကုလက တဖက်သတ် ဆုံးဖြတ်တယ်ဆိုပြီး မြန်မာတွေက ဝိုင်းဆဲခဲ့ကြဖူးပါတယ်။ ရခိုင်မှာဆိုရင် “ယူအန် အလိုမရှိ” ဆိုပြီးတော့တောင် ဆန္ဒထုတ်ဖော်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့တာပါ။ ရန်ကုန်မြို့ ဆူးလေမြို့လယ်ခေါင်မှာလည်း ယူအန် အလိုမရှိတွေ အများကြီးရှိခဲ့ပါတယ်။
.
ကဲ နောက်ဆုံး လုံခြုံရေးကောင်စီကို ရောက်လာပြီပဲ သဘောထားပါ။ ဒီကောင်စီမှာ အင်အားကြီးနိုင်ငံပေါင်း ၁၅ နိုင်ငံရှိပါတယ်။ ဒီထဲက ၅ နိုင်ငံက ဗီတိုအာဏာရှိပါတယ်။ သိတဲ့အတိုင်း ဒီ ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တရုတ် (စိန)နဲ့ ရုရှားတို့လို နိုင်ငံတွေက ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပါတယ်။ ကုလ ငြိမ်းချမ်းရေးတပ်တွေကို စေလွှတ်ဖို့အတွက် ဆုံးဖြတ်ချက်ချနိုင်တာကလည်း ဒီ လုံခြုံရေးကောင်စီပဲ ဖြစ်ပါတယ်။
.
ဒါပေမယ့် အပေါ်မှာ ဆိုခဲ့သလိုပဲ ၁၉၃ နိုင်ငံ အစည်းအဝေးကနေ တဆင့် နောက်ဆုံး ၁၅ နိုင်ငံထိ ရောက်လာပြီးရင်တောင် ဗီတိုအာဏာသုံးမယ့်နိုင်ငံကြီးတွေကို မေ့လို့မရပါဘူး။
.
ဒါကြောင့် UN လို့ပြောကြပြီဆိုရင် အပြာရောင် UN တံဆိပ်ကြီးကိုပဲ ပြေးမမြင်ကြဘဲ ဒီတံဆိပ်အောက်မှာ ရှိနေတဲ့ အင်အာကြီးနိုင်ငံတွေကိုလည်း ပြေးမြင်ဖို့ လိုပါတယ်။ နိဂုံးချုပ်ဆိုရရင် ကုလငြိမ်းချမ်းရေးတပ်တွေ ရောက်လာမလားဆိုတာဟာ “အင်မတန် ဝေဝါးတဲ့ မျှော်လင့်ချက်” တခုသာ ဖြစ်ပါတယ်။ Mratt Kyaw Thu

ရန်ကုန်တိုင်း သတင်းရဲတပ်ဖွဲ့က ယာယီရဲမှူး တင်မင်းထွန်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာရသည့်အကြောင်းအရင်းကို ကိုယ်တိုင်ပြောဆိုလာသည့် ရုပ်သံဗီဒီယိုဖိုင်

Mizzima – News in Burmese

မြန်မာနဲ့ ဘဝတူ ယူကရိန်း တော်လှန်ရေး

ဇတ်လမ်းနာမည်လေးက Winter on Fire

မနေ့က ၂၀၁၄ယူကရိန်း တော်လှန်ရေး documentary ကြည့် ရ။ အစအဆုံး ၉၁ရက် ကြာ။ လူ၂၀၀ ကျော် သေ။ မြို့ကြီး မီးလောင်။ ရုရှားနားကပ်နေတော့ ဘယ်နိုင်ငံကမှ စစ်တပ်နဲ့ လာမကူ။

ဖြစ်စဉ်က မြန်မာနဲ့ တော်တော်တူ။သပိတ်မှောက်။ ဆန္ဒပြ။ အစပိုင်း ဖမ်းလိုက် လွှတ်လိုက် ပြည်သူ့ရဲလို့ အော်လိုက်။

တစ်လလောက်ရှိတော့ အများသဘောတူ တောင်းဆိုချက် သုံးချက် ထွက်လာ။၁ ဖမ်းဆီးခံအားလုံး လွှတ်ပေးရေး၂ ရွေးကောက်ပွဲသစ် အမြန်လုပ်ပေးရေး၃ အခြေခံဥပဒ ပြင်ရေး။

ထောင်ခါပြီး မီးကွင်းပစ်။ မိတဲ့သူတွေကို ဗီဒီယိုရိုက် ရဲလက် အပ် တာတွေလည်းတူ။မြို့လည် ရင်ပြင်မှာ သပိတ်စခန်းအကြီးကြီးတစ်ခု ထောင်။ ပတ်ပတ်လည် ရဲ ဝင်လို့မရအောင် ပစ္စည်းစုံ အစုတ်ပလုပ်စုံ အဆင့်ဆင့် ကာ။ ကြာလေကြီးလာလေ။

နေ့တိုင်းနီးပါး သပိတ် စခန်းကနေ ပါလီမန်ရှေ့ ဆန္ဒပြထွက်။ ထွက်တိုင်းနီးပါး ရာဘာကျည် တကယ့်ကျည် နဲ့အပစ်ခံရ။ အထူးရဲ တွေက ပို ဆိုး။ နေ့တိုင်း လူသေ။ ပြည်သူတွေက ခံရတိုင်း သပိတ်စခန်းထဲ ပြန်ဝင်ပြေး။မြန်မာပြည်မှာတော့ စခန်းလုံးကျွတ် အသတ်ခံရဖို့များတယ်။

ပြည်သူတွေလည်း အစကတော့ လုံးဝ ငြိမ်းချမ်းစွာပဲ။ နောက်တော့ ဒိုင်းတွေ ခဲတွေ လေးခွတွေ တုတ်တွေ နဲ့ ပြန်ချတယ်။ တစ်ယောက်တည်း နှစ်ယောက်တည်း ကျွံလာတဲ့ ကျန်ခဲ့တဲ့ ရဲတွေ သေတဲ့ကောင် သေတယ်။သူတို့ သပိတ် စခန်းကြီးကို ချေကျင် တိုးဝင်လို့ မလွယ်ဘူး။ အကုန် ပိတ်ကာထားတာ။ တပ်က စက်သေနပ် လက်နက်ကြီးတွေနဲ့ ပစ်ရင်တော့ ရမယ်။

သုံးလနီးပါးကြာတော့ တပ်က သံချပ်ကာကားနဲ့ သပိတ်စခန်း အကာတွေကို တိုးဝင်။ အကာတွေမီးရှို့လိုက်တော့ ကားပါလောင်။ လေသာတုံး မီးထဲကို တာယာတွေထည့်။ ရဲတွေ မီးခိုး မွှန်အောင်။အဲသည် သပိတ် စခန်းမှာ နေတဲ့သူတွေ ကိုယ့်ကိုယ်ကို သေလူလို့ပဲ သတ်မှတ် ထားကြတယ်။ တစ်ညလုံး မီးဆက်လောင်အောင် လုပ်ပြီး သပိတ်စခန်းကို ကာကွယ်ကြရတယ်။

ခရစ်ယာန် ဘုန်းကြီး တွေက သရဏဂုံ လိုက်တင် ပေးတယ်။ မွတ်ဆလင် ဘာသာမဲ့တွေ ဗုဒ္ဓဘာသာတွေလည်း ကူတယ်။အကာတွေမှာ ယောက်ျား အများစုနေပြီး နောက်မှာ မချနိုင်တဲ့သူတွေ နေတယ်။ နာစရာရှိ တူတူ နာရအောင်လို့။ ဆုတောင်း ဝတ်ပြုရင်း စောင့်ကြတယ်။ ၁၂ နှစ်သား လေးတောင်ပါတယ်။ ဒီအချိန်မှာမှ ဖြုတ်မချနိုင်ရင် နောက် နှစ်များစွာ ကျွန်ခံရတော့ မယ်လို့ တွေးကြတာလည်း တူတယ်။​

နောက်နေ့ကျတော့ ရဲဘက်က စနိုက်ရော ရိုးရိုးသေနပ်ရော ပါလာတယ်။ ကြက်ခြေနီတံဆိပ် အရှင်းကြီး တွေကို လည်း ပစ် ဘုန်းကြီးတွေကို လည်းပစ် ဒဏ်ရာရသူတွေကို ဝင်ဆွဲတာ လည်းပစ်။ဗီဒီယို တွေ လိုင်းပေါ်မှာ ရှာကြည့်ပါ။အဲတာကို ယူကရိန်း ပြည်သူတွေက အတင်းတိုးတယ်။ လက်လုပ်ဒိုင်းလေးတွေနဲ့ ကာရင်း လူနာ ဆွဲတယ်။ တပ်ဘက်က ပစ်ဆုတ် ဆုတ် တယ်။ ဘာဖြစ်လို့ ပစ်တိုး မတိုးလဲတော့ မသိဘူး။လူ ၃၀ ကျော်သေတယ်။

ကိုယ်လူမျိုးချင်း ဘာလို့ အဲလောက် လုပ်ရက်တာလဲ ဘယ်လို အမေက မွေးတာလဲဆိုပြီး ငိုကြတယ်။၉၁ရက်မြောက် အဲသည်ညမှာ အစိုးရက ရွေးကောက်ပွဲကို ဆယ်လကြာရင်ကျင်းပပေးမယ် လို့ ကမ်းလှမ်းတယ်။ လူငယ်တစ်ယောက်က မရဘူး နက်ဖြန် မနက်၁၀ နာရီမှ ဆင်းမပေးရင် လက်နက်ကိုင် တော်လှန်တော့မယ်လို့ အော်တယ်။ နေ့ခင်းကမှ သူ့သူငယ်ချင်းတွေ သေထားတာ။ ပြောနေရင်း လူသေ အခေါင်းအပွင့်ကြီးတွေ မျှောက်ပြီး ကြွေးကြော်ကြတယ်။

သောက်ပို ပြောတာမဟုတ်ဘူး။ အဲသည်ကောင်လေးနဲ့ အဲသည်ည အကြောင်း google ထဲရှာကြည့်ပါ။နောက်နေ့ ဘာဖြစ်မလဲ ဘယ်သူမှမသိဘူး။ ဘယ်သူမှလည်း လာမကူဘူး။ ရက်ကိုးဆယ်ရှိပြီ။ ဘယ်လောက် ဆက် အသေခံနိုင်မလဲ မသိဘူး။

ညတွင်းချင်း သမ္မတက ရပ်ရှားပြေးတယ်။ ဒီနေ့အထိကျန်းမာ ချမ်းသာစွာ ခိုလှုံနေတယ်။လပိုင်း အတွင်း အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းတယ်။ အခြေခံဥပဒေ ပြင်တယ်။ ဥရောပ သမဂ္ဂထဲ ဝင်တယ်။

သူတို့ထက်အားသာတာက ငါတို့က တစ်မြို့တည်း သပိတ်စခန်း တစ်ခုတည်း မဟုတ်ဘူး။

သူတို့ထက်အားနည်းတာက ကျွန်သက်ရှည်ခဲ့တော့ သူများကူမလား မျှော်တာရယ် ကြောက်တာရယ်။

တူတာက တရုပ် အင်အားကြီးနားကပ်နေတာ။ အဲတာကြောင့် နိုင်ငံခြား က ကူမှာ ဝင် မှာ မဟုတ်ဘူး။ ရှေ့ဆက် နာစရာတွေတော့ အများကြီး ကျန်သေးတယ်။

သူတို့ဖြစ်တုံးက ကိုယ်စိတ်မဝင်စား။ သိတောင် မသိလိုက်။ ကိုယ်ဖြစ်တော့လည်း ဘယ်သူမှ စစ်တပ်နဲ့ ကူလောက်အောင် သနားမှာ မဟုတ်တာ လက်ခံကြပါ။မိမိကိုယ်သာ အားကိုးရာ။ အင်အားလည်းကောင်းနေပြီ။ ရတဲ့ပုံစံနဲ့ ပြန်ချကြပါ။

ကူညီကြပါ။

အရေးတော်ပုံ အောင်ရမည်။

မြန်မာ ဆန္ဒ ပြပွဲများအား ထောက်ခံ ဆန္ဒ ပြနေကြသော ထိုင်းနိုင်ငံသားများ

မြန်မာပြည်က စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေတဲ့ လူထုအရေးတော်ပုံကြီးကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ထိုင်းနိုင်ငံပြည်သူတွေဟာ ဘန်ကောက်မြို့က အနုစာဝါရီလို့ခေါ်တဲ့ ဗစ်တိုရီကျောက်တိုင်မှာ ဒီကနေ့ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က ဒီကနေ့တစ်ရက်တည်း ကျည်အစစ်နဲ့ပစ်သတ်လို့ သေဆုံးသူပေါင်း အနည်းဆုံး ၁၁ဦးရှိလာနေပါတယ်။ kayamut media

« Older Entries