Monthly Archives: Feb 2021

သူတို့လဲ မတတ်သာလို့ လုပ်နေကြရတာပါ

အမိန့်ဆိုတာတစ်ခုကြောင့် မတတ်သာလို့ လုပ်နေကြရသူတွေ အများကြီး ရှိကြဉီးမှာပါ။
နားလည်အောင် ပြောဆိုစည်းရုံးကြပါ။

သူတို့က နေလို မီးလို ဆက်ဆံရင်လဲ ….
ပြည်သူလူထုက ရေလို လလို ဆက်ဆံလိုက်ပါ။


အင်တာနက်ပေါ်မှ ဓါတ်ပုံကို သုံးထားပါသည်၊ မည်သူ့ဓါတ်ပုံမှန်းမသိသော်လည်း ကျေးဇူးတင်ပါသည်။

ကုလသမဂ္ဂကို ဘယ်လို တိုင်ကြမလဲ ?

ကုလသမဂ္ဂကိုတိုင်ကြပါ
မြန်မာပြည်မှာလူထုကိုစော်ကားပြီးမတရားအာဏာသိမ်ထားတာကုလသမဂ္ဂကဥပဒေစိုးမိုးရေးအဖွဲ့ကိုတိုင်လို့ရပါတယ်။ အင်တာနက် (Browser) ဖွင့်ပြီး Search နေရာမှာ
http://un.org/ruleoflaw/contact ဆိုတဲ့ ဒီစာသားလေးကို ထိလိုက်ပါ။

Rule of Law Website and Document Repository ဆိုတဲ့စာမျက်နှာပေါ်လာရင်
(၁) နေရာမှာသင့်အမည်ကိုအင်္ဂလိပ်လိုဖြည့်ပါ။
(၂) နေရာမှာသင့်အီးမေး(လ်)လိပ်စာဖြည့်ပါ။
(၃) နေရာမှာ Coup d’etat in Myanmar ဆိုတာကိုကော်ပီလုပ်ကူးဖြည့်ပါ။ (၄) နေရာမှာ ဒီအပိုဒ်ကိုကော်ပီလုပ်ကူးဖြည့်ပါ။

Your Excellencies,
For the benefit of the poor people in Myanmar, kindly tell the junta to release the elected government and its officials and acknowledge the recent voting results of the election.
Yours sincerely,
(သင့်အမည်ကိုအင်္ဂလိပ်လိုရေးရန်)

(၅) ဘူးထဲကမျှားလေးကိုအမှတ်ပေးခြစ်ပြဘို့မမေ့ပါနဲ့။
(၆) ပြီးရင် Submit Form ဆိုတာကိုနှိပ်လိုက်ပါ။ သူငယ်ချင်းမိတ်ဆွေတွေကိုထပ် Share ပေးကြပါ

စစ်တပ်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ဘူး ဆိုဘဲ !

ကျန်းမာရေးဝန်ထမ်းများ ၃ ရက် (၃၊၄၊၅)အတွင်းဆေးရုံမလာပါက ဆမသိမ်း အလုပ်ထုတ်မည်ဟု စစ်တပ်အကြီးအကဲတစ်ယောက်ကတိုင်းအစည်းအဝေးတွင်ပြောပါသည်။
စစ်တပ်ဆိုတာ ဘယ်တော့မှနောက်မဆုတ်ကြောင်း ၃ကြိမ်တိတိပြောပါသည်။ဆရာကြီး ဦးခင်မောင်လွင်မှ အချိန်ထပိပေးရန်တောင်းဆိုသော်လည်း မရပါ။စစ်တပ်မှဆရာဝန်များအစားထိုးဖို့အသင့်ပြင်ထားကြောင်း၊ယခုပင်နန်းတွင်းထဲတွင် ၁၀၀ ကျော်ရှိကြောင်းပြောပါသည်။
ထို့နောက် တွင် သက်ဆိုင်ရာပါချုပ်များနှင့် ဆေးရံအုပ်များက သီးသန့်ဆွေးနွေးမည်ဟုဆိုရာ မန္တလေးဆေးရုံအုပ်ဒေါ်စုစုဒွေး နှင့် တိုင်းကျန်းမာမှ ဒေါ်သန်ူးသန်းမြင့်တို့မှ ၎င်းတို့မပါဝင်လိုဟုပြောပါသည်။
ထိုဆွေးနွေးပွဲတွင် ဆရာကြီးKMLမှ absent list မပေးနိင်ကြောင်း ဖိအားပေးလာပါကနုတ်ထွက်မည်ဖြစ်ကြောင်းပြောဟုသိရပါသည်။မတရားမှုကို ခေါင်းငုံခံပြီး တစ်သက်လုံး လိပ်ပြာမလုံတဲ့ ပညာရှိ အောက်တန်းစား ဘဝ အရောက်မခံနိုင်ပါ။အဆုံးစွန် အထိ တိုက်ပွဲဝင်သွားကြမယ် …

စစ်အာဏာလုအဖွဲ့ အရှိုက်ထိုးခံလိုက်ရသော မြို့မိ၊ မြို့ဖများ၏ ဆန့်ကျင်၊ ကန့်ကွက်၊ရှုံချမှု။

✍️ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ကျောင်းသားသမဂ္ဂများ၊ အသင်းအဖွဲ့များမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ရှုံချကြောင်း နှင့် အရပ်ဖက်ပြည်သူမနာခံရေးလှုတ်ရှားမှု Civil Disobedience Movement ပြုလုပ်မည်ဟု အသီးသီးကြေညာလိုက်ခြင်းသည် စစ်အာဏာလုအဖွဲ့ မထင်မှတ်ထားသည့်လှုတ်ရှားမှုဖြစ်သည့်အတွက် မင်းအောင်လှိုင် ကြားသိရချိန်တွင် လွန်စွာတုန်လှုတ်သွားခဲ့သည် လို့သိရှိရပါသည်။

✍️ စစ်တပ်တွင် စစ်ဆရာဝန်များရှိသော်လည်းစစ်ဆေးရုံများတွင်ပင်လည်ပတ်အောင်တာဝန်မချနိုင်ဖြစ်နေသည်ဟုသိရှိရပါသည်။ အင်ဂျင်နီယာများကျောင်းဆရာ၊ ဆရာမများကပါ ထပ်မံအားဖြည့်လိုက်သည်ကို မင်းအောင်လှိုငဟုကြားသိရချိန်တွင် ခဏငိုင်သွားကာ ဒုတပ်ချုပ် နှင့် မြထွန်းဦးတို့ကိုခေါ်ပြီးဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

✍️ စစ်အာဏာလုအဖွဲ့အား မျက်နှာဖြတ်ရိုက်လိုက်သော ဆရာဝန်များ နှင့်အဖွဲ့အစည်းစုံမှ Civil Disobedience ပြုလုပ်ခြင်းစတင်လိုက်ပြီးနောက်ပိုင်း ဆက်လက်ပါဝင်လာသူများမှာ မြို့မိ၊ မြို့ဖများဖြစ်ပါသည်။

✍️ ပြင်ဦးလွှင်မြို့မိ၊ မြို့ဖများမှ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာဆန့်ကန်ကန့်ကွက်ရှုံချကြောင်း နှင့် အရပ်ဖက်ပြည်သူမနာခံရေးလှုတ်ရှားမှုတွင်ပူးပေါင်းပါဝင်မည်ကြောင်းကြေညာလိုက််မှု နှင့်အတူမြန်မာနိုင်ငအနှံမြို့များ၊ ရွာများမှ ဒေသခံမြို့မိ၊မြို့ဖများမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၊ ကန့်ကွက်ကြောင်းနှင့် အရပ်ဖက်ပြည်သူမနာခံမှုတွင်ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း အသီးသီးကြေညာလာကြပါသည်။

✍️ အဆိုပါမြို့မိ၊မြို့ဖများ၏ ကန့်ကွက်၊ ရှုံချသည့်ကြေညာချက်များကို မင်းအောင်လှိုင်မှ ဖတ်ရှုပြီး “ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှာ သူတို့ထဲကတစ်ယောက်ကို နေရာပေးလိုက်၊ အချင်းချင်းရန်တိုက်ပေးလိုက်” ဟုညွန်ကြားလိုက်သည်ဟုသိရပါသည်။

✍️ ထိုကြောင့်ပင် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းရာတွင် ဒေသကိုယ်စားပြုသူတစ်ဦးကို အဖွဲ့ဝင်အဖြစ်ထည့်သွင်းရန်ညွန်ကြားလိုက်ကြောငး ကြေညာချက်အရသိရှိရပါသည်။

✍️ တပ်ချုပ်မင်းအောင်လှိုင်၏ ပြောဆိုချက်သည် မြို့မိ၊မြိုဖ များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကိုစော်ကားလိုက်ခြင်းဖြစ်ပါသည်။

✍️မြန်မာနိုင်ငံရှိ မြို့များအားလုံးရှိမြို့မိမြို့မများအနေဖြင့် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်၊ ကန့်ကွက်၊ ရှုံချကြောင်းနင့် အရပ်ဖက်ပြည်သူမနာခံမှု Civil Disobedience လှုတ်ရှားမှုတွင်ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်းများ အမြန်ဆုံးဆက်လက်လုပ်ဆောင်ကြရန်လွန်စွာအရေးကြီးပါသည်။

✍️ မြို့မိမြို့ဖများ၏စစ်အာဏာသိမ်မှုကိုဆန့်ကျင်ကန့်ကွက်ကြောင်းကြေညာခြင်းသည် မြန်မာနိုင်ငံမြို့ရွာအနှံသို့ ပြန့်နှံကာ စစ်အာဏာလုအဖွဲ့ဆက်လက်ရပ်တည်နိုင်ရေးကိုပင်ခြိမ်းခြောက်နိုင်စွမ်းရှိသဖြင့် ဆန့်ကျင်၊ ကန့်ကွက်၊ ရှုံချသောကြေညာချက်များ မပြန့်နှံစေရန်အတွက် လူမှုကွန်ရက်များ၊ Facebook များအသုံးမပြုနိုင်စေရန် အင်တာနက်လိုင်းဖြတ်တောက်ခြင်းကို စစ်အာဏာလုအဖွဲ့မှ ယနေ့ ပြုလုပ်လိုက်ပါသည်။

✍️ တိုက်ပွဲအစတွင်ပင် စစ်အာဏာလုအဖွဲ့ အထိနာအကြပ်ရိုက်နေပြီဖြစ်ပါသည်။ တိုက်ပွဲအရှိန်အဟုန်မြင့်တင်ရန်လိုအပ်ပါသည်။ သံပုံးတီးရှုံချသံများသည် စစ်အာဏာလုအဖွဲ့ နှင့် အပေါင်းအပါများကိုစိတ်ဓါတ်ပျက်ပြား၊ ခြောက်ခြားစေပါသည်။

✍️ မြန်မာနိုင်ငံသည်ပြည်သူများအတွက်ဖြစ်ပါသည်။ ပြညသူများသည် မြနိမာနိုင်ငံအနာဂါတ်အတွက် လိအပ်လျှက်လိုအပ်သလို ဘဝနှင့် အသက်ကို စတေးပြီးတိုက်ပွဲဝင်ရန်လိုအပ်ပါသည်။ တိုက်ပွဲအရှိန်မြင့်ရန်လိုအပ်ပါသည်။

✍️ “ ၂၀၂၁ပြည်သူ့အရေးတော်ပုံ” အောင်မြင်မည်မှာမလွှဲမသွေဖြစ်ပါသည်။

လေးစားစွာဖြင့်

မျိုးရန်နောင်သိန်း
၉၆-၉၈ ကျောင်းသားမျိုးဆက်
၄-၂-၂၀၂၁
၁၆:၀၀ နာရီ

ပြည်သူ့အရေးတော်ပုံ၂၀၂၁’

မြို့မိမြို့ဖကြေညာချက်

အရပ်ဖက်ပြည်သူမနာခံခြင်းလှုတ်ရှားမှု

လူထုအခြေခရပြုမနာခံခြင်းလှုတ်ရီားမှု

နိုင်ငံရေး၂၀၂၁

Myanmar

Burma

Civil_Disobedience

Civil_Disobedience_Movement

ဖမ်းဆီးထိန်းသိမ်းခံထားရသော ခေါင်းဆောင်များအား တရားစွဲဆိုမှု ကုလ ဝေဖန်(VOA)

Text quote
“ဖမ်းဆီးခံနေရတဲ့ မြန်မာ့ ခေါင်းဆောင်တွေကို မြန်မာ စစ်တပ် အာဏာပိုင်တွေက (အခုလို) တရားစွဲဆိုလိုက်တာဟာ တရား ဥပဒေ စိုးမိုး ရေးနဲ့ ဒီမိုကရေစီ ဖြစ်စဉ်ကို ပိုပြီး အားနည်းသွားစေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရက ဗုဒ္ဓဟူးနေ့မှာပဲ ဝေဖန် ပြောကြားလိုက်ပါတယ်”
(ဗွီအိုအေ)
https://burmese.voanews.com/embed/player/0/5764768.html?type=audio