Monthly Archives: Feb 2021

အိမ်ကိုလူအုပ်နဲ့ ဝိုင်းလာတာရှိရင် ဘယ်လိုလုပ်ရမလဲ?

အိမ်ကိုလူအုပ်နဲ့ ဝိုင်းလာတာရှိရင်(ဖမ်းဘို့လာတာ/စုံစမ်းဘို့လာတာ/အန္တရာယ်ပြုဘို့လာတာ) စသည်ဖြင့် မျိုးစုံဖြစ်နိုင်တယ်။ အခုပုံပါအတိုင်းတုန့်ပြန်ကြပါ။

အာဏာသိမ်းအဖွဲ့အစည်းနဲ့ ပတ်သက်နေရင် ရိုက်ကူးထုတ်လုပ်ပေးမှာ မဟုတ်တော့ဘူး

အာဏာသိမ်းအဖွဲ့အစည်းနှင့်ပတ်သက်သည့် မည်သည့်စီးပွားရေးလုပ်ငန်းမျိုးကိုမဆို ရုပ်ရှင်နှင့်ဗီဒီယိုကြောငြာရိုက်ကူးထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုအားလုံးကို ရပ်နားလိုက်သည်။

ရဲအရေးမပိုင်တဲ့ အမှု

ရဲအ​ရေးမပိုင်တဲ့အမှု .. ရပ်​ကျေးပုဒ်မ ( ၂၇ ) အရတဲ့ – အရက်​သောက်ပြီးမှ​တော့ မတီးနဲ့​ပေါ့​နော်

ကျွန်တော်သည် ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပါသည်။ ရဲတပ်ဖွဲ့ဝင်တိုင်းသည် နိုင်ငံရေးလုပ်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရအရေးယူခံရပါသည်။
နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်၍ဘယ်သူမှားလဲ ဘယ်သူမှန်နေလဲ ရဲတပ်ဖွဲ့ရဲ့၉၀ ရာခိုင်းနှုန်းလောက် သိကြပါတယ် သို့သော် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေကြောင့် နိုင်ငံရေး လုပ်ရန် ခက်ခဲနေကြပါသည်။
၁၉၈၈ ခုနှစ်က ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေမပေါ်သေးပါဘူး ၈၈တုန်းက ပြည်သူ့ရဲတပ်ဖွဲ့ဆန္ဒပြတာ နဲ့ ကြေးတန်းမညှိစေချင်ပါဘူး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေက၁၉၉၅ ခုနှစ်မှ ပြဌာန်းထားတာပါ။ ရဲစည်ကမ်းထိန်းသိမ်းရေးကိုဖောက်ဖျက်/ပျက်ကွက်တာနဲ့ တရားသူကြီးဆီ ရီမန်တောင်းစရာမလိုပါဘူး အချုပ်ထဲ တန်းထည့်တာပါ။ နောက်တော့မှ မြို့နယ်မှူးချုပ်မိန့်က ၁ ရက် ခရိုင်မှူးချုပ်မိန့်က ၇ ရက် တိုင်းမှူးချုပ်မိန့်က ၁ လ ဘုမသိ ဘမသိနဲ့ စုံခုံတွေ သက်ချုပ်တွေ ရဲတရားရုံးတွေ ဖြစ်တော့တာပါပဲ။

အဲ့ဒိတော့.
ရဲတပ်ဖွဲ့ဝင်တိုင်းသည် နိုင်ငံရေးလုပ်ပြီး အချုပ်ထဲ ဝင်တာထက် ဥပဒေကို အမှန်တိုင်းရပ်တည်ပေးရင် ပြည်သူကို ကူညီရာ ကာကွယ်ရာရောက်ပါတယ် ဆိုလိုချင်တာက –
ဥပမာ- သံပုံးတီးတဲ့သူတွေကိုဖမ်းခိုင်းရင် ဘယ်ပုဒ်မနဲ့ ဖမ်းမှာလဲ ဘယ်ကျင့်ထုံးနဲ့ဖမ်းမှာလဲ ရဲတပ်ဖွဲ့ဝင်တိုင်းသိဖို့လိုတယ်။
ဖမ်းခိုင်းတယ်ဆိုပါစို့ မဖမ်းနိုင်ပါဘူးလို့ငြင်းရပါမယ် ဘာလို့မဖမ်းနိုင်တာလဲမေးရင် ရဲအရေးမပိုင်လို့ပါ ရပ်ကွက်အတွင်း သို့မဟုတ် ကျေးရွာအတွင်း အသံဆူညံမှုပြုလုပ်လျှင် ရပ်ကျေးဥပဒေပုဒ်မ ၂၇ အရအရေးယူရပါတယ် ရဲအရေးမပိုင်ပါဘူး ရဲက လုံးဝ ဖမ်းခွင့်မရှိပါဘူး အုပ်ချုပ်ရေးမှူးက တရားလိုအဖြစ် တိုင်တန်းမှသာ တရားရုံးဉီးတိုက်လျှောက်ရပါတယ်။ တရားသူကြီးက ဖမ်းဝရမ်းထုတ်ပေးမှသာ ရဲက ဖမ်းပိုင်ခွင့်ရှိပါတယ် တရားသူကြီးက ငွေဒဏ်ပဲချမှတ်နိုင်ပါတယ် ငွေမဆောင်နိုင်မှ ထောင်ဒဏ် ၇ ရက်ချရပါတယ်ဆိုတော့ –

အဲ့လိုမျိုးဥပ​ဒေကို အမှန်တိုင်းရပ်တည်ပေးမယ်ဆိုရင်ပြည်သူကို ကူညီကာကွယ်ပေးရာ ရောက်ပါတယ်ရဲတပ်ဖွဲ့ဝင်တိုင်းဥပဒေနဲ့အညီ အမှန်တိုင်းရပ်တည်၍ ပြည်သူကို ကူညီရာလည်းရောက် ……………. အိုက်ကွက်လပ်က ပြောချင်တဲ့စကားကို ပြည်သူတွေသိတယ်။

မှတ်ချက်
(တချို့စခန်းတွေမှာ သံပုံးတီးတဲ့သူတွေကို ဖမ်းပြီး တိုင်စာထဲမှာကျ အများသူငှာ သွားလာရာလမ်းတွင် အရက်မူးပြီး သံပုံးတီးနေသဖြင့် အများသူငှာစိတ်ငြိုငြင်၍ ဆိုသော လိမ်လည်စွဲချက်ဖြင့် ရဲအက် ၄၇ နဲ့ဖမ်းပြီး ထောင်ချကြပါတယ်) ရဲအက်၄၇ သည် ရဲအရေးပိုင်သည်။ ရဲအရေးပိုင်လျှင် ရဲက ဝရမ်းမပါဘဲ ဖမ်းခွင့်ရှိသည်။ အရေးကြုံလျှင် မိမိကို ဘာနဲ့ဖမ်းသလဲ မေးကြပါ ရဲအရေးပိုင်သလားမေးပါ ရဲအရေးမပိုင်ရင် ဖမ်းဝရမ်းပြခိုင်းပါ။

စည်းထဲကနေ ရပ်တည်မည်
ဥပဒေအတိုင်း ရပ်တည်မည်
ဒါပဲ

စစ်အစိုးရကို ဆန့်ကျင်သည့် ကျောင်းသား ၄ ဦး ရုံးထုတ် (RFA)

အာဏာသိမ်း စစ်အစိုးရ အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသား လေးဦးကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ အမှုဖွင့်ထားတာပါ။

ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည် ဆန္ဒပြတဲ့အတွက် တရားစွဲဆိုထားတာဖြစ်တယ်လို့ ချမ်းအေးသာစံ မြို့နယ်က တရားရုံးပြန်ကြားရေး အရာရှိ ဦးကျော်မျိုးဝင်း က ပြောပါတယ်။

အဲဒီအဖွဲ့ဟာ မန္တလေးမြို့ လမ်း ၃၀၊ ဆေးတက္ကသိုလ်ရှေ့မှာ လူအင်အား ၂၀ ကျော်နဲ့ မနေ့က ဆန္ဒပြခဲ့တာ ဖြစ်ပြီး ဆန္ဒပြပွဲအပြီးမှာ အရပ်ဝတ်ရဲတွေက လိုက်ဖမ်းခဲ့တာပါ။

“ဆန္ဒပြတာချင်းတူတူ စစ်တပ်ကို ထောက်ခံတဲ့သူတွေကို မဖမ်းဘဲ ကန့်ကွက်တဲ့သူတွေကိုပဲ ဖမ်းတဲ့အပေါ် မေးခွန်းထုတ်ချင်တယ်” လို့ မန္တလေးတိုင်းဒေသကြီး လူငယ်အစည်းအရုံးက ကိုဇင်လှိုင်ထက်က ပြောပါတယ်။

“ကျွန်တော်တို့ သဘောကျတဲ့အစိုးရကို တင်ထားပြီးဖြစ်တယ်။ သဘောမကျတဲ့ စစ်အစိုးရက အာဏာ သိမ်းတဲ့အပေါ် အခုလို ဆန္ဒထုတ်ဖော်တာကို လက်ခံတယ်၊ ဒီလိုလှုပ်ရှားမှုမှာ ကရင်လူငယ်တစ်ယောက် အဖြစ် ပါဝင်ခဲ့တဲ့အတွက် ဂုဏ်ယူတယ်” လို့ အထက်မြန်မာပြည် ကရင်လူငယ်အဖွဲ့က စောသန့်ဇော်က ပြောပါတယ်။

“ဒီမိုကရေစီ စံနှုန်းအရ ပြည်သူမှာပဲ အာဏာရှိတယ်။ ပြည်သူအားလုံး ပါဝင်ကြပါလို့ ပြောချင်တယ်။”

ဖမ်းခံရသူတွေဟာ ကိုစောဥက္ကာမင်း (နိုင်ငံခြားဘာသာတက္ကသိုလ် ၊မန္တလေး)၊ ကိုမင်းညီညီကွန်း (ရတနာပုံတက္ကသိုလ်)၊ ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင် တို့ဖြစ်ပါတယ်။

ရုံးထုတ်အပြီးမှာတော့ ဖမ်းဆီးခံထားရသူတွေဟာ မတရားမှုကို အလိုမရှိ၊ အာဏာရှင်ကို တုံ့ပြန်ကြဆိုပြီး ကြွေးကြော်ခဲ့ကြပါတယ်။

ဒီအမှုကို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ရှေ့နေတွေက အခမဲ့ လိုက်ပါဆောင်ရွက်ပေးကြတာပါ။

“မတရားမှုကို ရင်ထဲ အသည်းထဲက လုံးဝလက်မခံနိုင်ဘူး၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တဲ့ ဘယ်သူပဲ ဖြစ်နေနေ ရပ်တည်ဆောင်ရွက်သွားမယ်” လို့အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွတ်တော်ရှေ့နေ ဦးဝင်းဇော်ဦးက ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၈ ရက်နေ့ကို ပြန်လည်ရုံးချိန်းဆိုထားတယ်လို့ သိရပါတယ်။

ငြိမ်းစုစီ ဥပဒေပုဒ်မဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ လ ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မကတော့ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်ပါတယ်။

အများပြည်သူ ရောထွေးနေသော အရာ ၂ ခု

ရောထွေးနေတဲ့ အရာနှစ်ခုရှိပါတယ်။

Red ribbon challenge( ဖဲကြိုးနီ ) နဲ့ Civil Disobedience movement ကိုတူညီသယောင်အားပေးလာတာမျိုးတွေရှိပါတယ်။

ထပ်ပြောပါမယ်။

Red Ribbon Challenge သည် ဆန္ဒပြတာဖြစ်ပြီး

Civil disobedience သည် အာဏာဖီဆန်တာပါ။

နေ့တိုင်းပြောပါမယ် ဖဲကြိုးတပ်ပြလည်း ဖဲကြိုးသာပြတ်မယ် အဲ့ကောင်တွေ မဆင်းပါဘူး။

Civil disobedience နဲ့ အလုပ်တွေ မဆင်းတာမှ သူတို့အာဏာ ဖြိုနိုင်မှာပါ။ အစိုးရယန္တရားကြီး ရပ်သွားမှာပါ။

Red ribbon သည် Civil Disobedience လောက်အားမပြင်းပါ။ Civil Disobedience ကို ပိုမိုအားကောင်းလာအောင် လုပ်ပေးရပါမယ်။

မရှဲပါနဲ့ တင်ချင်ရင် Copy ကူးတင်ပေးပါ

တပ်မတော်တစ်ရပ်လုံးကို ပြည်သူလူထုနဲ့ ပိုပြီးဝေးကွာသွားအောင် လုပ်နေကြတာ ဘယ်သူတွေလဲ?

မင်းအောင်လှိုင်နဲ့ သူ့နောက်လိုက်တွေရဲ့ လုပ်ရပ်တွေက တပ်မတော်တစ်ရပ်လုံးကို ပြည်သူလူထုနဲ့ ပိုပြီးဝေးကွာသွားစေကြောင်း ဒီနေ့ ပြည်သူလူထု CDM လှုပ်ရှားမှုတွေက သက်သေပြနေပြီ။
ပြည်သူလူထုက မင်းအောင်လှိုင်နဲ့ သူ့ရဲ့ နောက်လိုက်တွေကို မကျေနပ်ကြတာ၊ ကန့်ကွက် ဆန္ဒပြနေကြတာ၊ ညတိုင်း ၈ နာရီမှာ တောထုတ်နေကြတာဖြစ်ပြီး တပ်မတော်ကြီးတစ်ရပ်လုံးကိုသွေးကွဲစေလိုတဲ့ဆန္ဒနဲ့ လုပ်နေကြတာ မဟုတ်ဘူးဆိုတာလဲ မင်းအောင်လှိုင် စစ်အုပ်စုက နားလည်သဘောပေါက်ကြဘို့ ကောင်းပြီ။
ဒီလိုအခြေအနေမှာတောင်မှ နားမလည်နိုင်သေးဘဲ ဆက်ပြီးတင်းခံနေဉီးမယ်ဆိုရင် –
မင်းတို့ နာတာ မနာတာ ငါတို့ဂရုမစိုက်ဘူး၊ ပြည်သူလူထုအတွက် ကျန်းမာရေး၊ စီးပွားရေးနဲ့ အနာဂတ်အရေးတွေ တဖြည်းဖြည်းမှေးမှိန်လာမယ်ဆိုတာကို မင်းတို့ နားလည်ကြဘို့ကောင်းတယ်။
လူ ဆိုရင် နားလည်ကြမှာမှန်ပေမဲ့ တိရိစ္ဆာန်တွေလောက်တောင် မေတ္တာစိတ်မရှိဘဲ ကိုယ်ကျိုးအတ္တကြီးမားတဲ့ မင်းတို့က နားလည်နိုင်ကြမှာမဟုတ်ဘူးဆိုတာလဲ ပြည်သူတွေက သိနေကြပြီ
ငါတို့အားလုံး ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအင်အား၊ နိုင်ငံ့ဝန်ထမ်းတွေအင်အားနဲ့ ပြည်သူလူထုအပေါ် မေတ္တာစိတ်ထားကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အင်အားနဲ့ဘဲ မင်းတို့ကို ဆက်ပြီး ဆန့်ကျင်သွားကြမှာဖြစ်တယ်

အာဏာရှင်စံနစ် အမြန်ဆုံး ကျဆုံးပါစေ။

« Older Entries