Monthly Archives: Feb 2021

မြန်မာစစ်တပ်ကို ဒဏ်ခတ်မယ့်အစီအ စဉ် သမ္မတ ဘိုင်ဒင် လွှတ်တော်ကိုအကြောင်းကြား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန်အရေးယူဖို့ သမ္မတအမိန့် ထုတ်ပြန်လိုက်တဲ့အကြောင်း လွှတ်တော် ၂ ရပ်က တာဝန်ရှိသူတွေကို သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) က အကြောင်းကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ကြီးမားတဲ့ ခြိမ်းခြောက်မှုအဖြစ် သမ္မတက အမိန့်ထုတ်ပြန်ပြီး အာဏာသိမ်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူသွားမယ်လို့ သမ္မတ ဘိုင်ဒင် က အထက်နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌတွေဆီ ဒီနေ့ပဲ စာပေးပို့ အကြောင်းကြားလိုက်တာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ် အရေးယူဒဏ်ခတ်မယ့်အစီအစဉ် သမ္မတ ဘိုင်ဒင် ကိုယ်တိုင် မနေ့က ကြေညာရာမှာ – မြန်မာအစိုးရပိုင် ဒေါ်လာ သန်း ၁ ထောင်ကို စစ်ခေါင်းဆောင်တွေ မတရား မယူနိုင်အောင် ထိန်းချုပ်မှာဖြစ်ကြောင်းနဲ့ အရေးယူဒဏ်ခတ်မယ့် စာရင်းကိုလည်း ဒီတပတ်ထဲ ထုတ်ပြန်မယ်လို့ ပြောဆိုထားပါတယ်။

ဆေး၁၊ ဆေး၂ ကျောင်းသားများ ICCကို စာပို့တိုင်ပြီ။

ရန်ကုန်၊ဖေဖော်ဝါရီ၁၁ရက်

အာဏာသိမ်းစစ်ကောင်‌စီ၏ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုများကို International Criminal Court (ICC) သို့ ဆေး၁၊ဆေး၂ ကျောင်းသားများက အထောက်အထားများနှင့်တကွ ပေးပို့ လိုက်ပြီဖြစ်သည်။နေပြည်တော်မှ မမြတ်သွယ်သွယ်ခိုင်၏ ပစ်ခတ်ခံရမှု အပါအဝင် အာဏာသိမ်းစစ်ကောင်‌စီ၏ ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းမှုများကို International Criminal Court (ICC) သို့ အထောက်အထားများနှင့်တကွ ပေးပို့ခြင်းကို ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ နှင့် ဆေးတက္ကသိုလ် – ၂ ကျောင်းသားများသမဂ္ဂမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

Myanmar Harp

gereration z ရဲ့နောက်တစ်ကွက်

အင်တာနက်လိုင်းများဖြတ်တောက်မည်ဆိုပါက တရုတ်ပြည်နယ်သိုသွယ်တန်းထားသောဓာတ်ငွေ့လိုင်းများမီးရှို့မည်ဟု ဓာတ်လိုင်းတစ်လျှောက်တွင်နေသော လူငယ်များပြော…

If the Myanmar military cuts off the Internet again, young people living along the pipeline say: they will burn the natural gas pipeline to China.

如果缅甸军方再次切断互联网络线,沿着管道生活的年轻人们说:他们将会把通往中国的天然气管道燃烧掉。

စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီးခံထားရသူများစာရင်း

၁။ ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်အတိုင်ပင်ခံ)
၂။ ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ)
၃။ ဦးဟင်နရီဗန်ထီးယူ (ဒု-သမ္မတ ၂)
၄။ ဦးတီခွန်မြတ် (ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ)
၅။ မန်းဝင်းခိုင်သန်း (အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ)
၆။ ဦးထွန်းထွန်းဟိန် (ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ၊ NLD ဗဟိုအလုပ်အမှုဆောင်)
၇။ ဦးအေးသာအောင် (အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၈။ ဦးလှသိန်း (ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ)
၉။ ဦးသန်းမြင့် (စီးပွားကူးသန်းဝန်ကြီး)
၁၀။ ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီး)
၁၁။ ဒေါက်တာအောင်သူ (လယ်/ဆယ်ဝန်ကြီး)
၁၂။ ဒေါက်တာဝင်းမြတ်အေး (လူ/ကယ်/ပြန်ဝန်ကြီး)
၁၃။ ဦးသန့်စင်မောင် (ပို့ဆက်ဝန်ကြီး)
၁၄။ ဒေါက်တာ မျိုးသိမ်းကြီး (ပညာရေးဝန်ကြီး)
၁၅။ ဦးဖေမြင့် ( ပြန်ကြားရေးဝန်ကြီး)
၁၆။ ဒေါက်တာ မျိုးအောင် (နေပြည်တော်ကောင်စီဥက္ကဋ္ဌ)
၁၇။ ဒေါက်တာ ဇော်မြင့်မောင် (မန္တလေးတိုင်းဝန်ကြီးချုပ်)
၁၈။ ဒေါက်တာ အောင်မိုးညို (မကွေးတိုင်းဝန်ကြီးချုပ်)
၁၉။ ဒေါက်တာ မြင့်နိုင် (စစ်ကိုင်းတိုင်းဝန်ကြီးချုပ်)
၂၀။ ဦးဖြိုးမင်းသိန်း (ရန်ကုန်တိုင်းဝန်ကြီးချုပ်)
၂၁။ ဒေါ်နန်းခင်ထွေးမြင့် (ကရင်ပြည်နယ်ဝန်ကြီးချုပ်)
၂၂။ ဒေါက်တာ အေးဇံ (မွန်ပြည်နယ်ဝန်ကြီးချုပ်)
၂၃။ ဦးဝင်းသိန်း (ပဲခူးတိုင်းဝန်ကြီးချုပ်)
၂၄။ ဒေါက်တာ ခက်အောင် (ကချင်ပြည်နယ်ဝန်ကြီးချုပ်)
၂၅။ ဦးဘော့စ်ကို (ကယားပြည်နယ် ဝန်ကြီးချုပ်)
၂၆။ ဒေါက်တာ လင်းထွဋ် (ရှမ်းပြည်နယ်ဝန်ကြီးချုပ်)
၂၇။ ဦးညီပု (ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)
၂၈။ ဆလိုင်းလျန်လွယ် (ချင်းပြည်နယ်ဝန်ကြီးချုပ်)
၂၉။ ဦးလှမိုးအောင် (ဧရာဝတီတိုင်းဝန်ကြီးချုပ်)
၃၀။ ဦးမြင့်မောင် (တနင်္သာရီတိုင်းဝန်ကြီးချုပ်)
၃၁။ ဦးတင်မောင်ထွန်း (ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌ)
၃၂။ ဦးလင်းနိုင်မြင့် (ရန်ကုန်တိုင်းလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၃၃။ ဦးရဲမင်းဦး (ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး)
၃၄။ ဒေါ်နီလာကျော် (ရန်ကုန်တိုင်း ဆောက်လုပ်ရေးဝန်ကြီး)
၃၅။ နော်ပန်းသဉ္ဇာမျိုး (ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး)
၃၆။ ဦးနိုင်ငံလင်း (ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး)
၃၇။ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
၃၈။ ဦးသန်းဝင်း (ပဲခူးတိုင်း စက်မှု/လျှပ်စစ်/လမ်းပန်းဝန်ကြီး)
၃၉။ ဦးညွန့်ရွှေ (ပဲခူးတိုင်း စီမံဘဏ္ဍာဝန်ကြီး)
၄၀။ ဒေါက်တာစောညိုဝင်း (ပဲခူးတိုင်း သယံဇာတ/ပတ်ဝန်းကျင်ဝန်ကြီး)
၄၁။
၄၂။ နော်ပွယ်ဆေး (ပဲခူးတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)
၄၃။ ဒေါ်ရီရီချို (တနင်္သာရီတိုင်း စီမံဘဏ္ဍာဝန်ကြီး)
၄၄။ ဦးစိုးညွန့်လွင် (ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး)
၄၅။ စိုင်းသျှံတစ်လုံ (ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး)
၄၆။ ဦးဝေလင်း (ကချင်ပြည်နယ်အစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီး)
၄၇။ ဦးအာတီယောဟန် (လီဆူတိုင်းရင်းသားရေးရာဝန်ကြီး)
၄၈။ ဦးဒါရှီလဆိုင်း (ကချင်ပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတဝန်ကြီး)
၄၉။ ဦးဝင်းညွန့် (ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး)
၅၀။ ဦးနော်လီ (ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး)
၅၁။ ဦးနေဝင်း (ကချင်ပြည်နယ် လူမှုရေးဝန်ကြီး)
၅၂။ ဦးကျော်ကျော်ဝင်း (ကချင်ပြည်နယ် လယ်/ဆည်ဝန်ကြီး)
၅၃။ ဦးဇော်ဝင်း (ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
၅၄။ ဦးမော် (ကယားပြည်နယ်၊ စီမံကိန်းနှင့်ဘဏ္ဏာရေးဝန်ကြီး)
၅၅။ ဦးဇိုဘွဲ့ (ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)
၅၆။ ဦးစိုးထက် (ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး)
၅၇။ ဒေါက်တာထိန်လင်း (မွန်ပြည်နယ် လူမှုရေးဝန်ကြီး)
၅၈။ ဦးရွှေမြင့် (မွန်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး)
၅၉။ ဒေါက်တာမင်းကြည်ဝင်း (မွန်ပြည်နယ် သယံဇာတ/ပတ်ဝန်းကျင်ဝန်ကြီး)
၆၀။ ဦးချမ်းသာ (ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး)
၆၁။ ဦးအောင်ကျော်ဇံ (ရခိုင်ပြည်နယ် လျှပ်စစ်စက်မှုဝန်ကြီး)
၆၂။ ဦးကျော်အေးသိန်း (ရခိုင်ပြည်နယ် ဘဏ္ဍာအခွန်ဝန်ကြီး)
၆၃။ ဦးကျော်လွင် (ရခိုင်ပြည်နယ် စိုက်ပျိုးမွေးမြူ/သစ်တောသတ္တုတွင်းဝန်ကြီး)
၆၄။ ဦးပုန်ဘွေ (ရခိုင်ပြည်နယ် ချင်းရေးရာဝန်ကြီး)
၆၅။ ဦးဝင်းဌေး (ဧရာဝတီတိုင်း လျှပ်စစ်စွမ်းအင်/လမ်းပန်းစက်မှုဝန်ကြီး)
၆၆။ ဦးဌေးဝင်း (ဧရာဝတီတိုင်း စီမံဘဏ္ဍာဝန်ကြီး)
၆၇။ ဦးတင်အောင်ဝင်း (ဧရာဝတီတိုင်း စိုက်ပျိုးမွေးမြူဝန်ကြီး)
၆၈။ ဦးကျော်မြင့် (ဧရာဝတီတိုင်း စည်ပင်ဝန်ကြီး)
၆၉။ ဒေါက်တာလှမြတ်သွေး (ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး)
၇၀။ ဒေါက်တာစိုးဝင်း (ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီး)
၇၁။ ဂါ့မိုးမြတ်မြတ်သူ (ဧရာဝတီတိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး)
၇၂။ ဦးဘိုဘိုငယ် (ဗဟိုဘဏ် ဒု-ဉက္ကဋ္ဌ)
၇၃။ ဦးဝင်းထိန် (NLD နာယက)
၇၄။ ဦးဉာဏ်ဝင်း (NLD ဗဟိုအလုပ်အမှုဆောင်)
၇၅။ ဦးဟံသာမြင့် (NLD ဗဟိုအလုပ်အမှုဆောင်)
၇၆။ ဒေါက်တာ မျိုးညွန့် (NLD ဗဟိုအလုပ်အမှုဆောင်)
၇၇။ ဦးသိန်းဦး ( NLD ဗဟိုအလုပ်အမှုဆောင်)
၇၈။ မုံရွာအောင်ရှင် (NLD ပြန်ကြားရေးအဖွဲ့ဝင်)
၇၉။ ဒေါက်တာ တင်မျိုးဝင်း (NLD)
၈၀။ ဦးသောဘိတ (အလင်္ကာကြယ်)
၈၁။ အရှင်ပညာသီဟ (ရွှေညဝါဆရာတော်)
၈၂။ ဦးအရိယာဝံသာဘိဝံသ (မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော်)
၈၃။ ကိုမြအေး (၈၈ မျိုးဆက်)
၈၄။ မင်းသွေးသစ် ( ဗကသများအဖွဲ့ချုပ်အမှုဆောင်ဟောင်း)
၈၅။ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)
၈၆။ မောင်သာချို (စာရေးဆရာ)
၈၇။ သရဝဏ်-ပြည် (စာ‌ရေးဆရာ)
၈၈။ ဦးဘုန်း (ဓာတု) (စာရေးဆရာ)
၈၉။ မင်းထင်ကိုကိုကြီး (ဒါရိုက်တာ)
၉၀။ စောဖိုးခွား (အဆိုတော်)
၉၁။ ဆီဆိုင်​ရွေး​ကော် ဥက္ကဌ
၉၂။ ဦးထင်လင်းဦး (စာရေးဆရာ)
၉၃။ ဦးဇော်လွင် (မြစ်ကြီးနားမြို့နယ် NLD)
၉၄။ ဦးသောင်းဌေး (ကယားပြည်နယ် NLD ဥက္ကဋ္ဌ)
၉၅။ ဦးစိုင်းယု (ကယား)
၉၆။ ဦးဒိန်ခန်ဖုန် (ကချင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ)
၉၇။ ဦးမြသိန်း (ကချင်ပြည်နယ် NLD ဥက္ကဋ္ဌ)
၉၈။ ဦးမျိုးကျော် (မိုးညှင်း ပြည်နယ် – ၂)
၉၉။ ဦးကြည် (မိုးညှင်းမြို့နယ် NLD ဒုဥက္ကဋ္ဌ)
၁၀၀။ ဦးဝင်းဇော် (မိုးညှင်း အမျိုးသားဟောင်း)
၁၀၁။ ဦးလှဆောင် (မိုးညှင်းခရိုင် NLD အဖွဲ့ဝင်)
၁၀၂။ ဦးတင်အောင် (မိုးညှင်းခရိုင် NLD အတွင်းရေးမှူး)
၁၀၃။ ဦးခင်မောင်ထွန်း (မိုးညှင်းမြို့နယ် NLD ပါတီဝင်)
၁၀၄။ ဦးလှကြည် (မိုးကောင်းမြို့နယ် NLD ဒုဥက္ကဋ္ဌ)
၁၀၅။ ဦးခီဇာမော် (ပူတာအိုမြို့နယ် NLD ဒုဥက္ကဋ္ဌ)
၁၀၆။ ဦးထွန်းဖေ (ပူတာအိုမြို့နယ် NLD အတွင်းရေးမှူး)
၁၀၇။ ဦးမလောင်ဒီဆား (နောင်မွန်မြို့နယ် NLD ဒုဥက္ကဋ္ဌ)
၁၀၈။ ဦးမလောင်ဒီး (NLD မြို့နယ်အောင်နိုင်ရေး ဥက္ကဋ္ဌ)
၁၀၉။ ဦးမလောင်အောင်ရမ် (‌ရွေးချယ်ခံ NLD ပြည်နယ်ကိုယ်စားလှယ်)
၁၁၀။ နောင်မွန်မြို့နယ် ကော်မရှင်အဖွဲ့ဝင် (၂) ဦး
၁၁၁။ ဦးနောင်နဂျာတန် (တနိုင်းမြို့နယ် NLD ဥက္ကဋ္ဌ)
၁၁၂။ ဦးဇုန်းယိန်း (တနိုင်းမြို့နယ် NLD လူငယ်တာဝန်ခံ)
၁၁၃။ ဦးစောမင်းအောင် (တနိုင်းမြို့နယ် NLD ဘဏ္ဍာ‌ရေးမှူး)
၁၁၄။ ဦးမိုဟန်ဆင်း (ဝိုင်းမော်မြို့နယ် NLD ဥက္ကဋ္ဌ)
၁၁၅။ ဦးချစ်ဆွေ (ဝိုင်းမော်မြို့နယ် NLD ပါတီဝင်)
၁၁၆။ ဦးသိန်းဟန် ( (ဖားကန့်မြို့နယ် NLD ဥက္ကဋ္ဌ)
၁၁၇။ ဦးတင်စိုး (ဖားကန့်မြို့နယ် NLD ဒုဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
၁၁၈။ ဦးဇာနည်မင်း (ရွှေကူမြို့နယ် NLD အမှုဆောင်)
၁၁၉။ ဦးနေလင်းအောင် (ရွှေကူမြို့နယ် NLD တွဲဘက်အတွင်းရေးမှူး)
၁၂၀။ ဦးမြင့်စိုးချစ် (ရွှေကူမြို့နယ် NLD အတွင်းရေးမှူး)
၁၂၁။ ဦးကျော် (ရွှေကူမြို့နယ် NLD ဒု-ဥက္ကဋ္ဌ)
၁၂၂။ ဦးအေးကိုကို (ရွှေကူမြို့နယ် NLD ဘဏ္ဍာရေးမှူး)
၁၂၃။ ဦးတန်ဆိုင်း (ဆွမ်ဘရာဘွမ်မြို့နယ် NLD ဒု-ဥက္ကဋ္ဌ)
၁၂၄။ ဦးလရော် (ဆွမ်ဘရာဘွမ်မြို့နယ် NLD)
၁၂၅။ ဦးမင်းမင်း (မံစီမြို့နယ် NLD ဥက္ကဋ္ဌ)
၁၂၆။ ဦးလဇွန် (မံစီမြို့နယ် NLD ဒု- ဥက္ကဋ္ဌ)
၁၂၇။ ဦးရန်မျိုးအောင် (မံစီမြို့နယ် တွဲမှူး)
၁၂၈။ ဦးကရိုးတူးအောင် (မချမ်းဘောမြို့နယ် NLD အတွင်းရေးမှူးဟောင်း)
၁၂၉။ ဦးငဒမ်းထင် (မချမ်းဘောမြို့နယ် NLD ဥက္ကဋ္ဌ)
၁၃၀။ မချမ်းဘော ကော်မရှင်အဖွဲ့ဝင်များ
၁၃၁။ ဦးသောင်းဌေး (ကယားပြည်နယ် NLD ဉက္ကဋ္ဌ)
၁၃၂။ ဦးအယ်ဖောင်းရှို (ပြည်နယ် ဝန်ကြီးချုပ်ဟောင်း)
၁၃၃။ ဦးတင်မြင့် (ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)
၁၃၄။ စောချစ်ခင် (ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)
၁၃၅။ ဒေါ်နန်းသူဇာခင် (ကရင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ)
၁၃၆။ ဉီးသန်းလွင် (ဘုရားသုံးဆူမြို့နယ် NLD ဥက္ကဋ္ဌ)
၁၃၇။ ဦးသန်း (စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ)
၁၃၈။ ဦးဘိုးသန်းညွန့် (စစ်ကိုင်းတိုင်းလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၁၃၉။ ဦးခင်မောင်ရင် (ပဲခူးတိုင်းလွှတ်တော် ဥက္ကဋ္ဌ)
၁၄၀။ ဦးကြည်ဇင် (ပဲခူးတိုင်းလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၁၄၁။ ဦးသိန်းတန် (ပဲခူးတိုင်း NLD ဉက္ကဋ္ဌ)
၁၄၂။ ဦးအေးဖေ (ပြည်ခရိုင် NLD ဥက္ကဋ္ဌ)
၁၄၃။ ဦး​ဇော်ဝင်း (​ဒေးဒရဲ​ရွေး​ကော်ဥက္ကဌ)
၁၄၄။ ဒေါက်တာကျော်ကျော် (ရေတာရှည်မြို့နယ် NLD လွှတ်တော်အမတ်)
၁၄၅။ ဦးတာ (မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ)
၁၄၆။ ဦးဇော်မျိုးဝင်း (မကွေးတိုင်းလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၁၄၇။ ဦးအောင်ကျော်ဦး (မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ)
၁၄၈။ ဦးခင်မောင်ဌေး (မန္တလေးတိုင်းလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၁၄၉။ ဦးတင်ကိုကို (မန္တလေးတိုင်း NLD အတွင်းရေးမှူး)
၁၅၀။ ဦးအေးသိန်း (မန္တလေးတိုင်း NLD အမှုဆောင်)
၁၅၁။ ဦးတင်ထွဋ်ဦး (မန္တလေးတိုင်း NLD အမှုဆောင်)
၁၅၂ ဒေါ်တင်အိ (မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)
၁၅၃။ ဒေါက်တာ အောင်နိုင်ဦး (မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ)
၁၅၄။ ဦးခင်မောင်အေး (တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဋ္ဌ)
၁၅၅။ ဦးစံကျော်လှ (ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ)
၁၅၆။ ဦးမောင်မောင်စိန် (ရှမ်းပြည်နယ် NLD အတွင်းရေးမှူး)
၁၅၇။ ဦးစိုင်းသောင်းထိုက် (လွိုင်လင်မြို့နယ် NLD ကိုယ်စားလှယ်လောင်း)
၁၅၈။ ဦးအောင်ကျော်ခိုင် (ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဋ္ဌ)
၁၅၉။ ဦးစန်းထွေး (ဧရာဝတီတိုင်းလွှတ်တော် ဒု-ဥက္ကဋ္ဌ)
၁၆၀။ မဇူးဇူးဇံ (ကယားပြည်နယ် ကျောင်းသားသမဂ္ဂ)
၁၆၁။ ကိုအောင်မျိုးကို (မန္တလေးပညာရေးကောလိပ် ကျောင်းသားသမဂ္ဂဥက္ကဌ)
၁၆၂။ ကိုထူးခန့်သော် (ABFSU အထွေထွေအတွင်းရေးမှူး)
၁၆၃။ ဦးမောင်ကြီး (UNDP ဥက္ကဌ)
၁၆၄။ ကိုသာထက်အောင် (ပခုက္ကူနည်းပညာတက္ကသိုလ် သမဂ္ဂဥက္ကဌဟောင်း)
၁၆၅။ ကိုဝေဖြိုးဟိန်း (ပခုက္ကူတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တွဲ/မှူး-၂)
၁၆၆။ ကိုနွေမိုးဆောင်း (မြဝတီမြို့)
၁၆၇။ မခင်ထိပ်ထားလှိုင် (မာန်အောင်မြို့)
၁၆၈။ ကိုဟန်မင်းစိုး (မာန်အောင်မြို့)
၁၆၉။ မအေးမိမိခိုင် (မာန်အောင်မြို့)
၁၇၀။ Sean Turnell (ဩစတြေးလျ စီးပွားရေးပညာရှင်)
၁၇၁။ ဒေါက်တာရဲလွင် (မန္တလေးမြို့တော်ဝန်)
၁၇၂။ ဦးကျော်ဇေယျ (မန္တလေးစည်ပင်ကော်မတီဝင်ဟောင်း)
၁၇၃။ သံ​တောင်​ရွေး​ကော်ဥက္ကဌ
၁၇၄။ သံ​တောင်​ရွေး​ကော်အတွင်း​ရေးမှူး
၁၇၅။ မလိုင်​ရွေး​ကော် ဥက္ကဌ
၁၇၆။ ဒက္ခိဏ ​ရွေး​ကော်ဥက္ကဌ
၁၇၈။ ပဲခူးတိုင်း ခရိုင်​ရွေး​ကော်ဥက္ကဌ
၁၇၉။ ​ဒေါ်ခင်​ဌေးကြွယ်
၁၈၀။ မာန်​အောင်​ရွေး​ကော်ဥက္ကဌ
၁၈၁။ ​ဒေါက်တာ​ဇော်​ဝေစိုး (​ပါ​ချုပ်​ကော်မတီ ဥက္ကဌ)

CDM လုပ်နေတဲ့ ဝန်ထမ်းကို ခဏလိုက်ခဲ့ပါလို့ တပ်က လာခေါ်ရင် ….

  • ဗီဒီယိုရိုက်ပါ။ တခါတည်း လိုက်ဖ်လွှင့်ထား​ကြောင်း​ပြောပါ။

    မေးခွန်းတခုထဲ​မေးပါ။
  • “ဗိုလ်မှူးတို့က လိုက်ခဲ့ပါလို့ ခေါ်တိုင်းလိုက်ရ​အောင် ၂၀၀၈ ဖွဲ့စည်းပုံ ​ခြေဥက ပျက်သွားပြီလား ဖြေပါ ဗိုလ်မှူး? ဗိုလ်မှူးဘက်က ဟုတ်ကဲ့ ကျွန်​တော်တို့ အာဏာရယူပြီးကတည်းက ဖွဲ့စည်းပုံပျက်ပါပြီ အခုစစ်အုပ်ချုပ်​ရေးပါလို့​သာပြောပါ။ ကျွန်မ လိုက်ခဲ့ပါမယ်။ အခုလိုက်ဖ်လွှင့်ထားတာပါလို့။
  • အဲ…မပျက်​သေးပါဘူး ကျ​နော်တို့က ၂၀၀၈အ​ခြေခံ ဥပ​ဒေ အရလုပ်​နေတာပါဆိုရင်​တော့..
    • ၂၀၁၃ နိုင်ငံ့ဝန်ထမ်းဥပ​ဒေ အပိုဒ်ခွဲ (၃၈)အရ ကျွန်မ လိုက်ဖို့ရာ တရားရုံး ဆင့်​ခေါ်စာ ပါရပါမယ်၊
    • ရဲ ပါရမယ်၊
    • အုပ်ချုပ်​ရေးမှူးပါရမယ်၊
    • အိမ်ကိုရှာချင်ရင် ထပ်ပြီးရှာခွင့် တရားရုံးစာ ပါရပါမယ်။ မပါရင်ပြန်ပါ မပြန်ရင် ပိုက်နက်ကျူး​ကျော်မှု​မြောက်ပါတယ်။
  • အပိုဒ်ခွဲ (၄၂) အရ တရားရုံးဆုံးဖြတ်ချက်မပါပဲ အ​ရေးယူမယ်ဆိုရင်လည်း ပြစ်မှုထင်ရှားမှဖြစ်ပါမယ်။
    • အ​ရေးယူသူက ဝန်ထမ်းဌာနရဲ့ အ​ရေးယူခွင့်ရှိတဲ့ အကြီးအကဲ ဖြစ်ရပါမယ်။
    • ကိုယ့်အထက်အရာရှိတိုင်းကိုယ့်ကို အ​ရေးမယူနိုင်ဘူး။ ဌာနရဲ့ ဝန်ထမ်း​ရေးရာ အကြီးအကဲကသာ ယူနိုင်တာပါ။
  • ဒါ့​ကြောင့် ဗိုလ်မှူးတို့ ​ခေါ်ချင်ရင်​တော့ အခုမေးခွန်းကို​ဖြေဖို့လိုမယ်​နော” လို့​ပြော​စေချင်ပါတယ်။
  • ပြည်သူတွေက အ​ရေးကြီးသက်​သေ​နေရာက ရှိမှာပါ။

Generation z

ဆန္ဒဖော်ထုတ်နေကြသူတွေရှင်းစပြုလာတဲ့ ညနေစောင်းအချိန်မှာတော့ ဗိုက်ဆာလာတဲ့အတွက် လမ်းထိပ်ထွက်ပြီးဆီချက်ပါဆယ်သွားဝယ်ရပါတယ်။ပါဆယ်ဝယ်ပြီးအပြန်မှာတော့ကားမှတ်တိုင်မှာဖုန်းဆက်ရင်း ဗျာများနေပုံရတဲ့ နဖူးစည်းအနီ၊တီရှပ်အဖြူ၊ဂျင်းဘောင်းဘီ၊ကျောပိုးအိတ်၊ဂွင်းထိုးဖိနပ်နဲ့ အသက်နှစ်ဆယ်အရွယ်ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရတာပါပဲ။”လာမယ်ဟ၊ ဘယ်လိုဖြစ်နေတာလဲ၊ဒီမှာပိုက်ဆံကျပျောက်သွားလို့တိုင်ပတ်နေတာ ဟီးဟီး”အဲ့ဒီကောင်လေးရဲ့ ဖုန်းဆက်စကားသံနဲ့မရှေးမနှောင်းမှာပဲ ကျစ်နေအောင်ခေါက်ထားတဲ့ငါးရာတန်တစ်ရွက်ကို လမ်းပေါ်မှာတွေ့လိုက်ရတဲ့ကျွန်တော်ကတော့့ “ဟေ့ ဟေ့ ဟောဒီမှာငါးရာတန်တစ်ရွက်၊ဒါမင်းပိုက်ဆံလား”ကျွန်တော့စကားကြောင့်ဖုန်းပြောနေတဲ့အဲ့ဒီကောင်လေးဟာ”ဟုတ်တယ်ဦးဟုတ်တယ် ဟား။ကျေးဇူးပဲ”ကျွန်တော့စကားကြောင့်ဝမ်းသာသွားပုံရတဲ့အဲ့ဒီကောင်လေးကိုငါးရာတန်ခေါက်ကလေးကမ်းပေးလိုက်ပြီးနောက်မှာတော့အခြေအနေအမှန်ကိုသဘောပေါက်သွားတဲ့ကျွန်တော့ဘက်ကပဲ။”ငါးရာနဲ့ဖြစ်ပါ့မလားဟ။ရော့ရော့၊ဦးဆီကသုံးထောင်ယူသွား””ရတယ်ဦး ရတယ် မယူဘူး။ကျွန်တော်သွားမယ့်နေရာကငါးရာနဲ့အိုကေတယ်။ဟီးး သွားမယ်ဦး”ဘာပဲဖြစ်ဖြစ်ကျွန်တော်ကမ်းပေးတဲ့ပိုက်ဆံသုံးထောင်ကိုမယူဘဲလှည့်ထွက်သွားတဲ့ကောင်လေးရဲ့ကျောပြင်ကိုကြည့်ရင်းးခုပြောပြောနေကြတဲ့Generations Zထဲကကလေးတွေဟာ မလိုအပ်ရင်အလကားမယူကြသလို အချောင်ရတိုင်းလည်းမယူတတ်ကြဘူးဆိုတဲ့အသိနဲ့”အချောင်နှိုက်တတ်တဲ့လူကြီးတွေ”ရဲ့ကိုယ်စားရှက်ရွံ့နေမိတာတော့အမှန်ပါပဲ။အနာဂတ်နိူင်ငံတော်အတွက် Generation Zလက်ထဲစိတ်ချပြီ။ဒါပေမဲ့ သူတို့လေးတွေလက်ထဲမှာစိတ်ချရအောင် အခုတိုက်ပွဲအောင်မြင်ဖို့လိုအပ်တယ်။

Crd TunTautHtut

တောင်ကိုရီးယားနှင့် ထိုင်းနိုင်ငံ ဆရာ ဝန်များမှ မြန်မာ့ ဒီမိုကရေစီအားထောက်ခံပြီး အာဏာရှင် ဆန့်ကျင်ရေးအတွက် ပူးပေါင်းဆန္ဒပြ

« Older Entries