Monthly Archives: Feb 2021

မန္တလေးမြို့ ပစ်ခတ်မူ နောက်ဆုံးရသတင်း

မန္တလေးမှာ ဒီကနေ့အရပ်သားပြည်သူတွေကို စစ်တလင်းမြေလို သေနတ်ကျည်အစစ်တွေနဲ့ ပစ်သတ်သွားတဲ့ စစ်ရာဇဝတ်မှုကျုးလွန်ခဲ့တဲ့ တပ်မ ၃၃ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်တုန်းက မွတ်ဆလင်ရာပေါင်းများစွာကို လူမျိုးတုံးသုတ်သင်သတ်ဖြတ်မှုတွေ၊ လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ တပ်ဖြစ်ပါတယ်။

၂၀၁၈ခုနှစ် စက်တင်ဘာမှာ ကုလသမဂ္ဂရဲ့လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးမစ်ရှင်က ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ရာမှာ တပ်မ ၃၃နဲ့ ၉၉တပ်တွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းစစ်အုပ်စုဟာ ဒီစစ်ရာဇဝတ်မှုကျူးလွန်ခဲ့လို့ နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်နေရတာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီစစ်ရာဇဝတ်ကောင်တွေကိုယ်စား သည်ဟိတ်မြို့တရားခွင်မှာ တိုင်းပြည်အတွက် အမှုကိုသွားရောက်ရင်ဆိုင်ခဲ့လို့ နိုင်ငံတကာရဲ့ရှုတ်ချပြစ်တင်မှုတွေအများကြီး ရင်ဆိုင်ခဲ့ရပါတယ်။ Kamayut media

မန္တလေးမြို့ ကမ်းနားလမ်းမှာဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့

မန္တလေးမြို့ ကမ်းနားလမ်းမှာဖြစ်ခဲ့တဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ၂ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။

ပစ်ခတ်မှုဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည် ၂ နာရီလောက်က စတင်ဖြစ်ပွါးခဲ့တာဖြစ်ပြီး သေနတ်နဲ့ အချက်ရေ သုံးလေးရာလောက်ပစ်ခတ်ခဲ့ပါတယ်။ပစ်ခတ်တဲ့နေရာမှာ လေးခွ၊ ရာဘာကျည်တွေအပြင် ကျည်အစစ်တွေနဲ့ ပစ်ခတ်တယ်ဆိုတဲ့ ကျည်ခွံသက်သေတွေကို ပြည်သူတွေက ရရှိထားပါတယ်။

DVB

အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး တရားစွဲမှုများသည် နိုင်ငံတကာလူအခွင့်အရေးနှင့်တရားစီရင်ရေးစံနူန်းများ ချိုးဖောက်နေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုက်ပြန်

မြန်မာ့မီးရထားမှ ဝန်ထမ်းပေါင်း သောင်းချီပါဝင်သော စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ရန်ကုန် ဆူးလေသို့ ချီတက်လာသည့် မြင်ကွင်း

« Older Entries