Monthly Archives: Feb 2021

၂၂၂၂၂လူထုဆန္ဒပြပွဲများကျင်းပသည့် မြို့ရွာများပြမြေပုံ

ဒီကနေ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ မှာ နှစ်ငါးလုံး စစ်အာဏာသိမ်းမှု လူထုကန့်ကွက်ဆန္ဒပြပွဲတွေ ကျင်းပခဲ့တဲ့ မြို့ရွာတွေ အမည်စာရင်းကို လူထုအင်အား သုံးပြီး အချက်အလက် ကောက်ယူပါတယ်။ အချက်အလက် ပြည့်စုံတဲ့ အထိ စောင့်နေရင် ကြာသွားမှာ ဖြစ်တဲ့ အတွက်ကြောင့် ဒီနေ့ ညနေ ၈ နာရီ အထိ ကောက်ယူရရှိတဲ့ အချက်အလက်တွေနဲ့ ဒီ မြေပုံကို ပြုစုထားပါတယ်။

အချက်အလက် မရသေး၊ မဖြည့်ရသေးတဲ့ မြို့တွေ ကျန်ပါသေးတယ်။ ဥပမာ တပ်ကုန်း၊ ကယားပြည်နယ်က မြို့တွေ၊ နောင်ချို အစရှိတဲ့ မြို့တွေပါ။ ဒါတွေကို အပြီးသတ် ဖြည့်သွင်းပြီးတော့မှ အများသုံးလို့ရမယ့် Open Source Data (MIMU Pcode နဲ့ ချိတ်ထားပြီးသား Shapefile ၊ Data Table) တွေ ထုတ်ပေးပါမယ်။ အခု လုပ်လက်စ Data File ကိုတော့ မထုတ်ပါဘူး။ Online ကြည့်ချင်သူတွေ အဆင်ပြေအောင် Google Map ကို သုံးပြီး Web Map အနေနဲ့လည်း လုပ်ထားပါတယ်။

Offline ကြည့်ချင်သူတွေ၊ Print လုပ်ပြီး ကြည့်ချင်သူတွေ အတွက် High Resolution PDF ကိုလည်း ထုတ်ပေးထားပါတယ်။ ဒီ မြေပုံကို Open Source အဖြစ်နဲ့ လွတ်လွတ်လပ်လပ် သုံးနိုင်ပါတယ်။ ဘာ Credit မှ ပေးစရာ မလိုပါဘူး။

Google Map မြေပုံလိပ်စာ –

https://www.google.com/maps/d/u/0/edit…

High Resolution PDF မြေပုံ Download လုပ်ရန် –

https://drive.google.com/…/1yH8hZ8NyPrciN2xHtWc…/view…

အမှန်တရားကို ရရင်ရ ပြန်မရရင် အဆုံးအထိသွားမှာပါ .. ဆိုတဲ့ ..လှည်းကူးမြို့က ပြည်သူလူထု၊ ကျောင်းသားများ၊ CDM ဝန်ထမ်းများအတူသီဆိုဆန္ဒထုတ်ဖေါ်ကြတဲ့ မြင်ကွင်းကို တွေ့ကြရပါမယ်။

♩ ♪ ♫ ♬

တစ်ယောက်ထဲ ခံစားနေရမယ် အမေ့သားတွေ သမီးတွေ လက်တွေပြပုခုံးပေါ်ထမ်းတင်ထားတဲ့ အမေ့စကားတွေ နားထဲ ကြားနေရဘယ်လိုဘဲ အခက်အခဲတွေ ရှိပစေ အကုန်ဖြတ်ကျော်သွားမယ့် စိတ်ကိုထားတစ်ယောက်ချင်း အကုန်ဝိုင်းတွန်းကြရင် ပိတ်ထားတဲ့ တံခါးများပွင့်မှာပါသစ်တပင်ကောင်းမှ ငှက်တစ်သောင်းလုံး နားလို့ရမှာ ♩ ♪ ♫ ♬

Chorus ♩ ♪ ♫ ♬

(အမှန်တရားကို ရရင်ရ ပြန်မရရင် အဆုံးအထိသွားမှာပါသံဗုံးတွေ အရှေ့မှာချ တစ္ဆေတစ်ယောက်လို မောင်းထုတ်သွားမှာပါအနိုင်ရရင် က ချင် က မယ် အနိုင်မရခင် သွေးတွေ ရဲနေမှပိတ်ထားတဲ့ နားတွေက အကုန်လုံးအော်ပြောမှ ကြားမှာပါ(အာဏာရှင်မောင်းထုတ်ကြမယ် အလိုမရှိ အလိုမရှိပြည်သူတွေ ကန့်ကွက်ကြမယ် အလိုမရှိ အလိုမရှိသံဗုံးတွေ ဒို့အတူတီး အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ)၂ဆန္ဒဖေါ်ထုတ်ကြမယ် အမှန်တရားဘက်မှာ ငါတို့ ရပ်တည်ပြီ)♩ ♪ ♫ ♬

ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့ ဟေ့(Chorus ♩ ♪ ♫ ♬)

ဆန္ဒဖေါ်ထုတ်ကြမယ် အမှန်တရားဘက်မှာ ငါတို့ ရပ်တည်ပြီ

(ဒီမိုကရေစီရရှိရေး ဒို့အရေး ဒို့အရေး) x ၂(သပိတ် သပိတ် မှောက် မှောက်) x ၂(ရုံးမတက်နဲ့ ရုန်းထွက်) x ၂(အရေးတော်ပုံ အောင်ရမည်) x ၃

======================

ငြိမ်းချမ်းစွာ သတ္တိရှိရှိ တော်လှန်ခြင်းဖြင့်အာဏာရှင်အရေးတော်ပုံ အောင်မြင်ရမည်။

မူရင်းပိုင်ရှင်ကို Credit ပေးပါသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဘူးလက်ဦးလှဆွေ အာမခံဖြင့် ပြန်လည်လွတ်မြောက်​

EPN
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့် တရားစွဲဆို ခံထားရသည့် ဘူးလက် ဦးလှဆွေသည် ဖေဖော်ဝါရီ ၂၂ ရက်နေ့ ယနေ့ညနေပိုင်းက အာမခံဖြင့် လွတ်မြောက်လာခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

“အာမခံရတာတော့ ဟုတ်တယ်ဗျ။ သူ့ရဲ့ရှေ့နေက ပြောတာလေ။ ဒါပေမယ့် ကျွန်တော်နဲ့ အဆက်အသွယ်ရတဲ့ အချိန်အထိတော့ အပြင်မရောက်သေးဘူး။ အထဲမှာပဲ ရှိသေးတယ်လို့ပြောတယ်။ ဒီနေ့တော့ အပြင်ရောက်အောင် ကြိုးစားမယ်လို့လည်း သူ့ရှေ့နေက ပြောပါတယ်။ လောလော ဆယ်တော့ ကျွန်တော်တို့နဲ့လည်း အဆက်အသွယ် မရသေးဘူးဗျ။”

ဦးလှဆွေသည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင်ပြုလုပ်သည့် တပ်မတော်ထောက်ခံပွဲ၌ ဟောပြောခဲ့မှုများမှာ နိုင်ငံတော်ကို အကြည်အညိုပျက်စေသည်ဟုဆိုကာ ကျောက်တံတားမြို့နယ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ-၁၂၄ (က)ဖြင့် အနောက်ပိုင်းခရိုင်တရား ရုံးသို့ သြဂုတ် ၇ရက်တွင် ဦးတိုက် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ဘူးလက်ဦးလှဆွေနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကိုတော့ မသိရသေးပေ။

ဥက္ကာ(ရေတာရှည်)

ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်

၂ ငါးလုံးနေ့မှာ ကျန်းမာရေးဝန်ထမ်း အင်အားသောင်းချီ ချီတက်ဆန္ဒပြ

၂ ငါးလုံးနေ့မှာ ကျန်းမာရေးဝန်ထမ်း အင်အားသောင်းချီ ချီတက်ဆန္ဒပြ——————————-

ဖေဖော်ဝါရီ ၂၂ ရက် ၂ ငါးလုံး အထိမ်းအမှတ်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ လူအင်အားသောင်းချီ စုဝေးပြီး အာဏာသိမ်းစစ်အုပ်စုကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒဖော်ထုတ်ပွဲကို ရန်ကုန်ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ မကွေးဆေးတက္ကသိုလ်၊ သူနာပြုတွေနဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ခဲ့ကြပါတယ်။ ရန်ကင်းကလေးဆေးရုံရှေ့ကနေ ရန်ကင်းဈေးကွေ့၊ ဦးချစ်မောင်လမ်း ၊ တာမွေအဝိုင်း ၊ ရွှေဂုံတိုင်တံတားအောက်အထိ လမ်းလျှောက်ချီတက်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

Myanmar Now 

နေပြည်တော်တွင် အာဏာသိမ်းမှုဆန့်ကျင်သည့် အင်ဂျင်နီယာ ၅ ဦး ဖမ်းဆီးခံရ

အုပ်ချုပ်ရေးမြို့တော်တွင် ‘၂ ငါးလုံး’ အထွေထွေသပိတ် ပါဝင်ဆန္ဒပြနေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က အင်အားသုံး ပိတ်ဆို့ပြီးနောက် လိုက်လံဖမ်းဆီးရာတွင် အင်ဂျင်နီယာငါးဦးနှင့ အခြားသူ ၂၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရသည်

စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နေပြည်တော်၌ ထောင်နှင့်ချီ သော အင်ဂျင်နီယာများက နေ့စဉ်ရက်ဆက် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပြီး ‘၂ ငါးလုံး’ သပိတ်အဖြစ် ပြည်လုံးကျွတ်ဆန္ဒပြခဲ့သည့် ယနေ့ (ဖေဖော်ဝါရီ ၂၂) တွင် ဆန္ဒပြအင်ဂျင်နီယာ ငါးဦး ဖမ်းဆီးခံခဲ့ရကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်အတွင်း အဓိကလမ်းမကြီးတစ်ခုဖြစ်သော ရာဇဌာနီလမ်း နှင်းဆီပန်းအဝိုင်းတွင် နံနက် ၈ နာရီခန့်က စုရုံးဆန္ဒပြပြီးနောက် လူစုကွဲသွားချိန် မွန်းလွဲပိုင်းတွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခြင်းဖြစ်ကြေင်း ၎င်းက ပြောသည်။ 

“နှင်းဆီပန်းအဝိုင်းနားမှာစုတယ်။ ကြွေးကြော်တယ်။ လူတွေလည်း သောင်းချီရှိလို့ တခြားနေရာ တွေ လှည့်လည်ဖို့လုပ်ချိန်မှာ လူစုကွဲသွားတယ်။ ရဲတပ်ဖွဲ့က နောက်က လိုက်ဖမ်းတဲ့အခါ အဲဒီထဲက အင်ဂျင်နီယာငါးဦးပါ ကားတစ်စီးကို ဘောဂသီရိကားကြီးဝင်းနားမှာ မိသွားတယ်လို့ သိထားပါတယ်” ဟု ဆန္ဒပြအင်ဂျင်နီယာအဖွဲ့ကို ဦးဆောင်သူက ပြောသည်။

ပျဉ်းမနားမြို့တွင်းက ချီတက်လာသည့် သိန်းနှင့်ချီသော ဆန္ဒပြသူများ အစိုးရရုံးများနှင့် ဝန်ထမ်းအိမ်ရာများရှိရာ နေပြည်တော်ဘက်သို့ သွားရောက်နိုင်ခြင်း မရှိစေရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အင်အားသုံး ပိတ်ဆို့ထားခဲ့သည်။ 

ထိုသို့ ပိတ်ဆို့ခံထားရသည့် ဆန္ဒပြသူများကို နံနက် ၁၁ နာရီခန့်အရောက်တွင် ရဲတပ်ဖွဲ့က အင်အားသုံး၍ လိုက်လံဖမ်းဆီးခဲ့ပြီး အထက်ပါ အင်ဂျင်နီယာငါးဦးလည်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ 

နှင်းဆီပန်းအဝိုင်းအနီး ဖြိုခွင်းမှုတွင် ၎င်းတို့ကိုပါ လုံခြုံရေးတပ်ဖွဲ့က ခြိမ်းခြောက်ပြုမူခဲ့ကြောင်း ထိုနေရာသို့ သွားရောက်သတင်းယူခဲ့သူ သတင်းထောက်အချို့ကက ပြောသည်။ 

ထို့အတူ ပျဉ်းမနားမြို့၏ အထင်ကရ ရှမ်းကန်အနီးလမ်းဆုံတွင်လည်း လူစုကွဲနေသည့် ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့က အင်အားသုံးကာ ရိုက်နှက်တွန်းထိုး၍ ကြမ်းတမ်းစွာဖမ်းဆီးခဲ့သည့် ဗီဒီယိုဖိုင်တစ်ခုကို ယနေ့ မွန်းလွဲပိုင်းတွင် ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ မြင်တွေ့ခဲ့ရသည်။

အဆိုပါဗီဒီယိုဖိုင်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြပြည်သူတို့ကို ရိုက်နှက်တွန်းထိုးရုံသာမက စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များကိုပါဆွဲလှဲသည်အထိပြုမူခဲ့ကြောင်းတွေ့ရသည်။

သတင်းများအရ ဥတ္တရသီရိမြို့နယ်အတွင်းလှည့်လည်ဆန္ဒပြနေသည့် ပြည်သူ ၁၀ ဦးကျော်၊ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်မှ ၅ဦးကျော်၊ ပျဉ်းမနားမြို့၏ အထင်ကရ ရှမ်းကန်ရှေ့ တွင် ၅ ဦးခန့် ၊ အင်ဂျင်နီယာ ငါးဦး ဖမ်းဆီးခံခဲ့ရပြီး အခြားနေရာတွင်လည်း ဖမ်းဆီးခံရသူများ ရှိနေကြောင်း သိရသည်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နေပြည်တော်မြို့တွင်း အဓိကအချက်အခြာနေရာဖြစ်သော သပြေကုန်းအဝိုင်းအနီးတွင် ဖေဖော်ဝါရီ ၉ ရက်၌ ရဲတပ်ဖွဲ့က သေနတ်သုံး ဖြိုခွင်းမှုကြောင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် မသွဲ့သွဲ့ခိုင် ဦးခေါင်းကျည်ဆန်ထိမှန်ဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ရသည်။ 

ယနေ့တွင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူလူထုက ‘၂ ငါးလုံး’ သပိတ်ဆင်နွှဲခဲ့သည်။ 

စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့ မွန်းလွဲပိုင်းအထိ ရရှိထားသော စာရင်းများအရ လုံခြုံရေးအဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိကာ လူပေါင်း ၅၀၀ ကျော်ဖမ်းဆီးခံထားရသည်။

Myanmar Now 

« Older Entries