မြန်မာနဲ့ ဘဝတူ ယူကရိန်း တော်လှန်ရေး

ဇတ်လမ်းနာမည်လေးက Winter on Fire

မနေ့က ၂၀၁၄ယူကရိန်း တော်လှန်ရေး documentary ကြည့် ရ။ အစအဆုံး ၉၁ရက် ကြာ။ လူ၂၀၀ ကျော် သေ။ မြို့ကြီး မီးလောင်။ ရုရှားနားကပ်နေတော့ ဘယ်နိုင်ငံကမှ စစ်တပ်နဲ့ လာမကူ။

ဖြစ်စဉ်က မြန်မာနဲ့ တော်တော်တူ။သပိတ်မှောက်။ ဆန္ဒပြ။ အစပိုင်း ဖမ်းလိုက် လွှတ်လိုက် ပြည်သူ့ရဲလို့ အော်လိုက်။

တစ်လလောက်ရှိတော့ အများသဘောတူ တောင်းဆိုချက် သုံးချက် ထွက်လာ။၁ ဖမ်းဆီးခံအားလုံး လွှတ်ပေးရေး၂ ရွေးကောက်ပွဲသစ် အမြန်လုပ်ပေးရေး၃ အခြေခံဥပဒ ပြင်ရေး။

ထောင်ခါပြီး မီးကွင်းပစ်။ မိတဲ့သူတွေကို ဗီဒီယိုရိုက် ရဲလက် အပ် တာတွေလည်းတူ။မြို့လည် ရင်ပြင်မှာ သပိတ်စခန်းအကြီးကြီးတစ်ခု ထောင်။ ပတ်ပတ်လည် ရဲ ဝင်လို့မရအောင် ပစ္စည်းစုံ အစုတ်ပလုပ်စုံ အဆင့်ဆင့် ကာ။ ကြာလေကြီးလာလေ။

နေ့တိုင်းနီးပါး သပိတ် စခန်းကနေ ပါလီမန်ရှေ့ ဆန္ဒပြထွက်။ ထွက်တိုင်းနီးပါး ရာဘာကျည် တကယ့်ကျည် နဲ့အပစ်ခံရ။ အထူးရဲ တွေက ပို ဆိုး။ နေ့တိုင်း လူသေ။ ပြည်သူတွေက ခံရတိုင်း သပိတ်စခန်းထဲ ပြန်ဝင်ပြေး။မြန်မာပြည်မှာတော့ စခန်းလုံးကျွတ် အသတ်ခံရဖို့များတယ်။

ပြည်သူတွေလည်း အစကတော့ လုံးဝ ငြိမ်းချမ်းစွာပဲ။ နောက်တော့ ဒိုင်းတွေ ခဲတွေ လေးခွတွေ တုတ်တွေ နဲ့ ပြန်ချတယ်။ တစ်ယောက်တည်း နှစ်ယောက်တည်း ကျွံလာတဲ့ ကျန်ခဲ့တဲ့ ရဲတွေ သေတဲ့ကောင် သေတယ်။သူတို့ သပိတ် စခန်းကြီးကို ချေကျင် တိုးဝင်လို့ မလွယ်ဘူး။ အကုန် ပိတ်ကာထားတာ။ တပ်က စက်သေနပ် လက်နက်ကြီးတွေနဲ့ ပစ်ရင်တော့ ရမယ်။

သုံးလနီးပါးကြာတော့ တပ်က သံချပ်ကာကားနဲ့ သပိတ်စခန်း အကာတွေကို တိုးဝင်။ အကာတွေမီးရှို့လိုက်တော့ ကားပါလောင်။ လေသာတုံး မီးထဲကို တာယာတွေထည့်။ ရဲတွေ မီးခိုး မွှန်အောင်။အဲသည် သပိတ် စခန်းမှာ နေတဲ့သူတွေ ကိုယ့်ကိုယ်ကို သေလူလို့ပဲ သတ်မှတ် ထားကြတယ်။ တစ်ညလုံး မီးဆက်လောင်အောင် လုပ်ပြီး သပိတ်စခန်းကို ကာကွယ်ကြရတယ်။

ခရစ်ယာန် ဘုန်းကြီး တွေက သရဏဂုံ လိုက်တင် ပေးတယ်။ မွတ်ဆလင် ဘာသာမဲ့တွေ ဗုဒ္ဓဘာသာတွေလည်း ကူတယ်။အကာတွေမှာ ယောက်ျား အများစုနေပြီး နောက်မှာ မချနိုင်တဲ့သူတွေ နေတယ်။ နာစရာရှိ တူတူ နာရအောင်လို့။ ဆုတောင်း ဝတ်ပြုရင်း စောင့်ကြတယ်။ ၁၂ နှစ်သား လေးတောင်ပါတယ်။ ဒီအချိန်မှာမှ ဖြုတ်မချနိုင်ရင် နောက် နှစ်များစွာ ကျွန်ခံရတော့ မယ်လို့ တွေးကြတာလည်း တူတယ်။​

နောက်နေ့ကျတော့ ရဲဘက်က စနိုက်ရော ရိုးရိုးသေနပ်ရော ပါလာတယ်။ ကြက်ခြေနီတံဆိပ် အရှင်းကြီး တွေကို လည်း ပစ် ဘုန်းကြီးတွေကို လည်းပစ် ဒဏ်ရာရသူတွေကို ဝင်ဆွဲတာ လည်းပစ်။ဗီဒီယို တွေ လိုင်းပေါ်မှာ ရှာကြည့်ပါ။အဲတာကို ယူကရိန်း ပြည်သူတွေက အတင်းတိုးတယ်။ လက်လုပ်ဒိုင်းလေးတွေနဲ့ ကာရင်း လူနာ ဆွဲတယ်။ တပ်ဘက်က ပစ်ဆုတ် ဆုတ် တယ်။ ဘာဖြစ်လို့ ပစ်တိုး မတိုးလဲတော့ မသိဘူး။လူ ၃၀ ကျော်သေတယ်။

ကိုယ်လူမျိုးချင်း ဘာလို့ အဲလောက် လုပ်ရက်တာလဲ ဘယ်လို အမေက မွေးတာလဲဆိုပြီး ငိုကြတယ်။၉၁ရက်မြောက် အဲသည်ညမှာ အစိုးရက ရွေးကောက်ပွဲကို ဆယ်လကြာရင်ကျင်းပပေးမယ် လို့ ကမ်းလှမ်းတယ်။ လူငယ်တစ်ယောက်က မရဘူး နက်ဖြန် မနက်၁၀ နာရီမှ ဆင်းမပေးရင် လက်နက်ကိုင် တော်လှန်တော့မယ်လို့ အော်တယ်။ နေ့ခင်းကမှ သူ့သူငယ်ချင်းတွေ သေထားတာ။ ပြောနေရင်း လူသေ အခေါင်းအပွင့်ကြီးတွေ မျှောက်ပြီး ကြွေးကြော်ကြတယ်။

သောက်ပို ပြောတာမဟုတ်ဘူး။ အဲသည်ကောင်လေးနဲ့ အဲသည်ည အကြောင်း google ထဲရှာကြည့်ပါ။နောက်နေ့ ဘာဖြစ်မလဲ ဘယ်သူမှမသိဘူး။ ဘယ်သူမှလည်း လာမကူဘူး။ ရက်ကိုးဆယ်ရှိပြီ။ ဘယ်လောက် ဆက် အသေခံနိုင်မလဲ မသိဘူး။

ညတွင်းချင်း သမ္မတက ရပ်ရှားပြေးတယ်။ ဒီနေ့အထိကျန်းမာ ချမ်းသာစွာ ခိုလှုံနေတယ်။လပိုင်း အတွင်း အထူးရဲတပ်ဖွဲ့ကို ဖျက်သိမ်းတယ်။ အခြေခံဥပဒေ ပြင်တယ်။ ဥရောပ သမဂ္ဂထဲ ဝင်တယ်။

သူတို့ထက်အားသာတာက ငါတို့က တစ်မြို့တည်း သပိတ်စခန်း တစ်ခုတည်း မဟုတ်ဘူး။

သူတို့ထက်အားနည်းတာက ကျွန်သက်ရှည်ခဲ့တော့ သူများကူမလား မျှော်တာရယ် ကြောက်တာရယ်။

တူတာက တရုပ် အင်အားကြီးနားကပ်နေတာ။ အဲတာကြောင့် နိုင်ငံခြား က ကူမှာ ဝင် မှာ မဟုတ်ဘူး။ ရှေ့ဆက် နာစရာတွေတော့ အများကြီး ကျန်သေးတယ်။

သူတို့ဖြစ်တုံးက ကိုယ်စိတ်မဝင်စား။ သိတောင် မသိလိုက်။ ကိုယ်ဖြစ်တော့လည်း ဘယ်သူမှ စစ်တပ်နဲ့ ကူလောက်အောင် သနားမှာ မဟုတ်တာ လက်ခံကြပါ။မိမိကိုယ်သာ အားကိုးရာ။ အင်အားလည်းကောင်းနေပြီ။ ရတဲ့ပုံစံနဲ့ ပြန်ချကြပါ။

ကူညီကြပါ။

အရေးတော်ပုံ အောင်ရမည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s