Monthly Archives: Feb 2021

မျက်ရည်ကျ ငိုရင်းရှဲသည်။ 28-2-2021

ကျနော်ကိုယ်တိုင်ကြားခဲ့တာမို့ မှတ်တမ်းတင်ပါရစေ !

ဒီနေ့လှည်းတန်းကနေ ပြေးလာတဲ့ကလေးတွေ သံလမ်းဘက်အထိ တဖြည်းဖြည်းချင်းဆုတ်ပြေးလာရတာပါတဲ့ ” “မင်းတို့မိဘတွေစိတ်ပူနေမယ် ဖုန်းဆက်လိုက်အုံး”လို့ဟင့်အင်းမလိုဘူး ဦးလေး သားတို့မိဘတွေက တခါတည်းမှာပြီးလွှတ်လိုက္တာပါ ! အမေတို့ခေတ်ကနေ အခုထက်ထိ နှစ်ပေါင်း ၆၀ လောက် မရဖူးတဲ့ ဒီမိုကရေစီသားတို့အရယူပေးရမယ် !ငါ့သားတွေ ဆန္ဒထုတ်ဖော်လို့အဖမ်းခံရရင် ထုတ်လို့ရတဲ့အချိန်လာထုတ်ပေးမယ် ! အကယ်၍ သေသွားခဲ့ရင် နောင်လာနောက်သားတွေအတွက် အသက်လှူ တဲ့ပြည်သူ့ဘက်တော်သားအဖြစ် အမေဂုဏ်ယူနေမယ် !’သားဘက်ကလည်း သေရဲရမယ် !အမေ့ဘက်ကလည်း စွန့်ရဲရမယ် ! သေတနေ့ မွေးတနေ့ဒီပွဲမှာသေရမဲ့ကံပါလာရင် သေမယ် !အသက်သေရတာထက် မြန်မာပြည်သူတွေဘဝနောက်ထပ်မသေစေရဘူး ! ဒီပွဲကို မြန်မာပြည်အမှောင်ဖုံးတာနောက်ဆုံးလို့ သတ်မှတ်ပြီး တိုက်ပွဲဝင်ပါလို့သားတို့မိဘတွေကအပြတ်မှာပြီးသားတဲ့!

ကလေးလေးတွေက လူရည်သန့်လေးတွေကျောပိုးအိတ်လေးတွေ အင်ဂျင်နီယာဦးထုပ်လေးတွေနဲ့ မျက်လုံးတွေအစွမ်းကုန်တောက်ပနေလိုက်တာ ကျနော်တကယ်နားနဲ့ဆတ်ဆတ်ကြားခဲ့ရပါတယ် ! အာ့ဆို သားတို့ကမဲပေးခဲ့တဲ့ တက္က္တသိုလ်ကျောင်းသားတွေလား ? မေးလိုက်တော့ဟုတ်တယ် အန်တီ မဲဆိုလို့ တသက်မှာတခါဘဲ ပေးခဲ့တဲ့မဲအချောင်သမားတွေအလစ်သုတ်ခံရတာသားတို့မဲတွေ ပြန်ရအောင် ယူမှာ တဲ့!ရဲအယောင်ဆောင်တဲ့စစ်သားတွေကိုထိပ်တိုက်ရင်မဆိုင်ပါနဲ့လို့ဦးလေး မှာချင်လို့ပါ ဆိုတော့ ဟုတ်ကဲ့ ပါတဲ့သူတို့ပြောတဲ့စကားတွေနားထောင်ရင်းမောင်ထိန်လင်းလို့ခေါ်တဲ့ဗိုလ်ချူပ်အောင်ဆန်းကိုသတိယမိပါတယ်!ဗိုလ်ချူပ်ရေ မှောင်နေတဲ့မြန်မာပြည် အလင်းရောင်တွေမြင်နေရပါပြီ ! ဗိုလ်ချူပ်က တိုင်းပြည်ကိုပဲ ချစ်ခဲ့တာအာဏာမရူးခဲ့သလိုဗေဒင်တွေမေး ယတြာတွေချေပြီးဘုရင်ဖြစ်မဲ့နေ့ကိုသူခိုးချောင်းချောင်းပြီးအလစ်မသုတ်ခဲ့ဘူး!ဗိုလ်ချူပ်လို သေရတာ လိပ်ပြာလုံတယ် !’

GenZများကို ဦးညွှတ်လျက်

သင်ဃန်းကျွန်းတွင် ရဲများ ရှေ့တိုးလာပြီး ဖြိုခွဲနေ

ရန်ကုန်တိုင်း သင်ဃန်းကျွန်းတွင် ထိုင်သပိတ်ပြုလုပ်နေတဲ့ ပြည်သူတွေကို ရဲတွေက သေနတ်နှစ်ချက်ပစ်ဖေါက်ပြီး သတိပေးပါတယ်။ ရဲတွေ ရှေ့တိုးလာလို့ ဆန္ဒပြပြည်သူတွေ တစ်ဖြည်း ဖြည်းနောက်ကို ဆုတ်နေရပါတယ်။ နေအိမ်တွေထဲက ပြည်သူတွေက သံပုံးတီးပြီး ဝိုင်းဝန်းဆန့်ကျင် ကန့်ကွက်နေကြပါတယ်။

Myanmar Now

မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်မည် ကနေဒါသံရုံး ထုတ်ပြန်

၂၈ ဖေဖော်ဝါရီ၊ ၂၀၂၁ရန်ကုန်နှင့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြသူများကို အကြမ်းဖက်ခြင်း၊ အင်အားသုံး နှိမ်နှင်းခြင်းများ တိုးပွားလာခြင်း တို့ကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများ ဖြစ်ပွားရကြောင်း တွေ့ရှိရသည့်အတွက် ကနေဒါ သံရုံး အနေဖြင့် များစွာ ထိတ်လန့်တုန်လှုပ်မိပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အုပ်ချုပ်ရေး ပြန်လည်ရရှိရေးအတွက် ၎င်းတို့၏ လိုလားချက်များကို ထုတ်ဖော်ခြင်းဖြင့် ဆန္ဒပြရင်း အသက်ဆုံးရှုံးသွားရသူများ၊ ထိခိုက် ဒဏ်ရာ ရရှိကြရသူများနှင့် ကျွန်ုပ်တို့ ထပ်တူရှိနေပါသည်။လက်နက်မဲ့ ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အင်အားသုံးခြင်း၊ ဆန္ဒပြသူများ၊ နိုင်ငံရေးသမားများ၊ အစိုးရ ဝန်ထမ်းများ၊ အရပ်ဘက် တက်ကြွ လှုပ်ရှားသူများ၊ သတင်းထောက်များနှင့် ဒီမိုကရေစီ ဘက်တော်သား ခေါင်းဆောင်များကို ဖမ်းဆီးခြင်းများ၊ ထိန်းသိမ်းခြင်းများကိုလည်း ကျွန်ုပ်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို ဆန္ဒပြသူများအား တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခြင်းအား ယခုချက်ချင်းပင် ရပ်တန့်ရန်နှင့် ဖမ်းဆီးခံထားရသူများကို လွှတ်ပေးရန် ကနေဒါသံရုံးမှ တောင်းဆိုလိုက်သည်။ ယခုချက်ချင်းပင် အင်တာနက် အပြည့်အဝ ပြန်ပေးရန်နှင့် လူမှုကွန်ရက်ဆိုင်ရာ ပိတ်ဆို့ထားမှုများအား ပယ်ဖျက်ပေးရန်လည်း တောင်းဆိုလိုက်သည်။ကနေဒါနိုင်ငံ၏ အစောပိုင်း ထုတ်ပြန်ချက်များနှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် လတ်တလော ပြောကြားချက်ကို ထပ်လောင်း ပြောကြားလိုသည်။ ကနေဒါနိုင်ငံသည် မြန်မာပြည်သူများနှင့် အတူတကွ ရပ်တည်မည် ဖြစ်သည်။ DVB

မန္တလေးမြို့တွင် သေနတ်ဒဏ်ရာ ရရှိထားသူ ၆ ဦးရှိပြီး တစ်ယောက်က ဦးခေါင်းထိမှန်ထားကာ ဆီးခုံ၊ ဝမ်းဗိုက် ထိမှန်ထားသူများလည်းရှိပြီး စိုးရိမ်ရသည့်အခြေအနေ ရှိ

Myanmar Now

« Older Entries Recent Entries »