Monthly Archives: Mar 2021

ရက်စဉ် CRPH ထူးခြားဖြစ်စဉ်

ဖေဖော်ဝါရီ ၁ ရက်မှာ တတိယအကြိမ်မြောက်လွှတ်တော် စတင်ဖို့ ပြင်ဆင်ထားပေမယ့် အာဏာသိမ်းမှုကြောင့် လွှတ်တော် မစတင်နိုင်ခဲ့ပါဘူး။ စည်ပင်ရိပ်သာထဲ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လက်နက်ကိုင်တွေက ပိတ်ဆို့ထားတယ်။

ဖေဖော်ဝါရီ ၃ ရက်မှာ စည်ပင်ရိပ်သာကို ပိတ်ဆို့ထားတာကို ရုပ်သိမ်း၊ လွှတ်တော်ကိုယ်စားလှယ်တွေကို အိမ်ပြန်ချင်ရင် ပြန်ဖို့ ပြောပြီး လူစုခွဲလိုက်တယ်။ အဲဒီနေ့မှာပဲ ကျန်းမာရေးဝန်ထမ်းတွေရဲ့ Civil Disobedience Campaign စတင်တယ်။ စစချင်းမှာ အလုပ် မဆင်းမယ့်အဖွဲ့၊ ဖဲကြိုးနီအဖွဲ့ ဆိုပြီး အယူအဆ (၂) ခု ပေါ်ခဲ့ပေမယ့် နောက်ဆုံးမှာတော “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ လှုပ်ရှားမှုပဲ လမ်းကြောင်းပေါ် ရောက်လာပါတယ်။ အခုလည်း CDM လမ်းကြောင်းဟာ ဆက်ပြီး ရွေ့နေပါတယ်။

### CRPH စုဖွဲ့မှုကာလ ###

ဖေဖော်ဝါရီ ၄ ရက်ကို ရောက်တဲ့ အခါမှာ စည်ပင်ရိပ်သာအတွင်းမှာ ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုရုံးပြီး ကျမ်းသစ္စာ ကျိန်ဆိုကြတယ်။ ဖေဖော်ဝါရီ ၅ ရက်မှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီကို စတင်ဖွဲ့စည်းတယ်။ ဒီအဖွဲ့ဟာ ရွေးကောက်ခံကိုယ်စားလှယ် (၃၈၀) ဦးကို ကိုယ်စားပြုတယ်။ (စစချင်းမှာ ၃၇၈ ဦး၊ နောက်တိုး ပလောင်၊ ကယား ကိုယ်စားလှယ် ၂ ဦး။ ပေါင်း ၃၈၀ ဦး)။

ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် (၁၅) ဦးရဲ့ အမည်စာရင်းမှာ သိုသိုသိပ်သိပ် နေပေမယ့် လုပ်စရာ ရှိရင် မဆုတ်မနစ် လုပ်လေ့ရှိသူတွေ ပါဝင်တယ် ဆိုတာ တွေ့ရတယ်။ နိုင်ငံရေးယုံကြည်မှု အတွက် ဘ၀ကို ရင်းခဲ့တဲ့ လူတွေ ပါနေတာ တွေ့တယ်။ လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှု ဒဏ်တွေကို ထောင်တွင်းမှာ ကြံ့ကြံ့ခံပြီး ဖြတ်သန်းခဲ့သူတွေ ပါတယ်။ ဒီလူတွေဟာ “ချောင်းတွေ့ရင် ခုန်ကျော်သွားမယ့် လူတွေ” “ချောင်းကျယ်ရင် တံတားထိုးမယ့် လူတွေ” “လမ်းမရှိရင် လမ်းဖောက်မယ့် လူတွေ” ဆိုတာကို သူတို့ရဲ့ ဖြတ်သန်းမှုတွေက သက်သေခံတယ်။

### CRPH ပြင်ဆင်မှုကာလ ###

ဖေဖော်ဝါရီ ၉ ရက်မှာ နိုင်ငံတော်၏အတိုင်ပင်ခံဥပဒေကို သက်တမ်းတိုး ပြင်ဆင်တယ်။ ဒီ အချက်ကို ကြည့်ရင် ရုတ်တရက် ကောက်ပြီး ဖွဲ့လိုက်ရတာ ဖြစ်ပေမယ့် လိုအပ်တဲ့ ကိစ္စတွေကို ချက်ချင်း ပြင်ဆင် စဉ်းစားပြီး၊ တစ်ဆင့်ချင်း တစ်ရစ်ချင်း သွားတယ်လို့ ယူဆတယ်။

### CRPH လုပ်ငန်းစတင်မှု ###

ဖေဖော်ဝါရီ ၉ ရက်မှာပဲ နေပြည်တော်မှာ မမြသွဲ့သွဲ့ခိုင် ဦးခေါင်း ကျည်သင့်တယ်။ ဒီနောက်မှာတော့ CRPH ဟာ ဥပဒေရေးရာကိစ္စတွေကို အထူးပြုပြီး ဆောင်ရွက်လာတာ တွေ့တယ်။ တစ်ဘက်မှာလည်း CDM လှုပ်ရှားမှုနဲ့ သက်ဆိုင်တဲ့ကိစ္စ၊ နိုင်ငံတကာကို စေလွှတ်ထားတဲ့ သံရုံးတွေကို ဆက်သွယ်တဲ့ ကိစ္စတွေ လုပ်တာ တွေ့ရတယ်။ ဒီရက်ပိုင်း အတွင်းမှာပဲ မြန်မာနိုင်ငံရှေ့နေများအဖွဲ့ကလည်း CRPH ကို ဥပဒေအကြံ အိတ်ဖွင့်ပေးစာ ပေးပို့တာ တွေ့တယ်။

အာဏာသိမ်းမှု စစချင်းမှာ လှုပ်ရှားမှု အခြေအနေကို အကဲခတ် ကြည့်နေတဲ့ NCA လက်မှတ်ထိုး လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဖေဖော်ဝါရီ ၂၀ ရက်ကို ရောက်တော့ နစအနဲ့ နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းမှုတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်တယ်။ ဒီ ၂၀ ရက်မှာပဲ မန္တလေး ၄၁ လမ်း လူသတ်ပွဲ ဖြစ်တယ်။

တကယ်တော့ CRPH ဟာ လုပ်ငန်းပြင်ဆင်မှု (Planning) နဲ့ ဆောင်ရွက်မှု (Implementation) ကို တချိန်တည်း လုပ်နေရတာလို့ ယူဆပါတယ်။ တစ်ဘက်မှာလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းပြီး ဆောင်ရွက်နေသလို တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားပြု ကော်မတီတွေကို ဖွဲ့စည်းတာကို မြင်ရပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ပေါင်း (၁၂) ခုမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားပြု ကော်မတီတွေ ဖွဲ့စည်းနိုင်တာကို တွေ့ရပါတယ်။ ကွန်ရက်စုဖွဲ့မှု အားကောင်းလာတယ်။ အလွှာအဆင့်ဆင့် ထိုးဖောက်မှု ရှိလာတယ်လို့ ဆိုနိုင်ပါတယ်။

### CRPH လုပ်ငန်းအရှိန်မြှင့်တင်မှု ###

ဖေဖော်ဝါရီ ၂၂ ရက်မှာ CRPH အနေနဲ့ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ကို စတင်လိုက်ပါတယ်။ ဒီ လတ်တလေ ဖြစ်ပေါ်နေတဲ့ အခြေအနေအတွက် အရေးကြီးပေမယ့် အလျော်အစား ကြီးပါတယ်။ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ဟာ အခု အချိန်မှာ ရာနှုန်းပြည့် မဖြစ်သေးပေမယ့် မြို့ရွာ အသီးသီးမှာ စတင်နေတာကို တွေ့ရပါတယ်။ ကြားကာလပြည်သူ့အုပ်ချုပ်ရေးအစီအစဉ်ကို ပိတ်ပင်တားဆီးမှု ဟန့်တားမှုတွေ ရှိပေမယ့် လှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်တယ် ဆိုတာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက်မှာပဲ CRPH ဟာ ခြေလှမ်းသွက်သွက် လှုပ်ရှားပြီး ဒေါက်တာဆာဆာနဲ့ ဦးထင်လင်းအောင်ကို နိုင်ငံတကာပူးပေါင်းဆက်သွယ်ရေးအတွက် တာဝန်ပေးအပ်တာတွေ လုပ်ပါတယ်။ CRPH ရဲ့ သံတမန်ရေးရာ အောင်ပွဲကတော့ ဖေဖော်ဝါရီ ၂၆ မှာ စတင်ပါတယ်။ ကုလသံအမတ် ဦးကျော်မိုးထွန်းရဲ့ မိန့်ခွန်းဟာ CRPH အပေါ် ယုံကြည်မှုကို မြင့်တက်သွားစေပါတယ်။ CRPH နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အထောက်အကူပြုစေပါတယ်။

မတ် ၁ ရက် မှာတော့ CRPH က တည်ဆဲဥပဒေ ဖြစ်တဲ့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဥပဒေနဲ့ အညီ အာဏာသိမ်းစစ်ကောင်စီ (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ကို အကြမ်းဖက်အုပ်စု အဖြစ် ကြေညာသတ်မှတ်လိုက်ပါတယ်။

ဒီကနေ့ မတ် ၂ ရက်မှာတော့ ဝန်ကြီးဌာန (၉) ခုကို ကိုင်တွယ်ဆောင်ရွက်ဖို့ ခေတ္တပြည်ထောင်စုဝန်ကြီး (၄) ဦးကို ခန့်အပ်လိုက်ပါတယ်။ ခေတ္တပြည်ထောင်စုဝန်ကြီး စတင်ခြင်းကို အုပ်ချုပ်ရေးအာဏာ ကျင့်သုံးမှု စတင်တာလို့ ယူဆရင် အခု လက်ရှိမှာ CRPH ပါဝင်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ ကျင့်သုံးမှု ရှိနေပြီ ဖြစ်ပါတယ်။

KNU နယ်မြေသို့ စစ်အာဏာရှင်ဆန့်ကျင်သည့် CDM လှုပ်ရှားသော မြန်မာ စစ်သည် ၁၀ ဦးကျော် ရောက်ရှိဟု KIC သတင်းဌာနက သတင်းဖော်ပြ

စစ်အာဏာရှင် ဆန့်ကျင်ရေး အာဏာဖီဆန်မှု (CDM) လှုပ်ရှားမှုတွင် ပါဝင်သော မြန်မာစစ်တပ်မှ စစ်သည် ၁၀ ဦး KNU (တပ်မဟာ ၅) နယ်မြေတွင်း  ရောက်ရှိပါဝင်လာကြောင်း ကရင်သတင်းစဉ်-KIC သတင်းဌာနက သတင်းဖော်ပြသည်။

KNU၏ တပ်မဟာ ၅ ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက “ အခုကတော့ ၁ဝ ကျော်ပြီးပေါ့ နော်။ နောက်ထပ် လာနိုင်မယ့် အလားအလာတွေလည်း ရှိနိုင်ပါသေးတယ်။ အကြမ်းဖက် စစ်အုပ်စုရဲ့ လုပ်ရပ်တွေပေါ်မှာကတော့ သာမန်ဌာနဆိုင်ရာဝန်ထမ်းတွေမကဘဲနဲ့ တပ်မတော် သားတွေကလည်းပဲသိလာပါပြီး။ အဲဒါကို အားရကြိုဆိုတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်”ဟု KIC သတင်းဌာနက သတင်းဖော်ပြသည်။

အဆိုပါ CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့် တပ်မတော်သားများထဲတွင် ဆယ်ကျော် သက်အရွယ် တပ်သားအဆင့်အများစု ဖြစ်ပြီး အချို့မှာ လက်နက်ခဲယမ်းများအတူ ယူဆောင်လာကာ လက်ရှိတွင် ၎င်းတို့ ၏ လုံခြုံရေးနှင့် နေထိုင်စားသောက်ရေးကို ကေအဲန်ယူ တပ်မဟာ ၅က စီစဉ်ထားသည်ဟုလည်း ပဒိုမန်းမန်းမန်းက ဆက်ပြောသည်ဟု KIC သတင်းတွင် ဆက်လက်ရေးသားထားသည်။

Photo_KNU Mutraw

သာဝဘယ်လဲ။

နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေနဲ့ စစ်သူပုန်တွေရဲ့ ခေါင်းမာမှုတွေကြောင့် ရှေ့ဆက်ဖြစ်လာနိုင်မဲ့ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှုတွေတွေကို မိမိစဉ်းစားဆင်ခြင်ဉာဏ်နဲ့ သုံးသပ်ပြီး အထိအခိုက်နည်းအောင် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားရမဲ့ အချိန်ရောက်ပြီလို့ ယူဆပါတယ်။ အချိန်သိပ်မလိုတော့ပါဘူး။

==============

ဒီနေ့ မတ်လ ၂ ရက် အာရှ စံတော် ချိန် မနက် ၇ နာရီ မိနစ်၂၀ မှာ တရုတ် သတင်းစာ ကြီး ဖြစ် တဲ့ South China Morning Post ရဲ့ ခေါင်းကြီး ပိုင်း မှာ မြန်မာ သတင်း ပါ လာ ပါ တယ်။

မြန်မာ နိုင်ငံ ကုလသမဂ္ဂ ကိုယ်စားလှယ် ဉီးကျော်မိုးထွန်း ကို ကမ္ဘာ့ ကုလသမဂ္ဂ က တရားဝင် ကိုယ်စားလှယ် အနေ နဲ့ အသိအမှတ် ပြုထား ဆဲ ဖြစ် တယ် လို့ရေး ထား ပါ တယ်။

အမေရိကန် နိုင်ငံကလဲ ဉီးကျော်မိုးထွန်းကို တရားဝင် ကိုယ်စားလှယ် အဖြစ် လက်ခံ ထား တာ ကြောင့် သူ့နေရာ ကို မည်သူ မျှ အစားထိုး နိုင် ခြင်း မရှိ ဘူး လို့ ရေး ထားပါ တယ်။

ဉီးကျော်မိုးထွန်း ရဲ့ ကုလသမဂ္ဂ ထဲ မှာ လက် ၃ ချောင်း ထောင်တဲ့ ဓါတ်ပုံ နဲ့ အတူ တရုတ် နိုင်ငံ ထုတ် သတင်းစာ ကြီးရဲ့ခေါင်းကြီး ပိုင်း မှာ ဖော် ပြ ထား ပါ တယ်။ သူ့ နေ ရာ ကို အစားထိုး ဖို့ ဆို ရင် အရေးပေါ် အစည်းအဝေး နဲ့ ပြုလုပ် ပြီး ကုလသမဂ္ဂ အင်အားကြီး နိုင်ငံ များ လက်ခံ စဉ်းစားမှ သာ ပြောင်းလဲ နိုင်မှာ ဖြစ်တယ် လို့ ရေး ထား ပါ တယ်။

အဲဒီ သတင်း နဲ့ အတူ ရန်ကုန် မန္တလေး ထားဝယ် အစ ရှိ တဲ့မြို့ ကြီး များ မှာ မြန်မာ လုံခြုံရေး တပ် များ က သေနတ်ပစ်ဖောက် အင်အားသုံး ဖြိုခွင်း နေ တဲ့ ၄ မိနစ် ကြား ဗီဒီယို ကို လဲ တရုတ် သတင်း စာမျက်နှာ မှာ ဖော် ပြ ထား ပါ တယ်။

အဲဒီ ဗီဒီယို ဖိုင် မှာ ရန်ကုန်မှာ ဆန္ဒပြသူ အချို့ ပြောပြ နေတာ ပြည်သူ အများ ထွက်ပြေး နေ ကြ တာ နောက် က လုံခြုံရေး တပ် များ က လိုက် ပစ်ခတ် နေ တာ တွေ ကို ကြည့် ရ ပါ တယ်။

ဉီးကျော် မင်းထွန်း ကို မြန်မာ နိုင်ငံ နိုင်ငံ ခြားရေး ဝန်ကြီးဌာန က တိုင်းပြည် အပေါ် သစ္စာဖောက် တယ် ဆို ပြီး အလုပ် ထုတ် ပစ် လိုက် တာ ကို မြန်မာ သတင်းဌာန MRTV မှာ ဖော်ပြ တဲ့ အကြောင်း ကို လဲ အကျယ် တဝင့် ရေး သား ထား ပါ တယ်။

မြန်မာ နိုင်ငံ က အလုပ်ထုတ် လိုက် ပေ မဲ့ လဲ တနင်္လာနေ့မတ်လ ၁ ရက် နေ့ မှာ အမေရိကန် နိုင်ငံ နဲ့ ကုလသမဂ္ဂ က တရားဝင် လက်ခံ အသိ အမှတ် ပြု ထား လို့ မည် သူကို မှ အစား ထိုး တာ လက်မခံ ဘူး လို့ ရေး ထား ပါ တယ်။မတ်လ ၁ ရက်နေ့ မှ စတင် ပြီး လသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အမေရိကန် နိုင်ငံ က ဉက္ကဌ အဖြစ် ဆောင်ရွက် မှာဖြစ် ပါ တယ်။

ကုလသမဂ္ဂ ရဲ့ တရားဝင် သတင်းထောက် Thomas-Greenfield က ဉီးကျော်မိုးထွန်း ရဲ့ သတ္တိရှိ တဲ့ ပြတ်သား တဲ့ ဆုံးဖြတ် ချက်ကို နိုင်ငံ များစွာ မှ လေးလေးနက်နက် အသိ အမှတ် ပြု ပါကြောင်း သူ့ လုပ်ရပ် ကြောင့် ရှေ့ဆက်ရ မဲ့ လုပ်ငန်း ရပ်များ အတွက် ပိုမို အင်အား ရှိ လာကြောင်း တရုတ် သတင်းစာကြီး မှာ ရေး သား ဖော်ပြ ထား ပါ တယ်။

ကမ္ဘာ့ ကုလသမဂ္ဂ မှာ ဒီလို နိုင်ငံ တနိုင်ငံ က ကိုယ်စားလှယ်တယောက် က မိခင် နိုင်ငံ ရဲ့ အမိန့် ကို မနာခံ တာ အလွန်ရှားပါး တဲ့ လုပ်ရပ် ဖြစ် တယ် လို့ ရေး ထား ပါ တယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ရဲ့ ပြောရေးဆိုခွင့် ရှိ သူ Dujarric က တော့ ဉီးကျော်မင်းထွန်း နေရာမှာ မည်သူ ကို မျှ အစားထိုး ခြင်း ကို လက်ခံ မှာ မဟုတ်ကြောင်း ပြော ဆို ပါ တယ်။

တနင်္ဂနွေနေ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ က စစ်တပ်ရဲ့ အင်အားသုံးဖြိုခွင်း တဲ့ လုပ်ရပ် က နိုင်ငံတကာ က လက်မခံနိုင် တဲ့ အပြုအမူ ဖြစ် လို့ ကုလသမဂ္ဂ မှာ နောက်ထပ်မြန်မာ အပေါ် ပိုမို တင်းကြပ် တဲ့ ဆုံးဖြတ်ချက်များချ မှတ် မယ် လို့ ရေး ထား ပါ တယ်။ တရုတ်နိုင်ငံ သတင်းစာ ကြီး က မြန်မာ နိုင်ငံ အကြောင်း လင့် ကို အောက် မှာ ကလစ် နှိပ် ပါ။

https://www.scmp.com/…/myanmars-un-envoy-kyaw-moe-tun

မြန်မာ နိုင်ငံ ရန်ကုန် မြို့ က မြန်မာပလာဇာ ကြီး ကို မတ်လ၂ ရက်နေ့ က စ ပြီး အကန့်အသတ် မရှိ ပိတ်ပင် ထား မယ်ဆို တဲ့ သတင်း လဲ တက် လာ ပါ တယ်။ နောက် မြန်မာ နိုင်ငံ တော် ဗဟို ဘဏ် ကြီး က လဲ တနေ့ ကို ငွေ ၅ သိန်း သာ ထုတ် ပေး မဲ့ သတင်း တက်လာ ပါ တယ်။ အင်တာနက် က သတင်း များ က အမှား အမှန် ကို အတည်ပြုဖို့ ခဲယဉ်း တာ ကြောင့် နောက် ရက် များ မှ ပိုမို တိကျ တဲ့ သတင်း များ ကို စောင့် ကြည့် ရ မှာ ဖြစ် ပါ တယ်။

ဖေဖေါ်ဝါရီ လ ဆန်း မှ စ ပြီး မြန်မာ နိုင်ငံ ဝန်ကြီး ဌာန ဖဘ စာမျက်နှာ များ ဝက်ဆိုက် များ တိုက်ခိုက် ဖြုတ် ချ ခံ ရ ပြီး က ထဲ က လက်ရှိ စစ်ကောင်စီ မှ သတင်း များ ကိုလုံးဝ မတွေ့ရ သလောက် ဖြစ် နေ ပါ တယ်။ များသော အားဖြင့် မြန်မာ နိုင်ငံ လူ အများစု အသုံးပြု တဲ့ ဖဘ မှာ ဘဲ ဝန်ကြီးဌာန များ ရဲ့ သတင်း ထုတ် ပြန် ချက်များ ကို အရင် က ဖတ်ရှု နေ တာ ကြောင့် ပင်မ ဝက်ဆိုက်တွေ ကို မကြည့် ဖြစ် ခဲ့ ကြ ပါ။

ဖဘ မှ ဖယ်ရှား ခြင်း ခံ လိုက် ရ ကထဲ က မြန်မာ စစ်ကောင်စီ ဖက် မှ သတင်း များ အားလုံး မမြင် ရ တော့ ပါ။ မြန်မာ နိုင်ငံ မှာ ရေနဲ့ သဘာဝ ဓါတ်ငွေ့ကို အကြီးအကျယ်လုပ် ကိုင် နေ တဲ့ ပြင်သစ် Total ကုမ္ပဏီ နဲ့ အမေရိကန် Chevron ကုမ္ပဏီ ကြီး တို့ ကို လဲ ငွေများ ကို လက်ရှိ မြန်မာစစ်ကောင်စီ ကို မရောက် ဖို့ ဖိအား ပေး ခံ နေရ ကြောင်းဒီနေ့ ဂါးဒီးယန်း သတင်းစာ မှာ ဖေါ် ပြ ထား ပါ တယ်။ အောစတြေလျှ Woodside ကုမ္ပဏီ ကြီး လုပ်ငန်း ရပ်ဆိုင်းပြီး နောက် Total နဲ့ Chevron ကုမ္ပဏီ ကြီး များ ကို ဖိအား ပေး နေ ကြ ပါ တယ်။ ရေနံ နဲ့ သဘာဝ ဓါတ်ငွေ မှာ ရ နေ တဲ့ တနှစ် ဒေါ်လာ သန်း ၁ ထောင် ရှိ တဲ့ ငွေ များ ကို ထုတ်ယူလို့ မရ တဲ့ သီးခြား ဘဏ်အကောင့် တခု မှာ သိမ်းဆည်း ထား ဖို့ ဖိအား ပေး နေ ပါတယ်။ ပြည်သူ လိုလား သော ဒီမို ကရေစီ အစိုးရ တက်မှ သာ သီးခြား ဘဏ်အကောင့် မှာ သိမ်းဆည်းထား တဲ့ ငွေ ကို ထုတ်ယူခွင့် ပေး ဖို့ ဖိအား ပေး ထား ပါ တယ်။ တနင်္ဂနွေနေ့ က အလွန် ပြင်းထန် တဲ့ အကြမ်းဖက် ဖြိုခွင်း မှု လုပ်ရပ် ကြောင့် မည်သည့် ငွေ မှ လက်ရှိ စစ်ကောင်စီ ကို မရောက် စေ ရ ဘူး လို့ လူ့အခွင့်အရေး အဖွဲ့ များ ကပြောဆို ပါ တယ်။

စစ်တပ် နဲ့ စစ်တပ် နဲ့ ပတ်သက် ဆက်နွယ် နေ တဲ့ လုပ်ငန်းများ ကို အတိအကျ ရှာဖွေ စုဆောင်း နေ တဲ့ မြန်မာနိုင်ငံပြည်တွင်း ပြည်ပ အဖွဲ့အစည်း များ က နောက်ထပ် ရ ရှိတဲ့ သတင်း များ ကို နိုင်ငံတကာ အင်အားကြီး နိုင်ငံ များမှ အစိုးရ တာဝန် ရှိသူ များ နဲ့ ပူးပေါင်း လုပ် ဆောင် နေ တယ်လို့ ရေး ထား ပါ တယ်။ သတင်း အပြည့်အစုံ ကို အောက် က လင့် မှာ ကြည့် လို့ ရပါတယ်၊ https://www.theguardian.com/…/woodside-among-global-oil

အမေရိကန် နိုင်ငံ အပါအဝင် အနောက်နိုင်ငံ များ မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံစစ်တပ် နဲ့ ပတ်သက် တဲ့ မိသားစု များအသိုင်းအဝိုင်း အဆက်အသွယ် များ နောက်စစ်တပ် နဲ့ ပတ်သက် ဆက်နွယ် တဲ့ စစ်တပ် ကို ထောက်ခံ တဲ့ ပုဂ္ဂလိက လူပုဂ္ဂိုလ်များ၊ စီးပွါးရေး လုပ် ငန်း များ ကို ရှာဖွေ ဖော်ထုတ် ပြီး သက်ဆိုင်ရာ အာဏာ ပိုင် နိုင်ငံ အဖွဲ့ အစည်း များ နဲ့ ဖိအားပေးနေ တာ များ လဲ ဖတ်နေ ကြားနေ ရ ပါ တယ်။ ဂျပန် နိုင်ငံ မှာ တောင် အလားတူ ကင်ပိန်း များ စတင် ဖတ်ရကြား လာ ရ ပါ တယ်။ တနင်္ဂနွေ နေ့ အင်အားသုံး ဖြိုခွဲ မှု က ဘယ် လို မှ လက်ခံ နိုင်စရာ မရှိ ဘူး လို့ စင်္ကာပူ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ပြောဆို တာ ကို လဲ နားထောင် ခဲ့ ရ ပါတယ်။ စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီး Vivian Balakrishnan က မြန်မာ နိုင်ငံ မှ ငြိမ်းချမ်းစွာ ဆန္ဒပြ နေ တဲ့ လူထု ကို အကြမ်းဖက် ဖြိုခွင်း မှု များ ကျည်ဆံအစစ် သုံး နေ မှု များ လူ့အခွင့်အရေး ချိုးဖောက် နေ မှု များ ကြောင့် အာဆီယံ နိုင်ငံ များအနေ နဲ့ အလွန် တုန်လှုပ် ခဲ့ ရ တယ် လို့ ဆို ပါ တယ်။ ဒေါ်အောင်ဆန်းကြည် နဲ့ သမ္မတ ကြီး ဉီးဝင်းမြင့် ကို လွှတ်ပေး ဖို့ ကို လဲ ထပ်မံ တောင်းဆို လိုက် ပါ တယ်။

မြို့ကြီး များစွာ မှာ မြန်မာ ပြည် သူ များ အား ဖိနှိပ် မှုများမလိုအပ် သော အကြမ်းဖက် ဖြိုခွင်း မှု များ ကို သတင်းများ ဗီဒီယိုများမှာ ကြည့်ရ မြင်ရ တာ အလွန်အမင်းတုန်လှုပ် ခြောက်ခြား ရ ပြီး စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရကြောင်း အာဆီယံ မိသားစု ဝင် များ ပါ ဝင် တဲ့ မြန်မာ နိုင်ငံနဲ့ ပတ်သက်တဲ့ လိုအပ် တဲ့ အစည်းအဝေး ကို ဒီနေ့ အင်္ဂါ နေ့ မတ်လ ၂ ရက် နေ့ မှာ စင်္ကာပူ နိုင်ငံ က ဉီးဆောင် ကျင်းပ သွား မယ် လို့ လဲ ပြော ပါ တယ်။ ယဉ်ကျေး တဲ့ လူ့ အဖွဲ့အစည်း မှာ လက်နက်မပါ တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြ နေ တဲ့ မြန်မာ ပြည်သူ လူထု ကို လက်နက်အင်အား သုံး ပြီး အကြမ်းဖက် အင်အားသုံး ဖြိုခွဲနေတာဟာ ဆင်ခြေပေးလို့ မရတဲ့လုပ်ရပ် မို့ ပြင်းထန်စွာရှုတ်ချ ကြောင်း ပြော ဆို ပါ တယ်။ မြန်မာ နိုင်ငံ ရဲ့ လက်ရှိ လုပ်ရပ် တွေ က ပြည်တွင်းရေး လို့သတ်မှတ် ခေါ်ဆို လို့ မရ တော့ ဘဲ အာဆီယံနိုင်ငံ ရဲ့ ဂုဏ်သိက္ခာ များ နဲ့ ပါ ပတ်သက် လာ နေ ပြီ လို့ သတိပေး ပြောဆိုပါ တယ်။

လုံခြုံ ရေး တပ် များကြောင့် သေဆုံး သွား သူ များကိုလဲ ဝမ်းနဲ ကြေကွဲ ရ ပါ ကြောင်း နောက် ဒဏ်ရာ ရရှိ သူများအတွက်လဲ အမြန်ဆုံးသက်သာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်လို့ ပြောပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက် ပြီး ထိန်းသိမ်း ခံ ထား ရ သူအားလုံး ကို ချက်ခြင်း လွှတ်ပေး ဖို့ အာဆီယံ မိသားစုများ ကိုယ်စား တောင်းဆို ကြောင်း နောက်ထပ် ဖမ်းဆီးမှုများ ကို လဲ အထူး ရှောင်ရှား စေ လို ကြောင်း ပြော ဆို သွားပါ တယ်။ စင်္ကာပူ နိုင်ငံ ခြား ရေး ဝန်ကြီး ပြော တဲ့ ဗီဒီယို ဖိုင် ကို အောက် က လင့် မှာ ကြည့် ပါ။https://www.youtube.com/watch?v=Zee6Zikv4r4&feature=emb_logo

သတင်း အပြည့် အစုံ ကို အောက် လင့် မှာ ကြည့် ပါ။ https://www.channelnewsasia.com/…/myanmar-singapore

…မတ်လ ၂ ရက် နေ့ အင်္ဂါနေ့ ဒီနေ့မှာ စင်္ကာပူနိုင်ငံကဉီးဆောင် ပြီး မြန်မာ နိုင်ငံ နဲ့ ပတ်သက် တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အစည်း အဝေး ကျင်းပမှာ ဖြစ်ပါတယ်။

အစည်းအဝေး ကျင်းပမဲ့သတင်းအပြည့် အစုံ ကို ရိုက်တာ သတင်းမှာကြည့်ပါ။

https://www.reuters.com/…/asean-foreign-ministers-to

မြန်မာပြည်အတွက် ကုလရဲ့နောက်ထပ်ခြေလှမ်း။

ကုလသမဂ္ဂ ဟာ မြန်မာပြည်အတွက် Independent Investigative Mechanism for Myanmar” ဆိုတဲ့ website တစ်ခုထူထောင်ပြီး​တော့ ၊ မြန်မာ့အ​ရေး ကို စတင်လုပ်ဆောင်နေပါပြီ။ https://iimm.un.org/

Facebook မှာလည်း https://www.facebook.com/MyanmarMechanism ဆိုတဲ့ Page ကို ထူ​ထောင်ထားလို့ မည်သူမဆို ဝင်​ရောက် ဖတ် ရှုနိုင်ပါတယ်။

Independent Investigative Mechanism for Myanmar

ဝါရှင်တန်ဒီစီမြန်မာသံရုံး။

ယနေ့ Washington DC မြန်မာသံရုံးမှာ မြန်မာသံအမတိကြီး မှ သေဆုံးသွားသောအာဇာနည် လူငယ်များ အား ဝမ်းနည်းကြောင်းပြသတဲ့အနေ့နဲ့ မြန်မာနိုင်ငံအလံအား တိုင်ဝက်ချခြင်း ဝမ်းနည်းကြောင်း တင်ထား တာ တွေ့ခဲ့ ရတယ်လို့ ဆန္ဒသွားပြသူတစ်ဦး က နေ့လည် ၂ နာရီလောက်က ဓာတ်ပုံ ရိုက်ယူ လာပါတယ်။ တဖန် State department မှ သတင်းရရှိသည်မှာလဲ အကြမ်းဖက်ဖြိုခွင်းခြင်းအား သံအမတ်ကြီးမှ လူသားခြင်းစာနာစွာဖြင့် ကန့်ကွက်ကြောင်းစာပေးပို့လာတယ်လို့ လဲ ကြားသိရပါတယ် ။

မနက် ဖြန် အဂါ် နဲ့ ဗုဒ္ဓဟူးနေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေအတွက် လည်း မြန်မာသံရုံးမှာ သွားရောက် ပြီး ဆုတောင်းဖို့ အစီ အစဥ်ရှိပါတယိ။

အဂ်ါ ညနေ ၄နာရီ မှ ၅ နာရီ ။

ဗုဒ္ဓဟူးနေ့မှာ ညနေ ၃ နာရီ မှ ၅ နာရီ

CRPH မှ ခေတ္တပြည်ထောင်စုဝန်ကြီးများခန့်အပ် တာဝန်ပေး။

ကြေညာချက်အမှတ်၊ (၁၁/၂၀၂၁) ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်

ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင်အစိုးရဖြစ်သော သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်သည့် ပြည်သူ့အစိုးရအား စစ်အာဏာသိမ်းအုပ်စုက အဓမ္မနည်းဖြင့်ဖယ်ရှား၍ အာဏာသိမ်းယူထားသည်ဖြစ်ရာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များသည် တာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေအနေ မရှိသောကြောင့် နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန် များကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၏ကိုယ်စား ဆောင်ရွက်ရန်အလို့ငှာ အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ယှဉ်တွဲပါဝန်ကြီးဌာန အသီးသီးတွင် ခေတ္တပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ် တာဝန်ပေးလိုက် သည်။

(၁) ဒေါ်ဇင်မာအောင် နိုင်ငံခြားရေးဝန်ကြီးဌာန

(၂) ဦးလွင်ကိုလတ် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန

(၃) ဦးတင်ထွန်းနိုင် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

(၄) ဒေါက်တာဇော်ဝေစိုး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပညာရေးဝန်ကြီးဌာန ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန

၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန်များကို ထိရောက်စွာ ဆောင်ရွက်ရန် အတွက် သင့်လျော်သည့် ပုဂ္ဂိုလ်များအား လိုအပ်သလို ဆက်လက် တာဝန်ပေးအပ်သွားမည် ဖြစ်သည်။

(ပုံ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ

Committee Representing Pyidaungsu Hluttaw – CRPH 

« Older Entries