Monthly Archives: Mar 2021

ပြည်မြို့တွင် ဆန္ဒပြကျောင်းသားတွေ ဝင်ပြေးတယ်လို့ဆိုကာ ရဲနဲ့စစ်သားက အဘွားတွေနေတဲ့နေအိမ်ထဲဝင်ရှာဖွေတာတွေပြုလုပ်ပြီး အလှူခံပုံးမှ ပိုက်ဆံ ဖောက်ယူသွား

မတ်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ပြည်မြို့ ၊ ခေတ္တရာမြို့သစ် ၊ ၂ လမ်းက အဘွားအို ၃ ဦး နေထိုင်တဲ့အိမ်တစ်အိမ်ကို ရဲနဲ့စစ်တပ်က ဆန္ဒပြကျောင်းသားတွေဝင်ရောက်ပြေးတယ်လို့ဆိုကာ အိမ်တံခါးရိုက်ချိုးဖျက်ဆီးပြီး အကြမ်းဖက်ရှာဖွေတာတွေဖြစ်ခဲ့ပါတယ် ။

ဒါ့အပြင် အိမ်အောက်က ဘုရားတည်ဖို့ စု​ဆောင်းလှူဒါန်းထားတဲ့ အလှူခံပုံး ၂ ပုံး ကိုလည်း ရိုက်ခွဲခဲ့ပြီး ပုံးထဲမှာရှိတဲ့ အလှူငွေ တချို့ကိုလည်းယူဆောင်သွားတယ်လို့သိရပါတယ် ။

“အိမ်ကအဘွားအို ၃ ယောက်နေတာပါ ကျောင်းသားတွေဖွက်ထားတယ်ဆိုပြီး ရွှေတံခါးဘက်ကနေပြန်လာရှာတာ အိမ်တံခါးကိုကျောက်တုံးနဲ့ထုဖွင့်ပြီး အပေါ်ထပ်ကိုတက်သွားတယ် အပေါ်ကအဘွားတွေနေတဲ့အိမ်အခန်းတံခါးတွေကိုလည်းဖျက်ဆီးသွားတယ် CCTV သုံးခုလည်းဖျက်ဆီးသွားတယ် အလှူခံပုံးနှစ်ပုံးကိုရိုက်ခွဲပြီးအလှူငွေတစ်ချို့လည်းယူသွားတယ်” လို့ ဖြစ်ပွားနေချိန်က အနီးပတ်ဝန်းကျင်မှာရှိတဲ့ မျက်မြင်သက်သေတစ်ဦးကပြောပါတယ် ။

ဒါ့အပြင် ခေတ္တရာမြို့သစ် ၁၃ လမ်း နေအိမ်တစ်အိမ်​ရှေ့ကဆိုင်ကယ်တွေနဲ့ စက်ဘီးတွေကိုလည်း ရဲတချို့ကဆဲရေးတိုင်းထွာပြီး လိုချင်ရင်စခန်းလိုက်ခဲ့ဟုဆိုကာ ကားပေါ်တင်ယူဆောင်သွားတယ်လို့သိရပါတယ် ။

Khit Thit

ရဲသတင်းပေးဆိုသူကို စစ်ကားနဲ့ ပြန်ခေါ်သွား

ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှာ ပြည်သူတွေက ရဲသတင်းပေးဟု ဖမ်ဆီးထိန်းသိမ်းခံထားရသူကို အင်အား ၁၄၀ လောက်ပါတဲ့ စစ်ကားနဲ့ ရဲကား ၇ စီးလောက် ရောက်လာပြီး ရဲသတင်းပေးဆိုသူကို ပြန်ခေါ်သွားပြီး ရပ်ကွက်နာရေးကူအသင်းမှ ၃ ဦးကို ဖမ်းသွားတယ်သိရပါတယ်။

RFA

မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်ကို ရဲများက မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်း

မတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းသပိတ်ကို ရဲများက မျက်ရည်ယိုဗုံးများ၊ သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ဆန္ဒပြပြည်သူများသည် ရဲတပ်ဖွဲ့မှ ပစတ်ခတ်စဉ် ထွက်ပြေးမရှိဘဲ တဖြည်းဖြည်းနောက်ဆုပ်််််််််််််််နေရာယူထားကာ ရဲတပ်ဖွဲ့မှ ပြန်ဆုတ်အချိန်တွင် လူပြန်စုပြီး ချက်ချင်း ပြန်လည် ဆန္ဒပြခဲ့ကြသည်။
သတင်နှင့်ရိုက်ကူး – Myanmar Now

« Older Entries