Monthly Archives: Mar 2021

မြစ်ကြီးနား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း ၂၂ ဦး CDM တွင် ပူးပေါင်းပါဝင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုဦးစီးမှူးနဲ့ အငယ်တန်းစာရေးတွေနဲ့ စာရင်းကိုင် စုစုပေါင်း ဝန်ထမ်း ၂၂ ယောက် မတ်လ ၆ ရက်နေ့က အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ DVBNews

အင်းစိန်ဂုံးတံတားပေါ်က ထဘီခံတက်ကို ရဲနဲ့ စစ်သားတွေ မီးရှို့

ရဲနဲ့ စစ်သားတွေဟာ အင်းစိန် သပိတ်ကို ဖြိုခွင်းပြီး ဂုံးတံတားပေါ် ချိတ်ဆွဲထားတဲ့ ထဘီခံတပ်ကို ဆွဲဖြုတ်ပြီး မီရှို့သွားခဲ့ပါတယ်။

မနေ့က မတ်လ ၅ ရက်နေ့ကလည်း ဂုံးတံတားပေါ်က အတားအဆီး တွေကို မီးရှို့ပြီး ထွက်ခွါသွားခဲ့သလို ဒီနေ့ မတ်လ ၆ ရက်နေ့ နေ့ခင်း ၁ နာရီခန့်မှာ ထဘီခံတပ်ကို ဖြုတ်ချပြီး မီးရှို့သွားခဲ့တာ ဖြစ်ပါတယ်။ democracy vision

မန္တလေးတွင် ကျည်ဆန်ထိမှန်သော အသက် ၂၀ အရွယ် မောင်နိုင်မင်းကို စစ်တပ် ၏ရိုက်နှက်မှုကြောင့် သေဆုံး

မန္တလေးတွင် မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်ခန့် မြတောင်ဘုန်းတော်ကြီးကျောင်းသို့ စစ်တပ်နှင့်ရဲက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ပစ်ခတ်အကြမ်းဖက်နှိမ်နင်းရာ အသက် ၂၀ မောင်နိုင်မင်းကို ခြေထောက် ကျည်ထိမှန်ခဲ့ရပြီးနောက် လဲကျစဉ် စစ်တပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံမျက်မြင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့က မောင်နိုင်မင်းကိုသည် ဆန္ဒပြသူများနှင့်ရှိနေစဉ် စစ်တပ်နှင့်ရဲက ဝင်ရောက်လာပြီး အကြမ်းဖက်ပစ်ခတ်ခဲ့ကြောင်း၊ယင်းနောက် ကျည်ထိမှန်ပြီး လဲနေစဉ် စစ်သားနှစ်ဦးက ခြေထောက်ဖြင့် မျက်နှာကို ကန်ခြင်း၊ မေ့မြောနေစဉ် ဒရွတ်တိုက်ဆွဲခေါ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ နောက်ပိုင်းတွင်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပခုံးပေါ် ထမ်း၍ ခေါ်ဆောင်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောဆိုသည်။

မောင်နိုင်မင်း ဖြစ်စဉ်အတွက် CCTV မှတ်တမ်းလည်းရှိနေကြောင်း သိရှိရသည်။မတ်လ ၅ ရက်နေ့ ညပိုင်းတွင် စစ်အာဏာသိမ်းကောင်စီဘက်က ဆန္ဒပြသူ မောင်နိုင်မင်းကိုသေဆုံးသည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် ဓားဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုက်ခိုက်၍ ပစ်ခတ်မှုကြောင့် သေဆုံးသွားခြင်းဟု ထုတ်ပြန်ထားသည်။

လတ်တလော မောင်နိုင်မင်းကိုသည် မန္တလေး ၈၈ လမ်းနှင့် ၄၃ လမ်းတွင် နေထိုင်သူဖြစ်ပြီး အမဖြစ်သူနှင့်နေထိုင်သူဖြစ်ကြောင်း၊ မိဘများမရှိတော့ကြောင်း သိရှိရသည်။ Khit Thit

« Older Entries