Monthly Archives: Mar 2021

မြစ်သားမြို့ ပညာရေးမှူးရုံးမှ ၁၈ ဦး အံတုပြီ

မြစ်သားမြို့ ပညာရေးမှူးရုံးမှ ၀န်ထမ်းများ ရာနှုန်းပြည့်နီးပါး အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါ၀င်လာသည်။ စစ်ကောင်စီကို အံတုသည့် ရုံးဝန်ထမ်း ၁၈ ဦး ရှိလာကြောင်း၊ ကျန်နေသည့် ၀န်ထမ်း သုံးလေးဦးထဲတွင် ပညာရေးမှူး/ ဒုတိယပညာရေးမှူးတို့ ပါ၀င်ကြောင်း သိရသည်။ myanmar now

တရားမဝင်အာဏာသိမ်းစစ်ကောင်စီအား သစ္စာခံ၍ CDM လှုပ်ရှားမှု မဆောင်ရွက်သည့် ဝန်ထမ်းများ သာ နိုင်ငံ့ဝန်ထမ်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်ကြောင်း ကြေညာ

အင်အားသောင်းချီသည့်ထိုင်သပိတ်ကို စစ်တပ်လာဖြိုခွင်းကာ မျက်ရည်ယိုဗုံးများနဲ့ပစ်ခတ်

မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့ ၈၉လမ်းအနီးထိုင်သပိတ်လုပ်နေသည့် သပိတ်ပေါင်းစုံလူခွဲခါနီးမှာ စစ်တပ်က လာရောက်လူစုခွဲဖို့ ကြိုးစားပြီး မျက်ရည်ယိုဗုံးများနှင့်ပစ်ခတ်ခဲ့သည်။လက်ရှိရရှိထားသည့် သတင်းအရ ထိခိုက်ဒဏ်ရာရရှိသူမရှိသေးသော်လည်း ဖမ်းဆီးခံလူစာရင်းကိုမူ မသိရသေးပေ။ mizzima

စစ်ကောင်စီတပ်ဖွဲ့များလွယ်လင့်တကူလာရောက်အကြမ်းမဖက်နိုင်ရန် ပြည်သူတို့ချထားသည့် အတားဆီးများကို မတ် ၇ ရက် နံနက်ပိုင်းက စစ်တပ်နှင့်ရဲက မီးရှို့ဖျက်ဆီး

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းပေါ်ရှိ ပေါက်တောဝ၌ စစ်ကောင်စီတပ်ဖွဲ့များလွယ်လင့်တကူလာရောက်အကြမ်းမဖက်နိုင်ရန် ပြည်သူတို့ချထားသည့် အတားဆီးများကို မတ် ၇ ရက် နံနက်ပိုင်းက စစ်တပ်နှင့်ရဲက မီးရှို့ဖျက်ဆီးသည်။ myanmar now

« Older Entries Recent Entries »