Monthly Archives: Mar 2021

မတ်လ ၈ ရက်နေ့ဆန္ဒပြပွဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို အလယ်ဗဟိုလမ်းမှာ စစ်အုပ်စုက ပိတ်ဆို့ထား

မတ်လ ၈ ရက်နေ့ဆန္ဒပြပွဲမှာ ပိတ်မိနေတဲ့ လူငယ်တွေကို အလယ်ဗဟိုလမ်းမှာ စစ်အုပ်စုက ပိတ်ဆို့ထားပါတယ်။ ဒေသခံတွေက လမ်းဖွင့်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လက်မခံဘဲ သေနတ်ပစ်ဖောက် လူစုခွဲခံရပြန်ပါတယ်။ ပြည်သူတွေက ငါတို့လမ်းကို ငါတို့ပြန်ပေးလို့ ကြွေးကြော်နေကြပါတယ်။myanmar for you

KIA တပ်မဟာ ၆ နဲ့ အာဏာရှင် တပ် မတော် တိုက်ပွဲပြင်းထန်

၈-၃-၂၀၂၁ ယခုမနကိ ၈:၀၀ KIA နဲ့ တပ်မ၉၉ ဒီမာ လွန်ဂါးရွာ အနီးတိုက်ပွဲ ပြင်းထန်နေပါတယ်

ညဖက်မှာလဲ မူဆယ် ကွတ်ခိုင်ကြား နမ့်အုမ် မှာ
KIA ဘက်မှ ခြုံခိုတိုက်ခိုင် စနိုက်ဘာနဲ့ပစ်ပြီ
တိုက်ပွဲပြင်းထန်ရာ တပ်မတော်မှ အကျအဆုံးများကြောင်းကြားသိရသည်။

ဝိုင်းမော်သပိတ်စစ်ကြောင်း ရဲကားဖြင့် ဝင်တိုက်ခံရ။

ဝိုင်းမော်မြို့ အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းကို ရဲကားဖြင့် ဝင်တိုက်ပြီး လူစုဖြိုခွဲခံခဲ့ကြောင်းသိရသည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် လူအုပ်ကြား ရဲကားဖြင့် ဝင်တိုက်မူကြောင့် ဆန္ဒပြပါဝင်သူတစ်ချို့ ဒဏ်ရာရှိသူလည်းရှိကြောင်း လူငယ်တစ်ဦးထံမှသိရသည်။ kachin news

တရုတ်သစ်သီးအရေးတော်ပုံအောင်ရမည်

အိမ်ရှင်မတွေညီစေနော်👌🏻

တရုတ်သစ်သီးအရေးတော်ပုံအောင်ရမည်✊🏻✊🏻✊🏻အခုဆိုတရုတ်နယ်စပ်ကသစ်သီးဒိုင်တွေလန့်နေကြပြီမြန်မာဆိုတာနဲ့ အထင်သေးပြီးအကြည့်ခံ အနှိမ်ခံရတာကျယ်ခေါင်လောက်ရောက်ဘူးတယ်ဆိုရင်ကိုသိကြတယ်ငါတို့ပြည်သူတွေက ချတွေ လိုပဲ အောက်ခြေက စပြီးဖြိုကြမယ်မြန်မာကိုသွားမလုပ်နဲ့ ညီညွတ်တယ် စည်းရုံးတယ်တကယ်လုပ်ကြတယ်ဆိုတာကို သိစေရမယ်တရုတ်သစ်သီး Boycott လူအများကြီး မလိုဘူး အိမ်ရှင်မတွေညီတယ်ဆိုရင်ရပြီ

#တရုတ်သစ်သီးအရေးတော်ပုံအောင်ရမည်

ဒေါက်တာဆာဆာနဲ့ RFA သီးသန့်ဆက်သွယ်မေးမြန်းချက်

ဒေါက်တာဆာဆာနဲ့ RFA သီးသန့်ဆက်သွယ်မေးမြန်းချက်
***********************************
R2P လို့ခေါ်တဲ့ အကာအကွယ်ပေးရန်တာဝန်ရှိခြင်းဆိုတဲ့ ကုလသမဂ္ဂရဲ့အကူအညီရနိုင်ချေ ဘယ်လောက်ရှိလဲ၊ ဖယ်ဒရယ်ပြည်ထောင်စုတပ်ဖွဲ့ဆိုတာတကယ်ဖြစ်လာမှာလား၊ ပြည်သူ့အပေါ် အကြမ်းဖက်တဲ့စစ်ခေါင်းဆောင်တွေကို ICC အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ် အရေးယူနိုင်လား၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ သဘောထားဘယ်လိုတွေ့ရလဲ၊ CRPH၊ လူထု၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ နိုင်ငံတကာအကူအညီဆိုတဲ့ အင်အားစုလေးမျိုး ဟန်ချက်ညီပေါင်းစပ်နိုင်မလားဆိုတာတွေနဲ့ပတ်သက်လို့ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော်မတီက ခန့်အပ်ထားတဲ့ ကုလသမဂ္ဂဆိုင်ရာမြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်မေးမြန်းထားတာ ကြည့်ရှုနားဆင်နိုင်ပါပြီ။

RFA Burmese

“စစ်အာဏာသိမ်းအဖွဲကိုဖြုတ်ချဖို စစ်ရေးအရအကောင်းဆုံးအချိန်”


UNSCရဲ့ Resolution တွေ၊ R2P တွေ ဝင်မယ် မဝင်ဘူးအငြင်းပွားနေချိန်မှာ စစ်အာဏာသိမ်းတပ်ဖွဲတွေ တပ်ရင်းတပ်ဖွဲတွေ စစ်လက်နက်တွေ၊ သံချပ်ကာကားကြီးတွေ လေယာဉ်ပစ်အမြောက်တွေ ပြင်ဆင်ထုတ်ပြလာပြီး၊ ရုရှားထုတ် antique လေယာဉ်တွေနဲ့ တက်သုတ်ရိုက်ပြင်ဆင်လာတာကို ကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင်တွေမထူးဇာတ်ခင်းနေပြီးဆိုတာ လူထုတွေသဘောပေါက်ကြတယ်…

ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားစေတီတွေနဲ့ဘာသာရေးအဆောက်အအုံတွေမှာ တပ်စွဲခြင်းအားဖြင့် လူထုကို အကြမ်းဖက်ဖြိုခွင်းမယ်ဆိုတာထက် လူသားဒိုင်း၊ ဘာသာရေးတံတိုင်းတွေကိုအသုံးချပြီး အကြမ်းဖက်အဖွဲစည်းတွေရဲ့နည်းကို သုံးနေတာ လူ့အန္ဓတွေရဲ့ ယုတ်မာတဲ့စိတ်ဓာတ်ကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေသလိုပဲ…
မြန်မာစစ်ခေါင်းဆောင်တွေအနေနဲ့ သူတိုရဲ့လမ်းကို သစ္စာခံတပ်တွေနဲ့ခုခံကာကွယ်ခိုင်းပြီး ကိုယ်လွတ်ရုန်းဖိုကြံစည်နေကြပေမယ့် ကိုယ်ထောင်ထားတဲ့ထောင်ချောက်ထဲမှာ နက်နက်ရှိင်းရှိင်းတိုးဝင်မိလျှက်သားဖြစ်တာကို သတိပြုမိဟန်မတူတော့ဘူး…သူတိုနောက်ဆုံးအတွေးက ၎င်းတိုရဲ့အသက်နဲ့ မိသားစုတွေရဲ့ လုံခြုံမှုနဲ့ပိုင်ဆိုင်
ထားတဲ့ဓနဥစ္စာအတွက် လောင်းကြေးထပ်ပြီး ကစားနေတဲ့အတွက်လက်ကိုင်တုတ်တပ်တွေကို ကမ္ဘာမီးလောင် သားကောင်ချနင်းမယ်အကြံနဲ့ထိုးကြွေးနေကြတယ် … မိုက်ဇာတ်သိမ်းဖို တဲတဲလေးလိုတော့တယ်…

စစ်အာဏာရှင်အုပ်စုတွေအတွက် သေတွင်းကိုပိုတဲ့အချက်က

  • လူထုတွေ အထူးသဖြင့် Gen-Zee လူငယ်တွေရဲ့ အသေခံပြီးအကြမ်းမဖက်တိုက်ပွဲဝင်နေကြတယ်… ကြောက်မလားလို သေနတ်ကျည်အစစ်တွေ၊ auto machine gunတွေ နဲ့ပစ်ခတ်ဖြိုခွင်း ၊ စစ်ပွဲမှာတောင်ခွင့်မပြုတဲ့နည်းတွေနဲ့(ဂျီနီဗာစစ်သုံပန်းဥပဒေ)ကို ဖောက်ဖျက်ပြီး ပရဟိတ၊လူနာတင်ကားတွေကိုပစ်ခတ်တာ ပရဟိတလူငယ်တွေကိုဖမ်းဆီးပြီး သေဆုံးတဲ့အထိ ရိုက်နှက်တာတွေက လူထုရဲ့အုံကြွမှုကိုအရှိန်ကောင်းလာစေပြီး အာဏာရှင်စနစ်ကို အပြီးတိုင်ရိုက်ချိုးပစ်ဖို တွန်းအားဖြစ်လာစေခဲ့တယ်…လူထုရဲ့တိုက်ပွဲဝင်မှုက ဖွဲမီးထဲကို စစ်အာဏာရှင်လက်ကိုင်တုတ်တွေရဲ့ ရက်စက်ယုတ်မာကြမ်းကြမ်းမှုတွေက ထင်းတုံးကြီးပစ်သွင်းလိုက်သလိုအမျိုးသားရေးစိတ်ဓာတ်တွေ တဟုန်ထိုးမြင့်တက်လာပြီး အကြမ်းမဖက်တိုက်ပွဲဝင်နေကြတာ ကမ္ဘာနိုင်ငံတွေက ပြည်သူလူထုတွေကို အံအားသင့်စေခဲ့တယ်.. တော်လှန်ရေးခေါင်းဆောင် အာနက်စတိုချီဂွေဗားရားနဲ့ မဟာတ္တမဂန္ဓီကြီးရဲ့ နည်းလမ်းတွေကို Version မြင့်ပြီး Revolution လုပ်လိုက်တဲ့အချက်ပဲ…
  • CDMလိုခေါ်တဲ့ အစိုးရအာဏာဖီဆန်မှုကြောင့်လည်း အစိုးရယန္တယားတွေရပ်ဆိုင်းပြီး၊ ပြည်တွင်း ပြည်ပငွေကြေးစီးဆင်မှုတွေပြတ်တောက်သက်ဆိုင်ရာနယ်ပယ်အသီးသီးက ဩဇာတိက္ကမရှိသူတွေက ပူးပေါင်းပါဝင်လာမှုတွေ ဆရာဒေါက်တာဇော်ဝေစိုးလို အရှိန်အဝါကြီးသူတွေက အသက်ခန္ဓာစွန့်လွှတ်ပြီး ပါဝင်ဆောင်ရွက်မှုတွေကြောင့် စစ်အာဏာရှင်တွေ မျက်ကလဲဆံပြာဖြစ်ပြီး အကျပ်ရိုက်စေခဲ့တယ်… လူထုဘက်ကလည်းMoral Supportတွေဖြစ်စေပြီး သည်Waveတွေက နှစ်ပေါင်းများစွာတိုင်းပြည်ရဲ့အဆီအနှစ်တွေ၊ မလိုင်ဖက်တွေကို ခူးခပ်စားသုံးနေတဲ့ စစ်တပ်အသိုင်းအဝိုင်း Eliteတွေကို မြောင်းထဲရောက်သွားစေတဲ့အချက်ပဲ… လူထုကိုယ်တိုင်ကလည်း အနစ်အနာခံပြီး CDMမလုပ်တဲ့သူတွေ၊ စစ်ဖက်ရဲဖက်ဝင်မိသားစုတွေကို Social Punishment လုပ်၊ စားဝတ်နေရေးကိုရုန်းကန်နေရတဲ့ကြားထဲက CDMဝန်ထမ်းတွေကို ထောက်ပံ့ကူညီပေးတာတွေ၊ ဆန္ဒပြကြတဲ့လူငယ်တွေကို တက်နိုင်သမျှပံ့ပိုးကူညီတာတွေအပြင် အကြမ်းမဖက်ဆန္ဒပြနေတဲ့GenYZတွေအတွက် စစ်တပ်လက်ကိုင်တုတ်တွေ ရုတ်တရတ် မဖြိုခွင်းနိုင်အောင် ထမိန်တန်းခံတပ်ကြီးနဲ့ကာကွယ်ပေးလိုက်တာ GenX မိန်းမတွေရဲ့ ဖြတ်ထိုးဉာဏ်ကောင်းမှုကို လေးစားမိတယ်… Gen-Zeeတွေ လူစုခွဲနိုင်အောင် ထိပ်တိုက်မတွေ့နိုင်အောင် ကာကွယ်ပေးနိုင်အောင် စစိမိစ္ဆာတပ်တွေရဲ့အယူသည်းမှုကို အသုံးချနိုင်ခဲ့တယ်…ပြော
    ရမယ်ဆိုရင် လူထုရဲ့ညီညွတ်မှုမှာ ပြောမဆုံးပေါင် တောသုံးတောင်ပဲ…
  • နောက်ဆုံးအချက်နဲ့ ဖေဖော်ဝါရီ၄ရက်က ဖွဲစည်းလိုက်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုလွှတ်တော် CRPH အရွေ့ဟာ နှေးနှေး–မှန်မှန်–မြန်မြန်တိုးတက်လာတဲ့အချက်ပဲ… Legitimate Government ဖြစ်ဖို protocol, dejureအဘက်ဘက်က မပြည့်စုံသေးပေမယ့် ဒေါက်တာဆာဆာနဲ့ ဦးထင်လင်းအောင်တိုကို CRPHရဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့ နိုင်ငံတကာကိုယ်စားလှယ်အဖြစ်ခန့်အပ်ပြီး စစ်အုပ်စုတိုရဲ့ UNနဲ့နိုင်ငံတကာမှာ တရားဝင် legitimate ရဖိုကြိုးစားမှုကို စတင်ဟန့်တားနိုင်ခဲ့တယ်…ဖေဖော်ဝါရီ၂၆ရက် အလွတ်သဘောခေါ်ယူခဲ့တဲ့ UNGA Meeting မှာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ဒေါ်အောင်ဆန်းစုကြည်အစိုးရနဲ့ CRPHဘက်က ထောက်ခံကြောင်း လက်သုံးချောင်းထောင်ပြီး ပြည်သူလူထုဘက်က ကတိပြုလိုက်တဲ့အခါ စစ်သိမ်းအုပ်စုရဲ့UNနဲ့ နိုင်ငံတကာမှာ တရားဝင်မှုမဲ့ပြီး သူပုန်အာဏာလုအဖွဲအစည်းဖြစ်သတ်မှတ်ခြင်း ခံလိုက်ရတယ်…


သေချင်တဲ့ကျားတောပြောင်းသလိုဖြစ်တဲ့ စစ်သိမ်းအုပ်စုဟာ အကြမ်းဖက်ဖြိုခွင်းမှုတွေကမ်းကုန်အောင်လုပ်ခဲ့တယ်… ထိရင်ကြွ ဖိရင်ချတဲ့လူထုဟာလမ်းမပေါ်ကို အလုံးအရင်းနဲ့တက်လာပြီး ကြောက်စိတ်ကင်းမဲ့စွာနဲ့အကြမ်းမဖက်မှုကို ဆက်ကိုင်ပြီးတော်လှန်ခဲ့တယ်…CRPHကလည်း အစိုးရအဂါၤရပ်ပြည့်စုံအောင် ဝန်ကြီးလေးဦးကိုခန့်အပ်ခဲ့ပြီး ဆရာဇော်ဝေစိုးရဲ့ပါဝင်မှုဟာ လူထုကသူတိုရဲ့အောင်မြင်မှုကမဝေးတော့ဘူးဆိုတာ တန်းမြင်ခဲ့တယ်…CRPH မတ်လ၄ရက်မှာ ထုတ်တဲ့Statementမှာ ၂၀၀၈ဖွဲစည်းပုံဖျက်သိမ်းရေး၊ တိုင်းရင်းသားဖက်ဒရယ်တပ်မတော်ပေါ်ပေါက်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်ပေါ်ပေါက်ရေး၊
ပင်လုံကိုအခြေခံထားတဲ့ ဖွဲစည်းပုံအသစ်ပေါ်ပေါက်ရေးတွေ ပါရှိလာတာ စစ်မှန်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေအတွက် မျှော်လင့်ချက်ပေးလိုက်သလို ဖြစ်ခဲ့တယ်…

သည်နေရာမှာ အန္တိမရည်မှန်းချက်ကို အကောင်အထည်ဖော်တာ ဒေါက်တာဆာဆာဖြစ်ပါတယ်… UNSC ဆွေးနွေးပွဲမတိုင်ခင်မတ်လ၃ရက်နေ့ Bloody Wednesday Video-Fileတွေကို ကုလလူ့အခွင့်အရေးကိုယ်စားလှယ်သောမက်အင်ဒရူးစ်နဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာအထူးကိုယ်စားလှယ်ကို ပြပြီး
R2P ဝင်ဖို အချက်ပြပေးခဲ့တယ်… တရုတ်နဲ့ရုရှားက Vetoနဲ့စစ်သိမ်းအုပ်စုကို ကာကွယ်ပေးလာနိုင်တဲ့အချက်ကိုကြည့်ပြီးပြစ်ချက်ဟောင်းရှိတဲ့ စစ်သိမ်းခေါင်းဆောင်နဲ့ဒုခေါင်းဆောင်တို ကျူးလွန်ခဲ့တဲ့ ၂၀၁၇ ဩဂုတ်၂၅ရက် North Rakhine Confilct ကိုပြပြီး ICC ဝင်ဖို alert လုပ်ပေးခဲ့တယ်…

အထူးဥပဒေပညာရှင်တွေကို ငှါးရမ်းပြီး Rome Statuteကို ၁၂၄နိုင်ငံမြောက်အဖြစ် လက်မှတ်ထိုးပြီးရင်တော့ တရုတ်နဲ့ရုရှားကို ဂရုစိုက်စရာမလိုတော့ပဲ UNနဲ့အနောက်အုပ်စုက ဖမ်းဝရမ်းပြပြီး တပ်ချုပ်၊ ဒုတပ်ချုပ်၊ တပ်မ၃၃တပ်မမှူးဗိုလ်မှူးချုပ်အောင်အောင်(ယခု-အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်)နဲ့ တပ်မ၉၉ တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦး(ယခု- တပ်မတော်အရံအင်အားစာရင်း) ကို ဝင်ဆွဲနိုင်ပြီးဖြစ်တယ်….

ကောင်းပြီ…
ဒီအချက်တွေက လာမယ်၊ ကြာမယ်ဆိုရင်လည်း လက်တွေ့နဲ့နီးစပ်တဲ့နောက်ထပ်လမ်းကြောင်းတစ်ခုကို ဒေါက်တာဆာဆာက အရိပ်အမြွတ်ဖော်ပြထားပြီးဖြစ်တယ်… CRPH ထုတ်ပြန်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကနေ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲမယ့် ကိစ္စပဲ… ဒေါက်တာဆာဆာဟာ သူရဲ့ပရဟိတနဲ့ Personal imageတွေ သုံးပြီးမတ်လ၅ရက်မှာ KNU ဒုဥက္ကဌဖဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး ဖဒိုစောတာဒိုမှူးတွေနဲ့ဆွေးနွေးခဲ့သလို၊ မတ်လ၆ရက်နေ့မှာ RCSS/SSA အဖွဲနဲ့ အနာဂတ်ဖက်ဒရယ်တပ်မတော်ပုံစံကို ပုံဖော်ခဲ့တယ်… ပြည်သူ့ကာကွယ်ရေးအဖွဲဖွဲဖို လူထုကလည်း စာရင်းပေးနေကြတာ
ဆယ်လီကြီးတွေဖြစ်တဲ့ Rဇာနည်ကအစ စစ်မှုထမ်းဖိုအားတက်သရော ရှိနေကြတယ်… စစ်ရေးအကောင်းဆုံးဖြစ်တဲ့ KNU/ KNLAကလည်း သူတိုရဲ့လက်နက်ကိုင်တော်လှန်ရေးအပြီးသတ်ဖို ပြည်နယ်အုပ်ချုပ်ရေးမှာ ပါဝင်ခွင့်ရဖို ခြေလှမ်းကနီးကပ်လာပြီးဖြစ်တယ်…. RCSSအနေနဲ့လည်းNCAလက်မှတ်ရေးထိုးထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အဆိုပြုထားတဲ့ ဖက်ဒရယ်ပင်လုံမူ-ထားတဲ့ဖက်ဒရယ်ပင်လုံမူ၆ချက်ကို လက်ခံကြိုဆိုထားတဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်မှာ ပါဝင်လာဖိုများတယ်… အကျိုးအမြတ်မရှိရင် RCSSလည်း ဆွေးနွေးမှာမဟုတ်ဘူး… အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲမှာ နိုင်ငံရေးအကောင်းဆုံးဖြစ်တဲ့ KIA/KIO ပါဝင်လာဖို CRPHနဲ့ ဒေါက်တာဆာဆာတို ဆွဲဆောင်နိုင်ဖိုလိုတယ်… KIAဟာ ဘေးကျပ်နံကျပ်ဖြစ်နေပေမယ့် USနဲ့China မှာ USဘက်ကို ရွေးဖို သူတိုရဲ့Frameက USကို အခြေခံထားတယ်…

ဒေါ်အောင်ဆန်းစုကြည် ပုံဖော်ပြီး သားရဲတွင်းဆင်းကစားချိန်မှာချန်ထားခဲ့တဲ့ နောက်ထပ်သူတစ်ဦးကတော့ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်ပါ… ကျနော်ကိုယ်တိုင်မထင်ခဲ့မိဘူး… CRPHနဲ့ ဒေါက်တာဆာဆာတိုသာချန်ထားခဲ့တယ်ထင်မှတ်ခဲ့ပေမယ့် ၂၀၀၈ဖွဲစည်းပုံကိုဖျက်သိမ်းရင်၊ စစ်သိမ်းအုပ်စုက သူတိုကိုယ်တိုင်အာဏာသိမ်းပြီးဖျက်ခဲ့ရင် ဖွဲစည်းပုံကိုအသစ်ရေးဖို planဆွဲထားတယ်ဆိုတာ ဒေါက်တာဆလိုင်းလျန်မှုန်ဆာခေါင်ကို PPSTရဲ့ဒုဥက္ကဌအဖြစ် ခန့်အပ်မှုကနေ သိလိုက်ရတယ် …

သည် Flowကို ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၉ အောက်တိုဘာ၂၈ ချက်မှာ ပင်လုံမူ၆ချက်ကို ထုတ်ပြန်ပြီး Road Mapချပေးလိုက်တယ်… တိုင်းရင်းသားတွေတစ်စိုက်မတ်မတ် တောင်းဆိုခဲ့တဲ့ ၁၉၄၇ ပင်လုံမူကိုအခြေခံတဲ့ ပင်လုံစာချုပ်မူကို ချပြလိုက်တဲ့အခါ တိုင်းရင်းသားခေါင်းဆောင်တွေနှစ်ခြိုက်ခဲ့ကြတယ်…စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိင်က ခါးခါးသီးသီးငြင်းပယ်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ compromiseလုပ်ခဲ့တယ်… သည်ထဲမှာ ပြည်နယ်ဖွဲစည်းပုံတွေရေးဆွဲဖို၊ ဗဟိုအုပ်ချုပ်မှုနဲ့ ပြည်နယ်/တိုင်းဒေသအုပ်ချုပ်မှုပေါင်းစည်းပြီး ရှေ့ဆက်သွားဖို၊ Self-determination
ဖော်ဆောင်ဖိုအတွက် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ၁၉၄၇ ဖွဲစည်းပုံအခြေခံဥပဒေကို ကျောရိုး(backbone)ယူပြီး ပင်လုံအခြေခံမူနဲ့ကိုက်ညီအောင် ရေးဆွဲကြဖိုပါရှိတယ်…


နောက်ထပ်လျှိဝှက်ချက်တစ်ခုကို မြင်လိုက်ရသေးတယ်…၂၀၀၅ မှာ တိုင်းရင်းသားခေါင်းဆောင်တွေ ရေးဆွဲခဲ့တဲ့ဖက်ဒရယ်မူကြမ်း ဖွဲစည်းပုံဖြစ်ပါတယ်…သည်အချိန်မှာကုလအထူးကိုယ်စားလှယ်ဖြစ်ခဲ့တဲ့ဂမ်ဘာရီက တိုင်းရင်းသားတွေရေးဆွဲထားတဲ့ဖက်ဒရယ်မူကြမ်းနဲ့ စစ်တပ်ကပြဌာန်းထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံကို ပေါင်းစည်းပြီးရေးဆွဲဖိုကုလလုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်…သိုသော်ဗိုလ်သန်းရွှေဟာ နာဂစ်မုန်တိုင်းကိုဗန်းပြပြီး ၂၀၀၈ဖွဲစည်းပုံဥပဒေကိုတက်သုတ်ရိုက်ပြီး ပြဌာန်းခဲ့တယ် … သည် ၂၀၀၅ ဖက်ဒရယ်ဖွဲစည်းပုံအခြေခံဥပဒေမူကြမ်းကို ဒေါ်အောင်ဆန်းစုကြည်ဟာ ဖတ်ရှုခဲ့ပြီး သဘောကျလို ၂၀၁၉ အောက်တိုဘာ
၂၈ရက်မှာ ပင်လုံမူ-၆ချက်ကို ထုတ်ပြန်ပေးခဲ့တယ်…ဖွဲစည်းပုံဥပဒေအသစ်လက်ကိုင်ရှိပြီးဖြစ်တဲ့ CRPHအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ အထူးသဖြင့် KNU/KNLA RCSSနဲ့ ဖက်ဒရယ်တပ်မတော်သာဖွဲနိုင်ခဲ့ရင် KIAအနေနဲ့ ကျိန်းသေပေါက်ပါလာမှာပဲ… ချင်းတပ်ဦးကလည်းပါလာဖိုရှိတယ်…
CRPHသာ တရားဝင်အစိုးရအဖြစ် အဘက်ဘက်ပြည့်စုံလာပြီးဆိုရင် ဖက်ဒရယ်တပ်မတော်ထောင်ဖို USက ထိန်းသိမ်းထားတဲ့ ဒေါ်လာ ၁ဘီလျံ ကို ထုတ်ယူတာပဲဖြစ်ဖြစ်၊ စစ်လက်နက်တွေတပ်ဆင်ဖို လုပ်တာပဲဖြစ်ဖြစ်တရားဝင်တောင်းဆိုလိုရပြီးဖြစ်တယ်… ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဖွဲပြီး KNUတပ်မှူးတွေက စစ်သင်တန်းပေးဖွဲစည်းရင် စစ်အာဏာသိမ်းအဖွဲကိုဖြုတ်ချဖို စစ်ရေးအရအကောင်းဆုံးအချိန်ပဲ…

UNကိုလည်း အကူအညီတောင်းစရာမလိုသလို၊ R2Pလည်း မဝင်နဲ့… ရတယ်… ICCလည်း မလိုတော့ဘူး… US အနေနဲ့လည်း စစ်ရေးစရိတ်အကုန်အကျခံပြီးဝင်စရာမလိုသလို Droneတွေနဲ့ ရှင်းပေးဖိုလည်းမတောင်းဆိုတော့ဘူး… ကိုယ့်အားကိုယ်ကိုးပြီး ချမယ်… စစ်လက်နက်ငယ်တွေနဲ့ ပုံမှာပြထားတဲ့ ပြင်သစ်စစ်သားရဲ့ ဂျက်အင်ဂျင်နဲ့လက်နက်ငယ်အပြည့်အစုံတပ်ဆင်ထားတဲ့ပုံစံကို ချပေးဖိုပဲလိုတယ်…. စစ်လက်နက်ငယ်တွေ ဒေါ်လာသန်း၃၀၀ဖိုးနဲ့ ပြင်သစ်စစ်သားရဲ့ တပ်ဆင်ထားတဲ့တန်ဖိုးက ဒေါ်လာ၅၀၀၀၀-၈၀၀၀၀ကြားမှာ special တပ်ဖွဲ ၂၀၀ ပဲလိုအပ်တယ်… ကျန်တဲ့ ဒေါ်လာသန်း၆၀၀ကို နိုင်ငံပြန်လည်တည်ဆောက်ဖိုနဲ့ လူထုရဲ့စားဝတ်နေရေးအတွက် သုံးမယ်…

တရုတ်ကဝင်စွက်ဖက်လာရင်တော့ USအနေနဲ့ သူ့ပြည်တွင်းရေးပါလို ပြောပြီး ထိန်းထားပေးဖိုလိုတယ်… သူရဲဘောကြောင်တဲ့(Cowardice) စစ်မိစ္ဆာတွေရဲ့ လက်ကိုင်တုတ်တွေက ပြည်သူကာကွယ်ရေးတပ်မတော် သို ဖက်ဒရယ်တပ်သာ ဖွဲလာခဲ့ရင် သည်လိုယုတ်မာစက်ဆုပ်စွာ လုပ်နိုင်မလားဆိုတာကိုတော့…
Written by:
A. M. H#(Irony)

« Older Entries