Monthly Archives: Mar 2021
ဖျာပုံ အကြမ်းဖက်ဖြိုခွင်းမှု တစ်ဦးကျဆုံး
ဒီနေ့ နေ့လည်ပိုင်းက ဖျာပုံမြို့သပိတ်စစ်ကြောင်းအတွင်း ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆို ဆန္ဒပြသူတွေကို လက်နက်ကိုင်ရဲတွေက ပစ်ခတ်ဖြိုခွင်းမှုအတွင်း အမျိုးသားတစ်ဦး ကျဆုံးခဲ့ပါတယ်။
ဖျာပုံမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ အောင်သပြေ(၄) လမ်းနေ မောင်သီဟဦး (၃၀)နှစ်ဟာ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ထိမှန်ပြီး သေဆုံးခဲ့တာပါ။သူ့ရဲ့ ဇနီးနဲ့ ၆ အရွယ် သမီး၊ ၁နှစ်ကျော်သာရှိသေးတဲ့ သားတစ်ဦး ကျန်ခဲ့တယ်လို့ ဖခင်ဖြစ်သူထံကသိရပါတယ်။
သူဟာ ဆေးခန်းအရောက်မှာအသက်ပါမလာခဲ့ပါဘူး ခွဲစိတ်စစ်ဆေးမှုတော့ မလုပ်လိုက်ရတဲ့အတွက် ကျည်အစစ်လား ရာဘာကျည်လားဆိုတာ အတိအကျပြောလို့မရဘူးလို့ စစ်ဆေးပေးတဲ့ ဆရာဝန်တစ်ဦးကပြောပါတယ်။ဖျာပုံသပိတ်စစ်ကြောင်းကို ဖြိုခွဲခံရမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူတစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၆ ဦးရှိခဲ့ပါတယ်။ Delta News Agency




မေမြို့ သပိတ်စစ်ကြောင်းကို အကြမ်းဖက် စစိအုပ်စုမှ စတင်ဖြိုခွဲနေ
ဖျာပုံတွင် အကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ် ဖြိုခွဲနေအကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ် ဖြိုခွဲနေ
မြစ်ကြီးနားတွင် မကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ်မူကြောင့် သေဆုံးသူများရှိ




မြစ်ကြီးနား – သပိတ်စစ်ကြောင်းလိုက်လံဖြိုခွင်း နေတဲ့သူတွေက်ို Sister Ann Rose Nu Tawngမှ ရဲများအား တောင်းပန်နေ
မန္တလေးမြို့ စစ်အာဏာရှင်ဆန့် ကျင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြီး ပြန်လာတဲ့ အင် ဂျင်နီယာသပိတ်စစ်ကျောင်းကို အာ ဏာသိမ်း စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပူး ပေါင်းပြီး ဥပဒေမဲ့အကြမ်းဖက်ခဲ့
မန္တလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး
မန္တလေးတွင် အကြမ်းဖက် စစ်အုပ်စုမှ စစ်ကားဖြင့် ဝင်တိုက်မူကြောင့် ၃ ဦးအပြင်းအထန် ဒဏ်ရာရ
မန္တလေးမှာ စစ်ကားကအနောက်ကနေဝင်တိုက်တာကြောင့် လူသုံးဦးအပြင်းအထန်ဒဏ်ရာရ
မန္တလေးမြို့ ၅၇လမ်းနဲ့ မနော်ဟရီလမ်းထောင့်မှာ မနက်၁၀နာရီဝန်းကျင်စစ်တပ်ကားက လမ်းပေါ်သွားလာနေတဲ့ဆိုင်ကယ်တွေကို တိုက်သွားတာကြောင့် အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယာဥ်တိုက်မှုမှာ သုံးဦးလုံး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီးလက်ရှိအချိန်မှာ သုံးဦးလုံးကို အရေးပေါ်ပို့ကာကုသပေးနေကြောင်းသိရသည်။”အရှိန်နဲ့မောင်းလာပြီး နောက်ကနေဝင်တိုက်သွားတာ။တိုက်ပြီးကားပေါ်ကတောင်ဆင်းကြည့်သွားသေးတယ်”ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးကပြောသည်။
မနက်ပိုင်းကတည်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်နှင့်ပြည်ကြီးတံခွန်မြို့နယ်အတွင်း လှည့်လည်နေသည့် စစ်ကားများဟာ ရပ်ကွက်တချို့မှာနေအိမ်တွေကိုလေးခွနဲ့ပစ်တာရလမ်းပေါ်မှာအရှိန်ပြင်းစွာမောင်းနှင်မှုနှင့် ပြည်သူများလမ်းပိတ်ထားသည့်အတားအဆီးများကို ဖယ်ရှားခြင်းများပြုလုပ်ခဲ့သေးသည်။ mizzima


