ပဲခူးမှာ ဒီနေ့ည နေအိမ်တွေထိ လိုက်ဖမ်းနေ

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြရာမှာ ဦးဆောင်ပါဝင်ကြတဲ့ ပဲခူးမြို့က သပိတ်ခေါင်းဆောင်တွေကို မတ်လ ၉ ရက်နေ့ ဒီနေ့ညပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က နေအိမ်တွေအထိ လိုက်လံဖမ်းဆီးနေပါတယ်။ ပဲခူးမြို့ ဇိုင်းကနိုင်းမြောက်ပိုင်းမှာ နေထိုင်တဲ့ သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဂျမားကို စစ်တပ်အင်အား အလုံးအရင်းနဲ့ ဒီကနေ့ ည ၆ နာရီခွဲလောက်မှာ ဖမ်းဆီးသွားတဲ့ ဗီဒီယိုကို RFA က ရရှိပါတယ်။ ဒီကနေ့ည ပဲခူးမှာ နေအိမ်တွေထိ လိုက်လံဖမ်းဆီးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာကြောင့် ပုန်းရှောင်နေရတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

RFA

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s