Monthly Archives: Mar 2021

မီးရထားဝန်ထမ်းများကို စစ်တပ်နဲ့ရဲအင်အားသုံး ရွှေ့ပြောင်းခိုင်း။

မီးရထားဝန်ထမ်းများကို စစ်တပ်နဲ့ရဲအင်အားသုံး ရွှေ့ပြောင်းခိုင်း~~~~~~■

မလွှကုန်း မီးရထားဝန်ထမ်းများ အိမ်ရာအတွင်း နေထိုင်သော မီးရထားဝန်ထမ်းတွေ မိသားစုးကို CDM ပြုလုပ်လိုလျှင် ဝန်ထမ်းလိုင်းခန်းမှ ထွက်ခွာပေးရန် စစ်တပ်နှင့် ရဲတပ်ဖွဲ့က အတင်းအဓမ္မ ဖိအားပေးပြီး ရွှေ့ပြောင်းခိုင်းခဲ့ပါတယ်။CDM မှာပါဝင်တဲ့ ဝန်ထမ်း ခေါင်းဆောင်ပိုင်းတွေကို ရဲတပ်ဖွဲ့က ရှာဖွေနေကြတယ်လို့လည်း သိရပါတယ်။ ယနေ့ နံနက်ပိုင်းက စတင်ပြီး စစ်တပ်နဲ့ ရဲက အင်အားသုံးကာ မီးရထားဝင်းအတွင်း ဝင်ရောက်ပိတ်ဆို့ခဲ့ပါတယ်။

RFA Burmese 

တရုတ်ကုန်ပစ္စည်းတွေပါ မသုံးစွဲကြဖို့ လှုပ်ရှားမှုတွေ စတင်နေ

ရဲစည်သူကာ(ဝါရှင်တန် ဒီစီ)■ အိမ်နီးချင်း တရုတ်နိုင်ငံဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို သေနတ်တွေနဲ့ ပစ်ခတ် ဖမ်းဆီးနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ရပ်တည်ပေးနေတယ်ဆိုပြီး တရုတ်နိုင်ငံကို သွယ်တန်းထားတဲ့ ကျောက်ဖြူရေနံပိုက်လိုင်းကို ဖျက်ဆီးပစ်ဖို့ ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာမှာ လှုံ့ဆော်မှုတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ညက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို တစ်ညလုံး ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်နေတဲ့ စစ်တပ်နဲ့ရဲတွေကို ပြန်ရုတ်ပေးဖို့၊ ဆန္ဒပြသူတွေ ထိခိုက်မှုရှိရင် ရေနံပိုက်လိုင်းရဲ့ လုံခြုံရေးကို အာမခံဘူးဆိုပြီး စစ်ကောင်စီနဲ့တရုတ်နိုင်ငံကို ခြိမ်းခြောက်မှုတွေ အွန်လိုင်းလူမှုကွန်ရက်မှာ ရှိလာခဲ့တာပါ။

ဒါဟာ လက်နက်မဲ့ မြန်မာပြည်သူတွေက တရုတ်နိုင်ငံနဲ့ စစ်ကောင်စီရဲ့ သဘောတူညီမှုတွေကို ဖျက်ဆီးနိုင်တယ်ဆိုတာ ခြိမ်းခြောက်ပြတာလို့ လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ ကျောက်တံတား မြို့နယ်က လူငယ်တစ်ဦးက ပြောပါတယ်။

တရုတ်ပိုက်လိုင်းကိစ္စ သတင်းပေါက်ကြားမှုနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတချို့ မတ်လ ၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း VOA သတင်းဌာနက ဖော်ပြထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ညွှန်မှူး ဦးချမ်းအေးကို အရပ်ဝတ်လူ ခြောက်ယောက်က နိုင်ငံခြားရေးဝန်ကြီး ဌာနရုံးချုပ်ကနေ မျက်နှာကို အဝတ်နဲ့စွပ်ပြီး ခေါ်ဆောင်သွားတယ်လို့ VOA သတင်းက ဖော်ပြပါတယ်။

ဘယ်လို သတင်းအချက်အလက်တွေ ပေါက်ကြားတယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။

တစ်ချိန်ထဲမှာပဲ တရုတ်နိုင်ငံဟာ စစ်ကောင်စီကို ထောက်ပံ့နေတယ်ဆိုပြီး တရုတ်ထုတ်ကုန် ပစ္စည်းတွေကို အသုံးမပြုကြရေး လှုပ်ရှားမှုတွေလည်း ပေါ်‌ပေါက်လာပါတယ်။

လုပ်နိုင်တဲ့ ဆန့်ကျင်မှုတွေ အားလုံးလုပ်သွားဖို့ ဆုံးဖြတ်ထားပြီး တရုတ်ကလာတဲ့ သီးနှံတွေကို မတင်သွင်းဖို့၊ တင်သွင်းထားပြီးဖြစ်တဲ့ ကုန်သည်တွေအနေနဲ့လည်း တရုတ်သီးနှံတွေကို ခွဲခြားပြောဆို ရောင်းချပေးဖို့ အမည်မဖေါ်လိုတဲ့ အင်းစိန်မြို့နယ်က လူငယ်တစ်ဦးက ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်မှာလည်း တရုတ်က သစ်သီး အဝင် နည်းပါးနေပြီး မူဆယ်လမ်းမတွေမှာ တရုတ်ဘက်က ကုန်အဝင်ကားတွေ မရှိသလောက်ဖြစ်နေပါတယ်။

ပြည်တွင်းကအမှာရှိမှ ကုန်သည်တွေက တင်သွင်းတာဖြစ်တဲ့အတွက် အမှာမရှိတာကြောင့် ကုန်ကား အဝင်လဲ မရှိသလောက်ဖြစ်နေတာလို့ မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကုန်ပစ္စည်းကအစ သွင်းကုန်ကို မှီခိုအားထားနေရတဲ့ နိုင်ငံတစ်ခု ဖြစ်တာမို့ မြန်မာနိုင်ငံသားတွေဟာ တရုတ်ပစ္စည်းတွေကိုပဲ အများဆုံး အသုံးပြုနေကြရတာပါ။

တရုတ်ပစ္စည်းတွေကို မသုံးဖို့ အခုကစ ကိုယ်တိုင်ကျင့်သုံးနေပြီး ဝယ်ယူတဲ့အခါ တရုတ်ပစ္စည်းလား ထိုင်ဝမ်လား၊ ဟောင်ကောင်လားဆိုတာမျိုး မေးမြန်းဝယ်ယူတယ်လို့ ရန်ကင်းမြို့နယ်က လူငယ်တစ်ဦးကဆိုပါတယ်။

တရုတ်ပစ္စည်း အသုံးမပြုသလို တရုတ်နည်းပညာတွေကိုပါ သုံးစွဲမှု ရပ်တန့်လိုက်ကြ သူတွေလည်း ရှိလာနေပါတယ်။

နာမည်ကြီး တရုတ်ရဲ့ နည်းပညာဆော့ဝဲ တစ်ခုဖြစ်တဲ့ Tittok ကိုပါ မသုံးတော့ဘူးလို့ ကျောက်တံတားမြို့နယ်က လူငယ်တစ်ဦးက ဆိုပါတယ်။

တရုတ်ပစ္စည်းတွေ အသုံးမပြုရေး လှုပ်ရှားမှု မတိုင်ခင်ကတည်းက စစ်တပ် ထုတ်ကုန်တွေဖြစ်တဲ့ မြန်မာ ဘီယာ၊ ဒဂုံဘီယာ၊ ဘလက်ရှီးလ်ဘီယာ၊ အဒမန်ဂိုး ဘီယာ၊ မန္တလေး ရမ်၊ မန္တလေး ဘီယာ၊ မိုင်တဲလ် ဆင်းကတ်၊ ရူဘီစီးကရက်၊ မြဝတီဘဏ် စတဲ့ စစ်တပ်ပိုင် နဲ့ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ထုတ်ကုန်တွေကို မသုံးရေး ပြည်သူတွေအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို အသိအမှတ်ပြုနေတယ်ဆိုပြီး အာဆီယံနိုင်ငံတွေထဲက စင်္ကာပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေကိုလည်း ဆန့်ကျင်ကြဖို့ ဆက်လက် လုပ်ဆောင်နေပြီး အာဆီယံ ထုတ်ကုန်တွေကိုပါ အသုံးမပြုရေး လှုပ်ရှားမှုတွေ ပါရှိလာနေပါတယ်။

RFA Burmese

ကိုဂျက်မား ဆုံးပါပြီ။

စစ်ကားနဲ့ စစ်သားအင်အားသုံးပြီး လူတစ်ယောက်ကိုလာဖမ်းသွားတဲ့ ဗွီယိုဖိုင်ထဲက ကိုဂျက်မား ဆုံးပါပြီ..

မနေ့က ပဲခူးမှာ ဖမ်းခေါ်သွားတဲ့ NLD ပါတီဝင် ကိုဂျက်မားဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သက်တော်စောင့် အစ္စလမ် လူမျိုးပါ ဖမ်းသွားတာ အကောင်းကြီးပါ…သူ့အမျိုးသမီးကို ရဲစခန်းကဖုန်းဆက်လာချိန်မှာ အလောင်းကို အတည်ပြုပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်..ကိုဂျက်မားရဲ့ ဇနီးဖြစ်သူ ဆေးရုံကုရောက်တဲ့အချိန်မှာ ကိုဂျက်မားရဲ့ အလောင်းဆိုတာကို အတည်ပြုခဲ့ပါတယ်…

ကျောမှာ တော်တော် နက်တဲ့အပေါက်တစ်ပေါက်တွေ့ပြီးဗိုက်မှာလဲ သေနတ်ကြောင့်လို့ထင်ရပါတယ် အူတွေပွင့်နေပါတယ်…ဘာလို့လူတစ်ယောက်ကို ဒီလောက်ထိ ရက်စက်ရတာလဲဗျာ… NLD အမတ်တွေအားလုံးရှောင်ကြပါ အခု သူတို့ပလန်က NLD ပါတီဝင်တွေဆီပြောင်းနေပါပြီ ပြေးရင်းလွှားရင်းသေတာမဟုတ်ပဲ တမင်ခေါ်သွားပြီးသက်တာပါ လူသက်မှုပါ …လူသက်ကောင်တွေပါ …ဓားပြလူသက်ကောင်တွေ သူပုန်တွေ အမြစ်ပြုတ်အောင် အဆုံးထိတိုက်ရပါမယ် အရေးတော်ပုံ အောင်ရမည်….

မှတ်ချက်။ CDMM သတင်း၎ာန အနေဖြင့် ကိုဂျက်မားသေဆုံးကြောင်းကို အတည်မပြုနိုင်သေးပါ။

စုသက်မွေး သိပ္ပံကျောင်းတာဝန်ခံ ကိုဇော်မြတ်လင်း ဘယ်လိုအသတ်ခံရတာလဲ

ရွှေပြည်သာမြို့နယ်ရှိ စုသက်မွေး သိပ္ပံကျောင်းတာဝန်ခံ ကိုဇော်မြတ်လင်းအား မတ်လ ၈ ရက် ညသန်းခေါင်ယံချိန်တွင် စစ်အာဏာသိမ်းလက်နက်ကိုင် ရဲနှင့် စစ်တပ်က လာရောက်ဖမ်းဆီးခဲ့ပြီီး မတ်လ ၉ ရက်နေ့ခင်းပိုင်းတွင် သေဆုံသွားပြီဖြစ်ကြောင်း ရွှေပြည်သာရဲစခန်းက ကိုဇော်မြတ်လင်း၏ ဇနီးဖြစ်သူကို အကြောင်းကြားခဲ့သည်။

ကိုဇော်မြတ်လင်းကို လာဖမ်းချိန်တွင် စုသက်မွေးသိပ္ပံကျောင်းက ကျောင်းသား ၃ ဦးနှင့် ရပ်ကွက်အတွင်းကင်းစောင့်နေသူ ၃ ဦး စုစုပေါင်း ၆ဦး ဖမ်းဆီးခံခဲ့ရပြီး ကျောင်းသားများ၏ လက်ကိုင်ဖုန်းများနှင့် ကွန်ပြူတာလက်တော့ပ် ၂၅ လုံးသိမ်းဆည်းသွားကြောင်း ကိုဇော်မြတ်လင်း၏ ဇနီးဖြစ်သူက ပြောသည်။

Myanmar Now

တောင်ငူမြို့နယ် ဇီးကုန်းကျေးရွာအနီးတွင် ​ရှော့တိုက် ဒုံးကျ​ရောက်၊ ​တောင်ငူ ​လေတပ်စခန်းကို တိုက်ခိုက်ခြင်းဟု တပ်သတင်းများကဆို

တောင်ငူမြို့ မြောက်ဘက် ၊ ကျွန်းကုန်းကျေးရွာ၏ အနောက် ဇီးကုန်းကျေးရွာတွင် မတ်လ ၁၀ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ​ရှော့တိုက်ဒုံးတစ်လုံးကျရောက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

“ရွာက ဒေသခံတစ်ဦးနေထိုင်တဲ့ အိမ်ခြံဝအနီးကို ကျတာပါ ။ ဒုံးကမပေါက်တဲ့အတွက်တော်သေးတာပေါ့ ၊လူထိခိုက်မှုတော့မရှိဘူး၊ ည က တော့ ပေါက်ကွဲသံ နှစ်သံကြားရပြီး ဘယ်ကပစ်တာမှန်း မသိဘူး”ဟု ဇီးကုန်းကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။ တပ်ဘက်ဆိုင်ရာသတင်းရပ်ကွက်ကမူ ​တောင်ငူ​လေ တပ်စခန်းကို ယ​နေ့ နံနက် ၁ နာရီဝန်းကျင်က ​ရှော့တိုက်ဒုံး ၄ လုံးထက်မနည်း တိုက်ခိုက်မှုဖြစ်​ပေါ်​သော်လည်း အထိအခိုက်မရှိဟု သိရှိရသည်။ khit thit

လူစုခွဲရန်လာသော အချုပ်ကား ပျက်၍ ဆန္ဒပြသူများက ဝိုင်းတွန်းပေး

စစ်ကိုင်းတိုင်း ကောလင်းမြို့တွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြလူကို လူစုခွဲရန်ရောက်လာသည့် ရဲအချုပ်ကား စက်နှိုးမရသဖြင့် ဆန္ဒပြလူထုက ဝိုင်းဝန်းတွန်းပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။Monywa Gazette

« Older Entries