Monthly Archives: Mar 2021

“နေပြည်တော်အသိုင်းအဝိုင်း” ဆိုတဲ့ ဂရုထဲက ယူလာတာ။

ငါတို့နိုင်ပါ့တော့မလားဆိုတဲ့ မေးခွန်းတွေ လူတိုင်းကိုယ်စီမှာ ရှိနေကြမှာပါ။ နိုင်နိုင်ချေရှိ မရှိ လက်တွေ့ကျကျ သုံးသပ်ကြည့်ရအောင်။ အခုပြောမှာတွေက တကယ့်အရှိတရားတွေပါ။ မရှိတာကို အရှိလုပ် ပြောမထားဘူး။အစိုးရပိုင်းအရ…

(၁)ဒုသမ္မတရှိတယ်။ (နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီး ရှိနေပေမယ့် ဖမ်းဆီးခံထားရချိန်မို့ ထည့်ရေတွက်မထားဘူး)

(၂)အစိုးရဝန်ကြီးတွေ ရှိတယ်။ (မကြာခင် ထပ်ခန့်ကြဦးမှာမို့ ကက်ဘိနက်တစ်ခုဖြစ်လာတော့မယ်)

(၃)ဖယ်ဒရယ်တပ်မတော်အတွက် ဆွေးနွေးနေပြီ။ (မကြာခင် အကောင်အထည်ပေါ်လာတော့မယ်)

(၄)တရားဝင်ကုလသမဂ္ဂသံတမန်ရှိတယ်။ (သူက နိုင်ငံပြင်ပမှာမို့ အထူးလှုပ်ရှားနိုင်တယ်)

(၅)နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ် ရှိတယ်။ (သူလည်း ပြင်ပမှာမို့ အထူးလှုပ်ရှားနိုင်တယ်)

(၆)အစိုးရပိုင်းကနေ Legitimacy အတွက် အကွက်ကျကျ လှုပ်ရှားနေတဲ့ CRPH ရှိတယ်။

ဒီ ၆ခုဟာ ပြည်သူရဲ့ တရားဝင် Mandate နဲ့ အခြေခံသွားတဲ့အရာတွေမို့ တရားမဝင်ပါဘူးလို့ စစ်အုပ်စု ဘယ်လိုပဲ ငြင်းပယ်နေနေ တရားဝင်မှုက ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ R2P တောင်းခံထားတယ်။ နိုင်ငံတကာဖိအားပေးမှုတွေ ရှိတယ်။ ဆန္ဒပြနေတဲ့ ပြည်သူတွေ ရှိတယ်။ အာဏာဖီဆန်ပြီး အစိုးရယန္တယားကို လုံးဝမလည်ပတ်အောင် ဖိအားပေးထားနိုင်တဲ့ CDM ဝန်ထမ်းတွေ ရှိတယ်။ ဒါက ပြည်သူတွေဘက်က ရှိနေတဲ့အရာတွေ။

သူတို့ဘက်ကို ကြည့်ရအောင်…

(၁)အာဏာသိမ်းတာ တစ်လကျော်ပေမယ့် သူတို့ကို အသိအမှတ်ပြုမယ့် နိုင်ငံတကာက တစ်နိုင်ငံမှ မရှိဘူး။ ကူညီနေတဲ့ တရုတ်တောင် ပေါ်ပေါ်တင်တင်မကူညီနိုင်ဘဲ ညှိနှိုင်းပါလို့ လေသံပစ်နေပြီ။

(၂)နိုင်ငံတကာက ငွေကြေးအကူအညီ လုံးဝမရနိုင်တော့သလို နိုင်ငံခြားဘဏ်တွေက ငွေတွေ အကုန် Freeze ဖြစ်ကုန်ပြီ။ ဘက်ဂျက်လုံးဝပြတ်နေပြီ။

(၃)ပြည်တွင်းက ရနိုင်တဲ့ ငွေကြေး Sector တွေ CDMကြောင့် လုံးဝရပ်တန့်နေပြီ။ ဘဏ်၊ အခွန် စသဖြင့်။

(၄)ပြည်သူထောက်ခံမှု လုံးဝမရှိဘူး။ ထောက်ခံတဲ့ လက်တစ်ဆုပ်စာက Social Punishment ကြောင့် ထောက်ခံပါတယ်ဆိုတာတောင် လူသိမခံရဲတော့ဘူး။

(၅) အစိုးရယန္တယား လုံးဝရပ်တန့်နေပြီ။ အခုအချိန် သူတို့မှာ ရှိနေတာက (၁) စစ်တပ်မို့ လက်နက်ကိုင်ထားနိုင်တယ်။(၂) ဆိုတာ မရှိတော့ဘူး။ ဒါပဲ သူတို့မှာ လက်နက်တစ်ခုပဲ ရှိတယ်။

ငါတို့မှာ အားလုံးရှိတယ်။ လက်နက်ကိုင်ပြတိုင်းနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံဆိုတာ ရှိမှာတောင် မဟုတ်ဘူး။ နိုင်နိုင်ပါ့မလားလို့ စဉ်းစားနေစရာမရှိဘူး။ နိုင်ရမယ် မဟုတ်ဘူး။နိုင်ကိုနိုင်မယ်။ နိုင်ကိုနိုင်တယ်။

#FightForDemocracy

#RejectMilitaryCoup

မကွေးမြို့ညသပိတ် ရပ်ကွက်များစွာပူးပေါင်းပါ၀င်

မကွေးမြို့မှာ ပြုလုပ်နေတဲ့ ညသပိတ်ဆန္ဒထုတ်ဖော်မှုတွင်မြို့ပေါ်ရပ်ကွက်များစွာက တညီတညွတ်တည်း ပါ၀င်ဆန္ဒထုတ်ဖော်လျှက်ရှိသည်။

ယနေ့ည ၈နာရီခွဲ၀န်းကျင်မှစတင်ခဲ့သည့် ညသပိတ်ဆန္ဒထုတ်ဖော်မှုတွင် အချို့လမ်းများ၌ ဖယောင်း တိုင်မီးများပါထွန်းညှိ၍ ဆန္ဒထုတ်ဖော်နေကြသည်။

ဖားကန့်မှ စစ်တပ်စခန်း KIA ဝင်တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာတဝိုက်ရှိ တပ်မတော်၏ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ယနေ့မနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယနေ့မနက်ပိုင်း ၃ နာရီကျော်တွင်း KIA တပ်ရင်း ၂၆ က တပ်မတော်၏ တပ်စခန်းတခုကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းမှာ မှန်ကန်ပါသည်ဟု အတည်ပြုပြောဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက“ရှမ်းမြောက်ဘက် ကျနော်တို့ တပ်မဟာ ၄ ဘက်မှာ တပ်မတော်က စစ်ဆင်ရေးလုပ်တာ ၂လ နီးပါး ရှိပြီ။ တပ်ရင်း ၉ နယ်မြေ၊ တပ်ရင်း ၃၆ နယ်မြေမှာ နေ့တိုင်းလို တိုက်ပွဲ ဖြစ်နေတယ်။ ရှေ့တန်းက စစ်မှူးတွေကအချင်းချင်း ကူညီတဲ့ သဘောနဲ့ တိုက်ပွဲငယ်လေးတွေ စီစဉ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့ ဗဟိုက ညွှန်ကြားပြီး ဖြစ်တဲ့ တိုက်ပွဲတော့ မဟုတ်ပါဘူး”ဟု ပြောသည်။

KIA က တပ်မတော်၏ တပ်စခန်းတခုကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းယူပြီးနောက် စီးနင်းစခန်းထိုင်ခြင်း မရှိဘဲ ပြန် ဆုတ်ခွာလာခဲ့သည်ဟုလည်း သိရသည်။

KIA က ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တပ်မတော်ကလည်း KIA ၏ တပ်ရင်း ၂၆၊ ဌာနချုပ် တည်ရှိရာ နေရာသို့ ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်မှုများ ပြုလုပ်သည်ဟုလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

တပ်မတော်နှင့် KIA သည် အပစ်အခတ်ရပ်စဲရေး တစုံတရာ ချုပ်ဆိုထားခြင်း မရှိဘဲ ပဏာမအပစ်ရပ်စာချုပ် (Bilateral) တစောင် ချုပ်ဆိုရန် ညှိနှိုင်းနေဆဲ ဖြစ်သည်။

သို့သော် တပ်မတော်က စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် KIA၏ တပ်စခန်း ၄ နေရာခန့်ကို ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဆွေးနွေး မည်ဟု ကြေငြာထားသော်လည်း KIA က လူထုဘက်မှ ရပ်တည်မည်ဖြစ်သဖြင့် အာဏာသိမ်းစစ်တပ်ကို အစိုးရတရပ် အနေဖြင့် အသိအမှတ်ပြုထားခြင်းမရှိကြောင်း ပြောဆိုထားသည်။

ထို့ပြင် ကချင်ပြည်နယ်တွင်း ဆန္ဒပြနေသည့် လူထုကို သွေးထွက်သံယိုမဖြစ်စေရန် ကျည်အစစ်ဖြင့် မပစ်ခတ်ရန် KIA က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြောဆိုညှိနှိုင်းမှုများ ရှိသော်လည်း မတ် ၈ ရက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် အရပ်သား ၂ဦး သေဆုံးခဲ့သည်။

ထိုသေဆုံးမှုနှင့် ပတ်သတ်၍လည်း တပ်မတော်ဘက်မှ ထပ်မံ အကြမ်းဖက်ခြင်း ပြုလုပ်ပါက နှစ်ဖက်တပ်များကြား စစ်ရေး အခြေအနေ ပိုတင်းမာလာနိုင်ကာ တိုက်ပွဲနယ်မြေ ပိုကျယ်လာနိုင်ဟု KIA က ပြောဆိုထားသည်။

ဧရာဝတီ

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ (PPST) အစည်းအဝေး (၁၃/၂၀၂၁) တွင်ပြောကြားသည့် ယာယီအဖွဲခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်၏ အဖွင့်မိန့်ခွန်း။

အာဏာသိမ်းအုပ်စုရဲ့ Highlight မလုပ်ပြထားတဲ့ ထောက်တိုင်တွေထဲက သုံးခု

ချစ်နိုင်လိုလူကို Social Punishment ထဲ ဝိုင်းကျယ်လောင်ခဲ့ကြပေမယ့် တကယ်တမ်း အခုထိ မပြန့်လာသေးဘဲ ကျွန်တော်တိုအများစု အဓိကမေ့နေတဲ့ လူသုံးယောက်ရှိတယ်။

ပထမတစ်ယောက်က Environmental ဖက်က ဦးခင်မောင်ရီ။ ( တနေ့က သူ့အကြောင်း တင်ခဲ့ပြီးပြီမို အကျယ်ထည့်မပြောတော့ဘူး။ ) တစ်ဆက်တည်းမှာ ဦးခင်မောင်ရီကို အခုအချိန်ထိ Cover လုပ်ပေးနေတဲ့ Environmental ဖက်က ငိုစားရယ်စားတွေလည်း ကိုယ့်သမိုင်းကိုယ် အမြန်လိုက်ဖုံးထားနိုင်ပါစေလို မျှော်လင့်ပါတယ်။


ဒုတိယတစ်ယောက်က – ဦးကိုကိုလှိင်
ကျွန်တော်တို တက္ကသိုလ်ကျောင်းသား စဖြစ်ခါစက mrtv-4 မှာ အပတ်စဥ်လာတဲ့ ဆရာမျိုးမြတ်သူနဲ့ ဦးကိုကိုလှိင်တိုရဲ့ Political Talk Show တွေကို အမြဲစောင့်ကြည့်ခဲ့ရတယ်။ အဲဒီတုန်းက Internet လည်း မသုံးတတ်မကျယ်ပြန့်သေးသလို ဒီလို Talk တွေကလည်း မြင်ရခဲလို နိုင်ငံတကာအရေးအတွက် လူကြီးလူငယ်အများစုက ကြည့်ခဲ့ကြမှာပါ။ ဒါပေမဲ့ သူ့ရဲ့စာအုပ်တွေကို ဖတ်ဖူးလာချိန်မှာတော့ သူ့အပေါ် ရှိခဲ့ဖူးတဲ့ respect တချို ပျောက်သွားခဲ့တာကြောင့် မကြိုက်တဲ့ စာရေးဆရာအနေနဲ့ ဒီတိုင်းပဲ Neglect လုပ်ခဲ့တယ်။ အခုတော့သူ့ရဲ့ Capacity ကို အာဏာရှင်အတွက် အသုံးပြုလာပါပြီ။

ဇစ်မြစ် ပြန်ကောက်ရရင် ဦးကိုကိုလှိင်က DSA ဆင်း၊ ပထမအဆင့် ထိပ်တန်း သုတေသနပညာရှင်၊ ဦးသိန်းစိန်အစိုးရရဲ့ သမ္မတအကြံပေးလုပ်ခဲ့သူ၊ ဒီဖက်ရာစု မြန်မာ Military Researcher ထဲ ချန်ထားရမတဲ့ ဝါရင့်ပညာရှင်၊ နိုင်ငံတကာရေးရာနဲ့ ကမ္ဘာ့အရေး သမိုင်းတွေကို Professional ကျကျ အောက်သက်ကြေထားခဲ့သူပါ။ စစ်အုပ်စုထဲမှာ Popular သိပ်မဖြစ်လှပေမယ့် ၁၉၉၁ ခုနှစ်တည်းက စစ်ဖက်ရဲ့လူအဖြစ် လုပ်ကိုင်ခဲ့တယ်။

ကျွန်တော်တိုရဲ့ ဂျပန်ရောက်မြန်မာ Environmental Activist Gp က Info & Scientific Data Activist သူငယ်ချင်းတွေ စုံစမ်းထားမိသလောက် လက်ရှိအာဏာရှင်အုပ်စုကို အဓိကအကြံပေးနေသူ ငါးဦးထဲ ဦးကိုကိုလှိင်က အဓိကလူဖြစ်နေတယ်။ ဆန္ဒပြသူ ဖြိုခွင်းမှုပုံစံ၊ မြိုအလိုက် ကိုင်တွယ်မှုပုံစံ၊ အာဏာသိမ်းအုပ်စုကို Legitimacy ဖြစ်ဖို နိုင်ငံတကာ အသိုင်းအဝိုင်းထဲ image တည်ဆောက်မှု၊ ဝဏ္ဏမောင်လွင်နဲ့ ပူးပေါင်းပြီး နိုင်ငံခြားရေးရာ ကိစ္စတွေကို ကိုင်တွယ်နေမှု၊ ICC ICJ မှာ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ရှောင်လွှထုချေဖို သက်သေတွေ ရှာပေးနေမှု၊ UN ကို အာကာသိမ်းအုပ်စုက တင်ပြခဲ့တဲ့ ဦးမြင့်သူရဲ့ စာတမ်းကို စီစဥ်ပေးခဲ့မှု၊ အာဏာသိမ်းအုပ်စုဖက်က လိုအပ်တဲ့ Supplement တွေကို အကြံပေးနေမှု၊ တရုတ်နဲ့ အာဏာသိမ်း စစ်အုပ်စုကြား ပတ်သက်မှုတွေကို အကြံပေးမှု၊ အခုရက်ထဲတက်လာတဲ့ အစ္စရေးထောက်လှမ်းရေးကို လော်ဘီလုပ်ဖို ငှားရမ်းမှုမှာ ဝဏ္ဏမောင်လွင်နဲ့အတူ ပါဝင်ဆောင်ရွက်ခဲ့မှု၊ (Confirm မဖြစ်သေးပေမယ့် ဒီလိုငှားရမ်းနေမှုတွေ ထပ်ရှိသေးတယ်လိုလည်း သိရတယ်)၊ အာဏာသိမ်းအုပ်စုရဲ့ Terrorist လုပ်ရက်တွေကို နိုင်ငံတကာမှာ ဖုံးဖိဖြေရှင်းဖို အစီစဥ်တကျ စီစဥ်ပေးနေမှု၊ CDM Power ကို ဖြေရှင်းဖို အကြံပေးနေမှု၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီး ဦးဝင်းရှိန်နဲ့ ပူးပေါင်းပြီး ပြည်ပ Investment ကိစ္စတွေကို အကြံပေးနေမှုနဲ့ အာဏာသိမ်းအုပ်စုရဲ့ နိုင်ငံတကာရေးရာ ကိစ္စတွေအတွက် အဓိကအကြံပေးနေသူ ဖြစ်နေတယ်။

နောက်ပြီး ကျွန်တော်တို အဓိကမေ့နေတဲ့ အန္တရာယ်ရှိသူကလည်း ဦးကိုကိုလှိင်ဖြစ်နေတယ်။ ဦးကိုကိုလှိင်က NLD အစိုးရလက်ထက် NLD အမတ်ထဲတောင် မရှိခဲ့တဲ့ ထိပ်တန်းပညာရှင်ဖြစ်ခဲ့သလို သူ့ရဲ့အတွေ့အကြုံကလည်း နိုင်ငံရေးပါး အရမ်းဝထားသူလို ပြောလိုရတယ်။ ဒါပေမဲ့ အခုထက်ထိ ဝဏ္ဏမောင်လွင်၊ ဇော်မဲလုံးနဲ့ ချစ်နိုင်တိုလို လူတွေကိုပဲ အာဏာသိမ်းအုပ်စုက Public မှာ Attention ယူခိုင်းထားပြီး ဦးကိုကိုလှိင်ကိုတော့ လုံးဝမထင်ပေါ်ခိုင်းထားဘူး။ ဒီလိုလူကို မေ့နေတာ ပြည်သူအဖို အန္တရာယ်အရမ်းကြီးပြီး သူ့ရဲ့လုပ်ကွက်ကိုလည်း ပိုသွားစေပါတယ်။ သူ့အကြောင်းနဲ့ သူယူထားတဲ့ Position ကို ပြည်သူက မေ့လျော့နေသ၍ သူ့ရဲ့အရည်အချင်းကို မေ့နေသ၍ ခံရမှာတွေကများတယ်။ ဒါကြောင့် အာဏာသိမ်းအုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးနေရာကို ယူထားတဲ့ ဦးကိုကိုလှိင်နဲ့ မိသားစုကို လာမယ့်ရက်တွေမှာ Social Punishment လုပ်၊ ကျယ်လောင်မှပဲ သူတိုရဲ့လုပ်ရပ်တွေကို ပြည်သူသိကြောင်း ပြသနိုင်မှာပါ။

တတိယတစ်ယောက်ကတော့ – ဦးဝင်းရှိန်
ဦးသိန်းစိန်အစိုးရလက်ထက်မှာ Finance Minister အဖြစ် လုပ်ကိုင်ခဲ့တဲ့ ဦးဝင်းရှိန်က မြန်မာရဲ့ Natural Resources Area တွေမှာ Investment တွေချပေးဖို အဓိကအကြံပေးခဲ့သူပါ။ လက်ရှိဘဏ္ဍာရေးကိစ္စနဲ့ GDP အရေးအတွက် အာဏာသိမ်းအုပ်စုကို အကြံပေးနေသူလည်း ဖြစ်သလို၊ Industrial ဖက်ကိုလည်း ကိုင်တွယ်ထားသူပါ။ Bank တွေကို အတင်းပြန်ဖွင့်ဖို အာဏာသုံးနေသူဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖက်ကိုလည်း တာဝန်ယူထားသူ ဖြစ်ပါတယ်။ IMF နဲ့ပေါင်းပြီး လုပ်ကိုင်ခဲ့ဖူးသူ၊ လက်ရှိမှာလည်း ပြည်သူကို တရုတ်ဖက်က BPI Project တွေနဲ့ စိုးရိမ်ခိုင်းပြီး သြဇီအခြေစိုက် တရုတ်ပိုင် Cooperation တစ်ခုနဲ့ သဘာဝဓာတ်ငွေ့နဲ့ သတ္တုတူးဖော်ရေး ကိစ္စတွေကို ညှိနှိင်းနေရသူလို သိရတယ်။

အဆိုးဆုံးကတော့ ပြည်သူတချိုရဲ့ ပိုင်ဆိုင်မှု ( ဥပမာ- နာရေးကူညီမှုအသင်းကိစ္စ) တွေကို နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း (SEE) အနေနဲ့သိမ်းဖို အကြံပေးနေသူ ဖြစ်နေတယ်။ အခုလည်း ကမ္ဘာ့ဘဏ်ချေးငွေကိစ္စ ပျက်အပြီး အာဏာသိမ်းအုပ်စုရဲ့ ရှေ့ဆက်နိုင်မယ့် ဘဏ္ဍရေးကိစ္စတွေကို စီမံပေးနေသူဖြစ်ပြီး Public ကို ရှောင်ထွက်ပြီး Industrial Zone တွေဖက်မှာ လိုက်လံကိုင်တွယ်နေပါတယ်။

နောက်ဆုံးအချက်က ဦးဝင်းရှိန်ကို မေ့ထားတာက Natural Resources ဖက်ကိုပါ အကြီးအကျယ် အန္တရာယ်ရှိစေပြီး Environmental ဖက်ကို ကောင်းကောင်းအတွေ့အကြုံ ရှိထားသူဖြစ်တာကြောင့် အဓိကမေ့ထားလိုမရသူပါ။ ဒါကြောင့် ဇော်မဲလုံးတို၊ ဝဏ္ဏမောင်လွင်တိုလို အာဏာသိမ်းအုပ်စု Highlight လုပ်ပေးထားတဲ့ လူတွေကိုပဲ မကျယ်လောင်နေဘဲ ဒီလူသုံးယောက်ကို ပိုကျယ်လောင်မှ၊ Social Punishment လုပ်မှ အာဏာသိမ်းအုပ်စုရဲ့ အဓိကထောက်တိုင်တွေဖြစ်နေတဲ့ လူတွေကိုပါ ပြည်သူက တော်လှန်ရာရောက်မှာပါ။

မူရင်းရေးသားသူကို Credit ပေးပါတယ်။

မိုးကောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်

မတ်(၁၁)

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နေ ပြည်သူများ အနေဖြင့် ယနေ့ မတ်လ( ၁၁) ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ နေ့လယ် (၁) နာရီခွဲက စတင်ပြီး မြို့ပြင်နှစ်မိုင် ဂိတ်ဟောင်းမှ မြို့တွင်းနှင့် ဌာနဆိုင်ရာတည်ရှိရာဘက်များတွင် ၂ နာရီခွဲအထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Myitkyina News Journal

လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့နေသည့် စာသည် KIOဗဟိုဌာနချုပ်မှ ရေးသားသည့် စာမဟုတ်ကြောင်း KIO/ KIAပြော

လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့နေသည့် ကချင်ပြည်နယ် ပြည်သူလုထုထံသို့ အသိ ပေးခြင်းဆိုသည့် အမိန့်ထုတ်ပြန်စာသည် KIO ဗဟိုဌာနချုပ်မှ ရေးသားသည့် စာမဟုတ် ကြောင်း KIO/ KIA ပြန်ကြားရေးတာ၀န်ခံက ငြင်းဆိုလိုက်သည်။

” Social media မှာက ကိုယ့်စိတ်ထင်ရာ ရေးကြတယ် KIO ရေးတယ်ဆိုရင် အားလုံး ပြည့်စုံရမယ်၊ အခုဟာက ရုံးတံဆိပ် တွေမပါဘူး၊ sign တွေလည်းမပါဘူး၊ ဘယ်ရုံး ဆိုတာလည်းမပါဘူး၊ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု KIO/ KIA သတင်းနှင့် ပြန်ကြား ရေးတာ၀န်ခံက ပြောသည်။

၎င်းစာတွင် ယခု လက်ရှိဖြစ် ‌ပေါ် နေသော စစ်အာဏာသိမ်းမှု၌ ပြည်သူလူထုက လွတ်လပ်စွာ ဆန္ဒပြမှုအပေါ် တွင် စစ်သားနှင့် ရဲများက အင်အားသုံး ဖြိုခွဲပစ်ခတ်ဖမ်းဆီးမှုများ၌လူကို သေစေသော လက်နက်သုံး၍ ပစ်ခတ်မှုကို KIO/ KIA မှ ထိရောက်စွာ လုပ်ဆောင်တော့မည်ဟု ပါရှိသည်။

ထို့အပြင် ယခုကဲ့သို့ စစ်သားနှင့် ရဲများ လုပ်ရပ်သည် တိုင်းပြည်အတွက် မလိုလားအပ်သည့် အရာဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်မှစပြီး စစ်သားများနှင့် ရဲများ နှင့် ရဲများ ပြည်လူထုအ‌ ပေါ် အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးမှုများ နောက်ထပ် ဖြစ်လာရင် KIO/ KIA မှ ပစ်မိန့် ပေး တော့မည် ဖြစ်ပါ၍ ပြည်သူလူထုများ မကြောက်ကြပါရန်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် စာတွင်ရေးသားထားသည်။

Myitkyina News Journal

CDMM သတင်း၎ာနအနေဖြင့်လည်း သတင်းအတုဖြစ်ကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့ပါသည်။

« Older Entries