“နေပြည်တော်အသိုင်းအဝိုင်း” ဆိုတဲ့ ဂရုထဲက ယူလာတာ။
ငါတို့နိုင်ပါ့တော့မလားဆိုတဲ့ မေးခွန်းတွေ လူတိုင်းကိုယ်စီမှာ ရှိနေကြမှာပါ။ နိုင်နိုင်ချေရှိ မရှိ လက်တွေ့ကျကျ သုံးသပ်ကြည့်ရအောင်။ အခုပြောမှာတွေက တကယ့်အရှိတရားတွေပါ။ မရှိတာကို အရှိလုပ် ပြောမထားဘူး။အစိုးရပိုင်းအရ…
(၁)ဒုသမ္မတရှိတယ်။ (နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတကြီး ရှိနေပေမယ့် ဖမ်းဆီးခံထားရချိန်မို့ ထည့်ရေတွက်မထားဘူး)
(၂)အစိုးရဝန်ကြီးတွေ ရှိတယ်။ (မကြာခင် ထပ်ခန့်ကြဦးမှာမို့ ကက်ဘိနက်တစ်ခုဖြစ်လာတော့မယ်)
(၃)ဖယ်ဒရယ်တပ်မတော်အတွက် ဆွေးနွေးနေပြီ။ (မကြာခင် အကောင်အထည်ပေါ်လာတော့မယ်)
(၄)တရားဝင်ကုလသမဂ္ဂသံတမန်ရှိတယ်။ (သူက နိုင်ငံပြင်ပမှာမို့ အထူးလှုပ်ရှားနိုင်တယ်)
(၅)နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ် ရှိတယ်။ (သူလည်း ပြင်ပမှာမို့ အထူးလှုပ်ရှားနိုင်တယ်)
(၆)အစိုးရပိုင်းကနေ Legitimacy အတွက် အကွက်ကျကျ လှုပ်ရှားနေတဲ့ CRPH ရှိတယ်။
ဒီ ၆ခုဟာ ပြည်သူရဲ့ တရားဝင် Mandate နဲ့ အခြေခံသွားတဲ့အရာတွေမို့ တရားမဝင်ပါဘူးလို့ စစ်အုပ်စု ဘယ်လိုပဲ ငြင်းပယ်နေနေ တရားဝင်မှုက ပျောက်ပျက်သွားမှာ မဟုတ်ဘူး။ R2P တောင်းခံထားတယ်။ နိုင်ငံတကာဖိအားပေးမှုတွေ ရှိတယ်။ ဆန္ဒပြနေတဲ့ ပြည်သူတွေ ရှိတယ်။ အာဏာဖီဆန်ပြီး အစိုးရယန္တယားကို လုံးဝမလည်ပတ်အောင် ဖိအားပေးထားနိုင်တဲ့ CDM ဝန်ထမ်းတွေ ရှိတယ်။ ဒါက ပြည်သူတွေဘက်က ရှိနေတဲ့အရာတွေ။
သူတို့ဘက်ကို ကြည့်ရအောင်…
(၁)အာဏာသိမ်းတာ တစ်လကျော်ပေမယ့် သူတို့ကို အသိအမှတ်ပြုမယ့် နိုင်ငံတကာက တစ်နိုင်ငံမှ မရှိဘူး။ ကူညီနေတဲ့ တရုတ်တောင် ပေါ်ပေါ်တင်တင်မကူညီနိုင်ဘဲ ညှိနှိုင်းပါလို့ လေသံပစ်နေပြီ။
(၂)နိုင်ငံတကာက ငွေကြေးအကူအညီ လုံးဝမရနိုင်တော့သလို နိုင်ငံခြားဘဏ်တွေက ငွေတွေ အကုန် Freeze ဖြစ်ကုန်ပြီ။ ဘက်ဂျက်လုံးဝပြတ်နေပြီ။
(၃)ပြည်တွင်းက ရနိုင်တဲ့ ငွေကြေး Sector တွေ CDMကြောင့် လုံးဝရပ်တန့်နေပြီ။ ဘဏ်၊ အခွန် စသဖြင့်။
(၄)ပြည်သူထောက်ခံမှု လုံးဝမရှိဘူး။ ထောက်ခံတဲ့ လက်တစ်ဆုပ်စာက Social Punishment ကြောင့် ထောက်ခံပါတယ်ဆိုတာတောင် လူသိမခံရဲတော့ဘူး။
(၅) အစိုးရယန္တယား လုံးဝရပ်တန့်နေပြီ။ အခုအချိန် သူတို့မှာ ရှိနေတာက (၁) စစ်တပ်မို့ လက်နက်ကိုင်ထားနိုင်တယ်။(၂) ဆိုတာ မရှိတော့ဘူး။ ဒါပဲ သူတို့မှာ လက်နက်တစ်ခုပဲ ရှိတယ်။
ငါတို့မှာ အားလုံးရှိတယ်။ လက်နက်ကိုင်ပြတိုင်းနိုင်မယ်ဆိုရင် ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံဆိုတာ ရှိမှာတောင် မဟုတ်ဘူး။ နိုင်နိုင်ပါ့မလားလို့ စဉ်းစားနေစရာမရှိဘူး။ နိုင်ရမယ် မဟုတ်ဘူး။နိုင်ကိုနိုင်မယ်။ နိုင်ကိုနိုင်တယ်။