မိုးကောင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်
မတ်(၁၁)
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နေ ပြည်သူများ အနေဖြင့် ယနေ့ မတ်လ( ၁၁) ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ နေ့လယ် (၁) နာရီခွဲက စတင်ပြီး မြို့ပြင်နှစ်မိုင် ဂိတ်ဟောင်းမှ မြို့တွင်းနှင့် ဌာနဆိုင်ရာတည်ရှိရာဘက်များတွင် ၂ နာရီခွဲအထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။