လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့နေသည့် စာသည် KIOဗဟိုဌာနချုပ်မှ ရေးသားသည့် စာမဟုတ်ကြောင်း KIO/ KIAပြော

လူမှုကွန်ရက် စာမျက်နှာတွင် ပြန့်နှံ့နေသည့် ကချင်ပြည်နယ် ပြည်သူလုထုထံသို့ အသိ ပေးခြင်းဆိုသည့် အမိန့်ထုတ်ပြန်စာသည် KIO ဗဟိုဌာနချုပ်မှ ရေးသားသည့် စာမဟုတ် ကြောင်း KIO/ KIA ပြန်ကြားရေးတာ၀န်ခံက ငြင်းဆိုလိုက်သည်။
” Social media မှာက ကိုယ့်စိတ်ထင်ရာ ရေးကြတယ် KIO ရေးတယ်ဆိုရင် အားလုံး ပြည့်စုံရမယ်၊ အခုဟာက ရုံးတံဆိပ် တွေမပါဘူး၊ sign တွေလည်းမပါဘူး၊ ဘယ်ရုံး ဆိုတာလည်းမပါဘူး၊ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု KIO/ KIA သတင်းနှင့် ပြန်ကြား ရေးတာ၀န်ခံက ပြောသည်။
၎င်းစာတွင် ယခု လက်ရှိဖြစ် ပေါ် နေသော စစ်အာဏာသိမ်းမှု၌ ပြည်သူလူထုက လွတ်လပ်စွာ ဆန္ဒပြမှုအပေါ် တွင် စစ်သားနှင့် ရဲများက အင်အားသုံး ဖြိုခွဲပစ်ခတ်ဖမ်းဆီးမှုများ၌လူကို သေစေသော လက်နက်သုံး၍ ပစ်ခတ်မှုကို KIO/ KIA မှ ထိရောက်စွာ လုပ်ဆောင်တော့မည်ဟု ပါရှိသည်။
ထို့အပြင် ယခုကဲ့သို့ စစ်သားနှင့် ရဲများ လုပ်ရပ်သည် တိုင်းပြည်အတွက် မလိုလားအပ်သည့် အရာဖြစ်ပါသည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် မတ်လ ၁၃ ရက်မှစပြီး စစ်သားများနှင့် ရဲများ နှင့် ရဲများ ပြည်လူထုအ ပေါ် အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးမှုများ နောက်ထပ် ဖြစ်လာရင် KIO/ KIA မှ ပစ်မိန့် ပေး တော့မည် ဖြစ်ပါ၍ ပြည်သူလူထုများ မကြောက်ကြပါရန်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပြန့်နှံ့နေသည့် စာတွင်ရေးသားထားသည်။
CDMM သတင်း၎ာနအနေဖြင့်လည်း သတင်းအတုဖြစ်ကြောင်း ထပ်မံအတည်ပြုနိုင်ခဲ့ပါသည်။