Monthly Archives: Mar 2021

ပဲခူးသပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲ ပစ်ခတ်ဖြိုခွင်း၊ ၁ ဦးသေဆုံးပြီး အများအပြား ဖမ်းဆီးခံရ

ပဲခူးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုကြောင့် မဇင်း ၁ လမ်းထိပ်အနီးမှာ အမျိုးသား ၁ ဦး ဦးခေါင်းကျည် ထိမှန် သေဆုံးခဲ့ပြီး ၁ ဦး ခြေထောက်ကျည်ထိမှန်ခံခဲ့ရပါတယ်။

ဒါ့အပြင် CDM လုပ်တဲ့ မီးရထားဝန်ထမ်းတွေ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အများအပြားဖမ်းဆီးခံရပြီး အချုပ်ကား ၂ စီးနဲ့ ခေါ်ဆောင်သွားတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။ DVB

စစ်အာဏာသိမ်းမှုကိုနေ့စဉ် ရက် ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းကို ယနေ့(မတ် ၁၁) နံနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းရာတွင် ဦးခေါင်းဒဏ်ရာဖြင့် ကျဆုံး

စစ်အာဏာသိမ်းမှုကိုနေ့စဉ်ရက်ဆက် ဆန့်ကျင်နေသည့် မန္တလေးမြို့၊ မြတောင်သပိတ်စစ်ကြောင်းကို ယနေ့(မတ် ၁၁) နံနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းရာတွင် ဦးခေါင်းဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည့် ပြည်သူတစ်ဦးကို ချော်လဲပြီးနောက် လျှာကိုက်မိကာ ကွယ်လွန်သည်ဟုမှတ်တမ်းတင်ရန် စစ်ကောင်စီတပ်ဖွဲ့က ကြိုးပမ်းခဲ့သည်။ ရုပ်သံမှတ်တမ်းထဲတွင် ရဲတပ်ဖွဲ့ဝင်တယောက်က သေဆုံးသူသည် ပြေးရင်းခလုတ်တိုက်ကာ မှောက်ရက်လဲကျကြောင်းပြောဆိုနေသလို နောက်တဦးမှ ပက်လက်လဲကျသဖြင့် နောက်စိ(ဦးနှောက်)ထိသွားကြောင်း ပြောဆိုသံများကြားနေရသည်။

ယနေ့နံနက်ပိုင်း၌ မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်း လမ်း ၉၀ ပေါ်ရှိ လုံးတကာဘုရားရှေ့အရောက်တွင် စစ်ကောင်စီတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပြီးနောက် အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက် သေများက ပြောသည်။

သေနတ်ဖြင့် ၁၂ ချက်ထက်မနည်းပစ်ခတ်ဖြိုခွင်းခံရမှုအတွင်းသေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်ဖွဲ့က ယူဆောင်သွားကြောင်း ခြေထောက်၌ ရာဘာကျည်ဆန်ထိမှန်ဒဏ်ရာရသူ အသက် ၂၄ နှစ်အရွယ် ကိုထက်တေဇာအောင်ကလည်း အတည်ပြုထားသည်။

Myanmar now

မြိုင်မြို တွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့မှ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူ (၆) ယောက် ကျဆုံးပြီး (၁၀)ယောက်ကျော်အပြင်းအထန်ဒဏ်ရာရရှိထားကြောင်းသိရ

Democracy vision

မကွေးတိုင်း၊ မြိုင်မြို့တွင် မတ်လ (၁၁) ရက် ယနေ့ နံနက်က၊ အာ ဏာသိမ်း စစ်ကောင်စီ၏ စစ်တပ် နှင့် ရဲ များက ပစ်ခတ်သဖြင့် ငြိမ်း ချမ်းစွာ ဆန္ဒပြ သူများထဲမှ ယခု သတင်းရသည့်အချိန်အထိ အနည်း ဆုံး (၃) ဦး သေးဆုံးပြီး၊ ဒဏ်ရာရသူများနှင့် ဖမ်းဆီးခံရသူများ ရှိ

(ပေးပို့သူ – CJ)

ဖားကန့်မှာ တပ်နဲ့ KIA တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်းကျေးရွာအနီး ဝေဟုန်းမှော်မှာ တပ်စွဲထားတဲ့ တပ်မတော်စခန်းတစ်ခုကို KIA က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။မနက် ၃ နာရီကနေ ၅ နာရီအထိ ပစ်ခတ်သံတွေကြားရပြီး လက်ရှိမှာလည်း ဆယ်ဇင်းနဲ့ တာမခံကျေးရွာကြားမှာ တိုက်ပွဲဖြစ်နေတယ်လို့ အမည်မဖော်လို့တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကတော့ ဆယ်ဇင်းမှာ တိုက်ပွဲဖြစ်တယ်လို့ သတင်းသာကြားရပြီး အသေးစိတ်မသိရသေးကြောင်း RFA ကို ပြောပါတယ်။KIA ဗဟိုအနေနဲ့ တပ်မတော်စခန်းတွေနဲ့ မြို့ရွာတွေကို ဝင်ရောက်တိုက်ခိုက်ဖိ့ု ညွှန်ကြားထားတာမရှိဘဲ အောက်ခြေတပ် တာဝန်ရှိသူတွေက ဆောင်ရွက်တာသာဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ဘက်မှာ KIA နဲ့ တပ်မတော်ကြား တောက်လျောက်တိုက်ပွဲဖြစ်နေပြီး ကချင်ပြည်နယ်အတွင်းမှာတော့ ဒါကပထမဆုံးအကြိမ် တိုက်ပွဲဖြစ်တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ RFA

မန္တလေးမြတောင်သပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီး လူ(၂၀)ခန့် အဖမ်းခံရဟုဆို

စစ်အာဏာရှင် ကျဆုံးရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြနေသည့် သံဃာတော်များ ဦးဆောင်သော မန္တလေး မြတောင် သပိတ်စစ်ကြောင်းကို ယနေ့ မတ်လ(၁၁)ရက်တွင် မန္တလေးမြို့ လမ်း၃၀နှင့် လမ်း ၉၀ အနီးတွင် ရဲနှင့်စစ်သားများက အင်အားအများအပြားဖြင့် နှစ်ဖက်ညှပ်ပိတ်ကာ အကြမ်းဖက်ဖြိုခွဲဖမ်းဆီးသဖြင့် လူငယ်(၂၀)ခန့် ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံရသူများသည် သပိတ်စစ်ကြောင်းကို အကာအကွယ်ပေးနေသည့် Defence Team မှ လူငယ်များဖြစ်ပြီး အရေအတွက် အတိအကျ မသိရသေးသော်လည်း လူငယ်(၂၀)ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်ဟု နီးစပ်သူများက ဆိုသည်။”ကိုးလုံးတကာဘုရားနားမှာ အင်အားအများကြီးနဲ့ ညှပ်ပိတ်ဖြိုခွဲတာ။ ၂၆လမ်းဘက်ကနေ တစ်ဖွဲ့လာတယ်။

၃၅လမ်းဘက်ကနေလည်း ဆိုင်ကယ်တွေနဲ့ပါ ဝင်လာတယ်။ အသံမိုင်းခွဲတယ်။ Smoke ဗုံး (မျက်ရည်ယိုဗုံး) ပစ် ပြီးတော့ ငြားသံပေးပြီး ဝင်လာတာ။ Defence Team က လူငယ်တွေ အဖမ်းခံရတယ်။ တချို့ဆို ရပ်ကွက်ထဲ ဝင်ပြေးတာကို ရပ်ကွက်ထဲအထိ လိုက်ဖမ်းတယ်” ဟု သပိတ်စစ်ကြောင်းတွင် ပါဝင်သူတစ်ဦးက ပြောသည်။

မန္တလေး မြတောင် သပိတ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းကတည်းက စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်ရက်ဆက် ချီတက်ဆန္ဒပြနေပြီး ရဲနှင့် စစ်သားများက မြတောင်သပိတ်စစ်ကြောင်းကို ဖြိုခွဲနိုင်ရန် အကြိမ်ကြိမ် ကြိုးစားလျှက် ရှိသည်။ လက်ရှိတွင် မြတောင်ကျောင်းတိုက်အနီး ၃၅လမ်းနှင့် ၈၆လမ်းတွင် ရဲနှင့်စစ်သားများ တပ်စွဲထားပြီး ပိတ်ဆို့ထားသော်လည်း မြတောင်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင် ကျဆုံးရေး နေ့စဉ်မပျက်မကွက် ချီတက်ဆန္ဒပြလျှက်ရှိသည်။ Mandalay Indepth News

အာဏာသိမ်း စစ်အုပ်စုမှ စိုးဝင်း ပိုင်ဆိုင်မှုများ

အခုအချိန်မှာ အာဏာသိမ်း စစ်အုပ်စု မှာ တကယ် ကွပ်ကဲနေတာ စိုးဝင်းစိုးဝင်းက မအလ ထက် လည်တယ်။ သူ့နာမည်နဲ့ ဘာမှ သိပ်မရှိဘူး။မိန်းမဘက်က မောင်၊ တူမတွေနဲ့ ပိုင်ဆိုင်မှုတွေထားတာ။

စိုးဝင်း မိန်းမ သန်းသန်းနွယ်က မန္တလေးက။ သန်းသန်းနွယ်က မန်းလေးလာရင် သူပိုင်တဲ့ ရေစစ်ကန်နားက အိမ်မှာနေတယ်။ စိုးဝင်းနဲ့သန်းသန်းနွယ် ပေါက်တဲ့ သားသမီးမရှိဘူး၊ သန်းသန်းနွယ်အရင်တရုတ်ယောကျာ်းနဲ့ရတဲ့ သား ၂ ယောက်ကိုပြန်မွေးစားထားတယ်။မန္တလေးမှာ သန်းသန်းနွယ်ရဲ့ သားနှစ်ယောက် နဲ့ ချွေးမ အမည်တွေနဲ့ ပိုင်ဆိုင်မှုတွေကိုထားတာ။ မေမြို့ကနွယ်ဝတီဟိုတယ်ကလည်း စိုးဝင်းတို့ပိုင်တာ။

သူ့မောင်အရင်း မျိုးညွန့်နဲ့ မိန်းမ မီမီသန့်ကမန္တလေးမှာနေတယ်(စျေးချိုဘက်ကကုန်သည်အသိုင်းအဝိုင်းကတော့သိကြတယ်)။ စိုးဝင်းတို့ဖားကန့်ကကျောက်ကုမ္ပဏီကို ဦးစီးပေးအမည်ခံပေးပြီးစင်ကာပူကိုထုတ်ပေးနေကြတာ။သူတို့ရဲ့သမီး၂ ယောက်က စင်ကာပူမှာ စိုးဝင်းတို့အတွက်တိုက်ခန်းဝယ်တာ Money laundryလုပ်ပေးတာ။

မီမီသန့်အမ ရှေ့နေ လှလှဝင်းဆိုတာ ပထမပုဂ္ဂလိကဘဏ်မှာရှယ်ရာအများဆုံးပိုင်ပြီး ငွေဖြူလုပ်တာမှာကူပေးတယ်။ ရှေ့နေလှလှဝင်း မန္တလေးမှာနေတဲ့ လိပ်စာက ဆီဆိုင်ဖွင့်ထားတယ် မန်းလေးလွှတ်တော်နားက ရေမြောင်းကပ်ရက်မှာလဲ ခြံရှိတယ်။ဖားကန့်ကကျောက်ကုမ္ပဏီစင်ကာပူကတိုက်ခန်းတွေ(တခြားစီးပွါးရေးရှိသလားတောင်မသိဘူး) မန္တလေးကခြံ/အိမ်ပိုင်ဆိုင်မှုတွေမေမြို့ကနွယ်ဝတီဟိုတယ် ဒါတွေအားလုံးကိုအမျိုးအဆွေတွေကနာမည်ခံပြီးလုပ်ပေးနေတာပဲ။

ပုံ-၁ သန်းသန်းနွယ်ယောင်းမ မီမီသန့်။ ပုံ-၂ စိုးဝင်းယောက်ဖ သန်းသန်းနွယ်မောင်အရင်း

« Older Entries Recent Entries »