မြစ်ငယ်မှ CDMမီးရထားသူရဲကောင်းများရဲ့ညသပိတ်



မွန်ပြည်နယ်၊ ပေါင်မြို့နယ်ထဲမှာ မတ် ၁၃ ရက်နေ့ညမှာ စစ်အာဖီဆန်တဲ့ ပြည်သူတွေက ဖယောင်းတိုင်းမီးတွေနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြုလုပ်ခဲ့ကြပါတယ်။ RFA
လက်ရှိ မြန်မာပြည်သူလူထုကို ကာကွယ်ရေးနှင့် လုံခြု့ရေး အစီအမံများ ချမှတ်ရေး အမြန်ဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ခေတ္တဒုတိယသမ္မတ မန်းဝင်းခိုင်သန်းက နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။
ယနေ့ည မတ်လ ၁၃ ရက်နေ့ နိုင်ငံတော်သို့ ပြောကြားသော ၇ မိနစ်နီးပါး ကြာမြင့်သော မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုသွားခြင်းဖြစ်သည်။ လက်ရှိတွင် အာဏာကို လူတစ်စုက လုယုထားပြီး တိုင်းရင်းသားများအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအနေဖြင့် အမှောင်မိုက်ဆုံးအခြေအနေများကို ရင်ဆိုင်နေရပြီး ရောင်နီလာမည့် အာရုဏ်ဦး အချိန်သည်လည်း မကြာမီ လာတော့မည်ဖြစ်ကြောင်း၊ စစ်အာဏာ ရှင်စနစ်ချုပ်ငြိမ်းချမ်းရေး အားလုံး လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
နိုင်ငံတော်အတွက် အသက်ပေးသွားကြသည့် ပြည်သူများတစ်ဦးချင်းစီကိုလည်း အသိအမှတ်ပြုကြောင်း၊ အားလုံးလက်တွဲဆောင်ရွက်မှုဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆောင်ရွက်မည်ဖြစ်ကြောင်း အလေးပေး ပြောဆိုသွားသည်။ ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်မည်ဖြစ်ကြောင်း၊ ပြည်သူများ မိမိကိုယ်ကိုကိုယ် ကာကွယ်နိုင်သော ဥပဒေများ ပြဋ္ဌာန်းဖြစ်ကြောင်း၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် လူတစ်စု၏ အကျိုးစီပွားမကာကွယ်ဘဲ CDM လုပ်ကြရန် ခေတ္တဒုတိယသမ္မတက တိုက်တွန်းပြောဆိုသွားသည်။ Khit Thit Media
အမေရိကန်ရောက်မြန်မာနိုင်ငံသားများအတွက် ယာယီအကာအကွယ်ပေးရေးကြေညာချက် (Temporary Protected Status-TPS)ကို သတ်မှတ်ပြဋ္ဌာန်းကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးက မတ်လ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နေရပ်ပြန်ရေးအခက်အခဲရှိသူများနှင့် ဗီဇာသက်တမ်း ကုန်ဆုံးသူများအတွက် ၁၈ လကြာဆက်လက်နေထိုင်ခွင့်ကို အမေရိကန်အမိမြေလုံခြုံရေးဝန် ကြီးဌာနက သတ်မှတ်ခွင့်ပြုပေးခြင်းဖြစ်သည်။
“အရပ်သားပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်နဲ့လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လူမဆန်တဲ့အကြမ်းဖက်မှုတွေကြောင့် မြန်မာပြည်သူတွေဟာ နိုင်ငံတစ်ဝန်းမှာ ရှုပ်ထွေးပြီးလူသားချင်းစာနာမှု အကြပ်အတည်းကို ဆိုးဆိုးရွားရွားခံစားနေရပါတယ်” ဟု အမိမြေလုံခြုံရေးဝန်ကြီး Alejandro N. Mayorkas က ပြောသည်။
ဆက်လက်၍ “ဒီအခြေအနေဆိုးကြီးကို သေသေချာချာသုံးသပ်ပြီးနောက် မြန်မာနိုင်ငံအတွက် ယာယီအကာအကွယ်ပေးရေးကြေညာချက်ကို ကျွန်တော်သတ်မှတ်ပြဋ္ဌာန်းလိုက်ပါပြီ။ ဒီကြေညာချက်ကြောင့် မြန်မာနိုင်ငံသားတွေ၊ အမြဲနေထိုင်သူတွေဟာ အမေရိကန်မှာ ယာယီဆက်လက်နေ ထိုင်ခွင့်ရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူများခြိမ်းခြောက်ခံနေရခြင်း၊ ငြိမ်းချမ်းစွာဆန္ဒပြသူများကို သေစေနိုင်သည့် အကြမ်းဖက်မှုကျူးလွန်ခြင်း၊ နိုင်ငံတစ်ဝန်း၌ မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ အကြမ်းဖက်ခြင်း ဆက်လက်ဖြစ်ပေါ်နေ၍ အဆိုပါလတ်တလောနှင့် ထူးခြားဖြစ်စဉ် အခြေအနေများအား သေချာစွာစဉ်းစားသုံးသပ်ကာ ကြားခံအေဂျင်စီမိတ်ဖက်များနှင့်ဆွေးနွေးအကြံပြုချက် ရယူအပြီးတွင် TPS ကို ပြဋ္ဌာန်းရန် အမိမြေလုံခြုံရေးဝန်ကြီးက ဆုံးဖြတ်ခဲ့သည်။
ထို့အပြင် အာဏာသိမ်းမှုသည် အသက်ကယ်ဆယ်ရေးအထောက်အပံ့များကို ကန့်သတ်ခြင်း၊ လူသားချင်းစာနာမှုနှင့် ဆေးဝါးကူညီမှုလေယာဉ်များကို နှောင့်ယှက်ခြင်းနှင့် စီးပွားရေးအကြပ်အတည်းကို တွန်းပို့ခြင်း စသည့် နယ်ပယ်စုံတွင် အခြေအနေဆိုးရွားစေကြောင်း အမိမြေလုံခြုံ ရေးဝန်ကြီးဌာနထုတ်ပြန်သည်။
တစ်ချိန်တည်းတွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများကို ခေတ္တနေထိုင်ခွင့်နှင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့် (၁၈)လ ခွင့်ပြုကြောင်း ကြေညာခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ နိုင်ငံတကာ ဆက်ဆံရေးရုံးက မြန်မာနိုင်ငံသားများကိုယ်စား ကျေးဇူးတင်အသိအမှတ်ပြုကြောင်း ယနေ့ထုတ်ပြန်သည်။
CRPH နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ် ဦးထင်လင်းအောင်နှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးအပြီးတွင် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ကြေညာချက်ထွတ်ပေါ်လာခြင်းလည်းဖြစ်သည်။
ကယားပြည်နယ်၊လွိုင်ကော်မြို့မှာ မတ် ၁၃ ရက်နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းချိန်မှာ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) က ဝန်းရံပေးနေတာဖြစ်ပါတယ်။