Monthly Archives: Mar 2021

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများ မီးရှို့ခံရမှု အ​ရေးယူ​ပေး​ရေး ရန်ကုန်တရုတ်သံရုံး​တောင်းဆို

မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများ မီးရှို့ခံရမှု အ​ရေးယူ​ပေး​ရေး ရန်ကုန်တရုတ်သံရုံး​တောင်းဆိုချက်ထုတ်ပြန်သည်။မတ်လ ၁၄ ရက်နေ့ညနေတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်လုပ်ငန်းစက်ရုံအချို့သည် အဖျက်အမှောင့်ဆောင်ရွက်သူများ၏မီးရှို့ခြင်းခံရပြီး တရုတ်ဝန်ထမ်းများစွာ ဒဏ်ရာရရှိကာ ပိတ်မိသည့် ဝန်ထမ်းများလည်း ရှိ​​ကြောင်း ​ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် China Enterprises Chamber of Commerce in Myanmar ၊ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် အချိန်မီဆက်သွယ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ဝင်များအား ထိရောက်သောအစီအမံများဆောင်ရွက်၍ တရုတ်လုပ်ငန်းနှင့် လူပုဂ္ဂိုလ်များ၏ လုံခြုံရေးကို အာမခံပေးရန် လျင်မြန်စွာတောင်းဆိုခဲ့​​ကြောင်း၊ သံရုံးက မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် ဝန်ထမ်းပုဂ္ဂိုလ်များကိုလည်း လုံခြုံရေးသတိပေးချက် ထပ်မံထုတ်ပြန်ခဲ့​ကြောင်း သိရှိရသည်။

ယခုအကြိမ်ထိခိုက်ခံရသည့် လုပ်ငန်းအများစုသည် အထည်ချုပ်လုပ်ငန်းများ ဖြစ်ပြီး တရုတ်လုပ်ငန်းကုမ္ပဏီများက အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄ သိန်းကျော် ဖန်တီးပေးခဲ့​ကြောင်း၊ယခုလုပ်ရပ်သည် မြန်မာနိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်နေခြင်းဖြစ်​ကြောင်း ​ဖော်ပြထားသည်။

ယခုကိစ္စသည် အခြေအနေ အလွန်ပြင်းထန်ဆိုးဝါး​ကြောင်း၊မြန်မာဘက်မှ ထိရောက်သည့်အစီအမံ ဆောင်ရွက်၍ လုပ်ရပ်အားလုံး ရပ်တန့်စေပြီး သက်ဆိုင်ရာကျူးလွန်သူအား ဥပဒေနှင့်အညီ စစ်ဆေးအပြစ်ပေးကာ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံ‌ရေးကို အာမခံချက်ရှိစေရန် တရုတ်ဘက်က တောင်းဆို​ကြောင်း ​ဖော်ပြထားသည်။ မြန်မာပြည်သူများအား ဥပဒေနှင့်ညီညွတ်စွာ တောင်းဆိုချက်များကို ဖော်ထုတ်ရန်၊ လှုံ့ဆော်မှုများနှင့် အသုံးချမှုများကြောင့် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုများကို မဖျက်ဆီးမိစေရန် ကျွန်‌တော်တို့ တိုက်တွန်း​ကြောင်း ​ရေးသားထားသည်၊ Khit Thit Media

မြန်မာတနိုင်ငံလုံးက ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက် ရည်စူးပြီး မီးထွန်းဆုတောင်းခြင်းနဲ့ ညသပိတ် ကို ရန်ကုန်တိုင်းဒေသကြီး၊ဒလမြို့နယ်မှာ မတ်လ ၁၄ရက်နေ့ ညနေ က ပြုလုပ်

DVB

လှိုင်သာယာတွင် ယ​နေ့ ​သေဆုံးသူ ၃၀ ရှိဟု အတည်ပြု၊ ​ပြင်းထန်ဒဏ်ရာရသူများ၍ သေဆုံးသူတိုးနိုင်

လှိုင်သာယာတွင် စစ်တပ်က အကြမ်းဖက် ပစ်သတ်မှု​ကြောင့် ​သေဆုံးသူ ၃၀ ရှိ​ကြောင်း လှိုင်သာယာမြို့နယ်တွင် လူနာများကူညီ​ပေး​နေသူ ပရိုပရဟိတအသင်းတာဝန်ရှိသူက ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့ အတည်ပြု​​ပြောဆိုသည်။

“အခုစာရင်းဝင်လာပါပြီ။ ​ဆေးရုံမှာ အခု ၂၁ ​လောင်းရှိပါတယ်။ ​ယောမင်းကြီး​မှာ ၃ ​လောင်း၊ ချမ်းသာကြီးမှာ ၁ ​​လောင်း၊ အခြား​နေရာ​တွေမှာ (အိမ်​တွေမှာ) လည်းရှိတယ်။ အခုစာရင်းက ၃၀ အတည်ပြုနိုင်ပါတယ်။ဒဏ်ရာရသူက များတယ်။ စာရင်းမငြိမ်​သေးဘူး။ ​သေသူထပ်တိုးနိုင်တယ်ဗျ”ဟု ပရိုပရဟိတအသင်းတာဝန်ရှိသူက ဆိုသည်။ Khit Thit Media

“နမ့်ဆန်တွင် ပြစ်သူ့စစ်ခေါင်းဆောင်တစ်ဦး တိုက်ခိုက်ခံရ၍ သေဆုံး

နမ့်ဆန်- ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ယနေ့(မတ်လ ၁၄ရက်)ညနေပိုင်းတွင် တိုက်ခိုက်ခဲ့၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ ဒီညနေ ၄နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်တာ။ ဖြစ်တာက ငွန်ဆိုင်းနဲ့ လွယ်ခမ်းရွာကြားမှာဖြစ်တာ။ ပစ်ခတ်မှု နည်းနည်းဖြစ်တော့ နာရီဝက်လောက် မှာ စစ်တပ်က ကားသုံးစီးနဲ့လာတယ်။ အဲဒီမှာ နည်းနည်း ပစ်ခတ်မှုဖြစ်တယ်။ လာပစ်တဲ့အဖွဲ့က TNLA လို့ ပြောကြတယ် ဒေသခံတွေက။ အဲဒီမှာသူက ဆုတ်သွားတယ်” ဟု ​အဆိုပါဒေသခံက​ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။“သူက နမ့်ဆန် ပြည်သူ့စစ်ပေါ့။ သူက လက်နက်ကိုင်ကနေ ငြိမ်းချမ်းရေးယူပြီးတော့ လုပ်တဲ့ ပြည်သူ့စစ် မဟုတ် ဘူး။ တပ်ဘက်က ဖွဲ့လိုက်တဲ့ ပုံစံမျိုးပေါ့။ ရှင်းရှင်းပြောရရင် အခုခေတ်စကားနဲ့ ပြောရရင် သူက ဒလန်ပေါ့ဗျာ။

နမ့်ဆန်မှာ တိုက်ပွဲဖြစ်ရင် သူက အမြဲတမ်း ဒလန်လုပ်ပေးနေတဲ့ဟာပေါ့။ နမ့်ဆန် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေးပေါ့။ အရင်ကလည်း သူ့သားကို TNLA ဘက်က တစ်ခါလာပစ်ဖူးတယ် အဲဒီတစ်ခေါက်က သူသား သေသွားတယ်။ အခုတစ်ခေါက်ကတော့ ထွန်းမြတ်လေးကို သူ့အိမ်ကို လာပစ်သွားတဲ့ပုံစံပေါ့။ သူကလည်း အပြင်ကနေ ကားနဲ့ ပြန်လာတဲ့အချိန် အဲဒီမှာ ပစ်ခတ်မှု ဖြစ်ပြီး ဆုံးသွားတာ” ဟု အဆိုပါဒေသခံက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်အား မေးမြန်းရာ ပစ်ခတ်မှု ရှိသည်ကို ကြားရသော်လည်း အတိအကျမသိရသေးဘဲ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ကြောင်း ပြောသည်။ TNLA က ပစ်ခတ်ခြင်း ဟုတ်ဧမဟုတ် ကိုလည်း အောက်ခြေကို မေးမြန်းနေဆဲဖြစ်၍ အတည်ပြု၍ မရကြောင်းဗိုလ်မှူး မိုင်းအိုက်​ကျော်က ပြောသည်။ Myanmar Now 

« Older Entries