“နမ့်ဆန်တွင် ပြစ်သူ့စစ်ခေါင်းဆောင်တစ်ဦး တိုက်ခိုက်ခံရ၍ သေဆုံး

နမ့်ဆန်- ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ယနေ့(မတ်လ ၁၄ရက်)ညနေပိုင်းတွင် တိုက်ခိုက်ခဲ့၍ သေဆုံးသွားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ ဒီညနေ ၄နာရီဝန်းကျင်လောက်မှာ ပစ်ခတ်မှုဖြစ်တာ။ ဖြစ်တာက ငွန်ဆိုင်းနဲ့ လွယ်ခမ်းရွာကြားမှာဖြစ်တာ။ ပစ်ခတ်မှု နည်းနည်းဖြစ်တော့ နာရီဝက်လောက် မှာ စစ်တပ်က ကားသုံးစီးနဲ့လာတယ်။ အဲဒီမှာ နည်းနည်း ပစ်ခတ်မှုဖြစ်တယ်။ လာပစ်တဲ့အဖွဲ့က TNLA လို့ ပြောကြတယ် ဒေသခံတွေက။ အဲဒီမှာသူက ဆုတ်သွားတယ်” ဟု ​အဆိုပါဒေသခံက​ပြောသည်။

ပစ်ခတ်မှုအတွင်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်သေဆုံးသွားကြောင်း ၎င်းက ဆက်ပြောသည်။“သူက နမ့်ဆန် ပြည်သူ့စစ်ပေါ့။ သူက လက်နက်ကိုင်ကနေ ငြိမ်းချမ်းရေးယူပြီးတော့ လုပ်တဲ့ ပြည်သူ့စစ် မဟုတ် ဘူး။ တပ်ဘက်က ဖွဲ့လိုက်တဲ့ ပုံစံမျိုးပေါ့။ ရှင်းရှင်းပြောရရင် အခုခေတ်စကားနဲ့ ပြောရရင် သူက ဒလန်ပေါ့ဗျာ။

နမ့်ဆန်မှာ တိုက်ပွဲဖြစ်ရင် သူက အမြဲတမ်း ဒလန်လုပ်ပေးနေတဲ့ဟာပေါ့။ နမ့်ဆန် ပြည်သူ့စစ်ခေါင်းဆောင် ထွန်းမြတ်လေးပေါ့။ အရင်ကလည်း သူ့သားကို TNLA ဘက်က တစ်ခါလာပစ်ဖူးတယ် အဲဒီတစ်ခေါက်က သူသား သေသွားတယ်။ အခုတစ်ခေါက်ကတော့ ထွန်းမြတ်လေးကို သူ့အိမ်ကို လာပစ်သွားတဲ့ပုံစံပေါ့။ သူကလည်း အပြင်ကနေ ကားနဲ့ ပြန်လာတဲ့အချိန် အဲဒီမှာ ပစ်ခတ်မှု ဖြစ်ပြီး ဆုံးသွားတာ” ဟု အဆိုပါဒေသခံက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်အား မေးမြန်းရာ ပစ်ခတ်မှု ရှိသည်ကို ကြားရသော်လည်း အတိအကျမသိရသေးဘဲ စုံစမ်းမေးမြန်းနေဆဲ ဖြစ်ကြောင်း ပြောသည်။ TNLA က ပစ်ခတ်ခြင်း ဟုတ်ဧမဟုတ် ကိုလည်း အောက်ခြေကို မေးမြန်းနေဆဲဖြစ်၍ အတည်ပြု၍ မရကြောင်းဗိုလ်မှူး မိုင်းအိုက်​ကျော်က ပြောသည်။ Myanmar Now 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s