လှိုင်သာယာတွင် ယနေ့ သေဆုံးသူ ၃၀ ရှိဟု အတည်ပြု၊ ပြင်းထန်ဒဏ်ရာရသူများ၍ သေဆုံးသူတိုးနိုင်
လှိုင်သာယာတွင် စစ်တပ်က အကြမ်းဖက် ပစ်သတ်မှုကြောင့် သေဆုံးသူ ၃၀ ရှိကြောင်း လှိုင်သာယာမြို့နယ်တွင် လူနာများကူညီပေးနေသူ ပရိုပရဟိတအသင်းတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ အတည်ပြုပြောဆိုသည်။
“အခုစာရင်းဝင်လာပါပြီ။ ဆေးရုံမှာ အခု ၂၁ လောင်းရှိပါတယ်။ ယောမင်းကြီးမှာ ၃ လောင်း၊ ချမ်းသာကြီးမှာ ၁ လောင်း၊ အခြားနေရာတွေမှာ (အိမ်တွေမှာ) လည်းရှိတယ်။ အခုစာရင်းက ၃၀ အတည်ပြုနိုင်ပါတယ်။ဒဏ်ရာရသူက များတယ်။ စာရင်းမငြိမ်သေးဘူး။ သေသူထပ်တိုးနိုင်တယ်ဗျ”ဟု ပရိုပရဟိတအသင်းတာဝန်ရှိသူက ဆိုသည်။ Khit Thit Media
