လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ မတ်လ ၁၆ ရက် နေ့မှာ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှု့ကြောင့် ည ၇ နာရီခွဲ အချိန်ထိ အတည်ပြု ကျဆုံး အရေအတွက် ၃၄ ဦး ရှိနေ
လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ မတ်လ ၁၆ ရက် နေ့မှာ စစ်တပ်က အကြမ်းဖက် သတ်ဖြတ်မှု့ကြောင့် ည ၇ နာရီခွဲ အချိန်ထိ အတည်ပြု ကျဆုံး အရေအတွက် ၃၄ ဦး ရှိနေပါတယ်။
တခြား ကျဆုံးထားသူတွေရဲ့ ရုပ်အလောင်းတွေကို စစ်တပ်က သိမ်းယူသွားပြီး ၄င်းတို့ တပ်စွဲထားတဲ့အနီးအနားမှာ ပုံထားတယ်လို့ မျက်မြင်တွေ့ရှိသူ တချို့ထံမှ သိရပါတယ်။
ဒါကြောင့် ကျဆုံးသူ အရေအတွက် အတိအကျ အတည်နိုင်ခြင်း မရှိသေးဘဲ အရေအတွက် ထပ်တိုးလာနိုင်ပါတယ်။စစ်တပ်က ဒီကနေ့ လှိုင်သာယာအဝင် လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် သေနတ်ဒဏ်ရာ ရရှိထားသူတွေ ကယ်ဆယ်ခွင့် မရခဲ့ဘဲ ည ၆ နာရီ ဝန်းကျင်မှသာ ကယ်ဆယ်ရေး ယာဥ် ၂ စီးကို ဝင်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။ Democracy Vision
