Monthly Archives: Mar 2021

မိုဘိုင်းလ်အင်တာနက်များ ဖြတ်တောက်ပြီးနောက် Wi-Fi အင်တာနက်များကိုလည်း ရက်အကန့်အသတ်မရှိ ထပ်မံရပ်ဆိုင်းရန် အကြမ်းဖက်စစ်အာဏာသိမ်းကောင်စီက အမိန့်ထုတ်ပြန်

ရန်ကုန်မှာဖမ်းဆီးပြီး လုပ်အားပေးစေခိုင်းတာတွေရှိနေ

ရန်ကုန်မြို့တွင်းမှာ ပြည်သူတွေကို နေအိမ်တွေအထိ လိုက်လံဖမ်းဆီးပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လုပ်အားပေးစေခိုင်းနေတာတွေရှိတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ရပ်ကွက်တွေထဲမှာ စစ်သားနဲ့ ရဲတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားတဲ့ အကာအရံတွေ သဲအိ်တ်တွေကို ပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးပြီး အတင်းအဓမ္မ ပြန်သန့်ရှင်းခိုင်းနေတာ ဖြစ်ပါတယ်။လက်ရှိရန်ကုန်မှာ နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီးတာတွေရှိနေတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ ဒေသခံတွေကပြောကြပါတယ်။ RFA

ရန်ကုန်၊ လှိုင်မြို့နယ် ကန်လမ်း ပြည်သူများမှ စစ်အာဏာရှင်အားဆန္ဒပြနေမှုအား အာဏာရှင်တပ်များက သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ပြည်သူများမှ ရရာလက်နက်စွဲကိုင်ကာ တနာရီနီးပါးကြာအောင် ခုခံတော်လှန်ခဲ့ကြ

မတ်လ ၁၇ ရက်နေ့နေ့လည်ပိုင်းတွင် ရန်ကုန်၊ လှိုင်မြို့နယ် ကန်လမ်း ပြည်သူများမှ စစ်အာဏာရှင်အားဆန္ဒပြနေမှုအား အာဏာရှင်တပ်များက သေနတ်များဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သော်လည်း ပြည်သူများမှ ရရာလက်နက်စွဲကိုင်ကာ တနာရီနီးပါးကြာအောင် ခုခံတော်လှန်ခဲ့ကြသည်။

တနာရီနီးပါးကြာချိန်တွင် အာဏာရှင်များဖက်မှ စစ်ကူကား ၆ စီးထပ်မံရောက်လာသဖြင့် ပြည်သူများက နောက်ဆုတ်ပြီး လူစုခွဲပေးခဲ့သည်။ CRPHက ပြည်သူများအနေဖြင့် ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုရှိကြောင်း ကြေငြာပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ တခြားရပ်ကွက်များတွင်လည်း ယခုလို ရရာလက်နက်စွဲကိုင်က ခုခံကာကွယ်မှုများ ပြုလုပ်လာခဲ့ကြသည်။ myanmar now

လှိုင်မြို့နယ် ကန်လမ်းထဲက ရွှေ့ကောင်းကြွယ်လက်ဖက်ရည်ဆိုင်က ဆိုင်ဝန်ထမ်း ၁၁ ဦး ကိုလည်း အကြမ်းဖက် ဖက်ဆီးခေါ်ဆောင်သွား

ရန်ကုန် တိုင်း လှိုင်မြို့နယ် ကန်လမ်းထဲက ရွှေ့ကောင်းကြွယ်လက်ဖက်ရည်ဆိုင်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ တွေ က ဒီကနေ့ မတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီ ကျော်မှာ ဝင်ရောက်စီးနင်းခဲ့ပြီးဆိုင်ဝန်ထမ်း ၁၁ ဦး ကိုလည်း အကြမ်းဖက် ဖက်ဆီးခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။ Khit Thit Media

ရန်ကုန်ဘူတာရုံလမ်းတွင် ပြည်သူတစ်ဦး ဦး​ခေါင်းကျည်ထိ၍ ကွယ်လွန်

ရန်ကုန်လှိုင်ဘူတာရုံလမ်းတွင် မတ်လ ၁၇ ရက်​နေ့ မွန်းလွဲ ၃ နာရီခွဲက အကြမ်းဖက်စစ်​ကောင်စီတပ်များ၏ ပစ်ခတ်မှု​ကြောင့် ပြည်သူတစ်ဦး​ခေါင်း ကျည်ထိမှန်၍ ကွယ်လွန်သွား​ကြောင်း သိရှိရသည်။ Khit Thit Media

ကလေးမြို့တွင် ရဲ၊ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့်သေဆုံးသူ နှစ်ဦးရှိလာ

ကလေးမြို့တွင် လက်နက်ကိုင် စစ်တပ်၊ ရဲတို့ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့်ညသေဆုံးသူ နှစ်ဦးထိ ရှိလာပြီလို့ ဒေသခံ သတင်းဌာနတွေက အစီရင်ခံထားပါတယ်။

နေ့လည်ပိုင်းက တောင်ဖီလာရပ်ကွက်ရှိ သပိတ်စစ်ကြောင်းကို ရဲနှင့် စစ်တပ်က အကြမ်းဖက်ဖြိုခွင်းလို့ ချင်းအမျိုးသားလူငယ်တစ်ဦး သေဆုံးခဲ့ပြီး နောက်တစ်ယောက်ကတော့ ကမ္ဘောဇဘဏ်- ၂ အနီး ဘရဏီလမ်းကြားတွင် စစ်သား‌ေတွရဲ့ပစ်ခတ်မှု‌ေကြာင့်ပစ်ခတ်မှုကြောင့် ဦးခေါင်းထိမှန်ခဲ့တဲ့ အမျိုးသားတစ်ဦး ဆေးရုံပို့ဆောင်စဉ် ထပ်မံသေဆုံးခဲ့လို့ သေဆုံးသူ နှစ်ဦးထိ ရှိလာတာဖြစ်ပါတယ်။

မတ်လ ၁၇ ရက်​နေ့ တစ်ရက်တည်း ကလေးမြို့မှာ စုစုပေါင်း သေနတ်ထိမှန်သူ ၄ ဦးရှိတဲ့အထဲက နှစ်ဦးသေဆုံးသွားပြီဖြစ်ပြီး နောက်တစ်ဦးစိုးရိမ်အခြေအနေမှာရှိနေသေးကာ တခြားတစ်ဦးကတော့ စိုးရိမ်အနေအထားမှာ မရှိဘူးလို့ သိရပါတယ်။ လက်ရှိအချိန်ထိ ကလေးမြို့မှာစစ်အာဏာရှင်ဆန့်ကျင်ရင်း သေဆုံးသူ ၃ ဦးရှိပြီလည်း ဖြစ်ပါတယ်။ Khit Thit Media 

« Older Entries