ကြေညာချက် အမှတ် ( ၁၅/၂၀၂၁ )၁၃၈၂ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက်မတ်လ (၁၈)ရက်၊ ၂၀၂၁ခုနှစ်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဒဿန ၁ လမ်း ၊ ကုလားဘုရားမှတ်တိုင်အနီးမှ သျှရီ ကာလီ အမ္မာန် ဘုရားကျောင်းကို ရဲနှင့်စစ်တပ်က တံခါးကို ရိုက်ချိုးပြီး ဘုရားကျောင်းထဲ ဝင်ပုန်းနေတဲ့ ကွမ်းယာသည် အမျိုးသမီးကို ၀င်ဆွဲပြီး လမ်းပေါ်ချထားတဲ့ သဲအိတ်တွေကို ဖယ်ခိုင်းကြောင်း သိရပါသည်။ Khit Thit Media
ဖက်ဒရယ်တပ်မတော်ပေါ်ပေါက်လာတော့မည်ဖြစ်ပြီး ပြင်ဆင်နေပြီဖြစ်ကြောင်း နိုင်ငံတော်အစိုးရ၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြည်သူများသို့ တရားဝင်အသိပေးချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။
ရန်ကုန်မြောက်ဥကလာပ (၁) ရပ်ကွက် ဘုန်းကြီးလမ်း တွင် မတ်လ ၁၈ ရက်နေ့ ညနေ ၆ နာရီကျော်အကြမ်း ဖက် စစ်တပ်နှင့်ရဲ၏ ပစ်ခတ်မှုကြောင့် မိန်းက လေး တစ်ဦး ဝမ်းဗိုက် သေနတ်ထိမှန်၍ သေဆုံးသွားကြောင်း ဒေသခံ များထံမှသိရှိရသည်။ Khit Thit Media
khit thit
ကချင်ပြည်နယ်၊ ဖားကန့်တွင် မတ်လ ၁၈ ရက်နေ့ နံနက် ၂ နာရီမှစတင်၍ စစ်ကောင်စီ တပ်စခန်း ၃ ခုကို KIA က ဝင်တိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်း လိုက်ကြောင်း သိရှိရသည်။
KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ သည် ယနေ့နံနက် ၂ နာရီမှစတင်၍ စိန်လုံမှော် ရှိ တပ်စခန်း တစ်ခု နှင့် ဆိုင်းတောင် ရှိ တပ်စခန်းတို့အား လက်နက်ကြီး ဖြင့် ထုကာ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ နမ့်မှော်ရှိ ရဲ စခန်း တစ်ခု ကိုလည်းလက်နက်ကြီး ဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ပြီး နောက် စခန်းကို သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့ကြောင်း KIA ဘက်က ထုတ်ပြန်သော သတင်းများအရ သိရှိရသည်။
စစ်ကောင်စီဘက်မှ ရဲ နှင့် စစ်သား ၂၀ ကျော်ကျဆုံးနိုင်သည်ဟု KIA သတင်းရပ်ကွက်က ခန့်မှန်းထားသည်။ Khit Thit Media