ဖားကန့်တွင် စစ်​ကောင်စီတပ်စခန်းများကို KIA ဝင်တိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်း၊ ရဲနှင့်စစ်သား ၂၀ ​ကျော်ကျဆုံးနိုင်

ကချင်ပြည်နယ်၊ ဖားကန့်တွင် မတ်လ ၁၈ ရက်​နေ့ နံနက် ၂ နာရီမှစတင်၍ စစ်​ကောင်စီ တပ်စခန်း ၃ ခုကို KIA က ဝင်တိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်း လိုက်​​ကြောင်း သိရှိရသည်။

KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ သည် ယနေ့နံနက် ၂ နာရီမှစတင်၍ စိန်လုံမှော် ရှိ တပ်စခန်း တစ်ခု နှင့် ဆိုင်းတောင် ရှိ တပ်စခန်းတို့အား လက်နက်ကြီး ဖြင့် ထုကာ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်း၊ နမ့်မှော်ရှိ ရဲ စခန်း တစ်ခု ကိုလည်းလက်နက်ကြီး ဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ပြီး နောက် စခန်းကို သိမ်းပိုက်ခဲ့ကာ လက်နက်ခဲယမ်းများကို သိမ်းဆည်းခဲ့​ကြောင်း KIA ဘက်က ထုတ်ပြန်​​​​သော သတင်းများအရ သိရှိရသည်။

စစ်​ကောင်စီဘက်မှ ရဲ နှင့် စစ်သား ၂၀ ကျော်ကျဆုံးနိုင်သည်ဟု KIA သတင်းရပ်ကွက်က ခန့်မှန်းထားသည်။ Khit Thit Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s