ဂန့်ဂေါမြို့က ညသပိတ်




DVB
DVB
DVB
DVB
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင်ြ မတ်လ ၁၉ ရက်နေ့ ညနေ ၅ နာရီကျော် ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်းသိရှိရသည်။
သေဆုံးသူသည် ဦးခေါင်းပွင့်၍ သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူမှာ လည်ပင်းတွင် ကျည်ထိမှန်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။Khit Thit Media
မန္တလေး မစိုးရိမ်ကျောင်းတိုက်မှာ သံဃာတော်တွေ ပရိတ်ရွတ်နေလို့ ဆိုပြီး အာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက် လက်နက်ကိုင် တပ်တွေ က ဒီကနေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းမှာဝင်ရောက်ပြီး အော်ဟစ်ဆဲဆိုခဲ့တယ်လို့ မစိုးရိမ်ကျောင်းတိုက်က သံဃာတော်တွေ ရဲ့ လူမှုကွန်ရက် စာမျက်တွေမှာ ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ ဝင်တွေဟာ မစိုးရိမ်ကျောင်းပေါက်ဝအထဲထိ ဆဲဆိုဝင်ရောက်လာတာဖြစ်တယ်လို့ဆိုပါတယ်။ ဒီကနေ့ ညနေတိုင်းပိုင်းမှာအာဏာသိမ်းစစ်ကောင်စီ ရဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မစိုးရိမ်ကျောင်းတိုက် အနီးမှာ အင်အားအလုံးအရင်း နဲ့ ရောက်ရှိနေတယ်လို့လည်းသိရှိရပါတယ်။Khit Thit Media
မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့များက ကျောင်းများတွင်တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်သည်
ပူးတွဲကြေညာချက်ကို Save the Children၊ ယူနက်စကိုနှင့် ယူနီဆက်တို့မှ ထုတ်ပြန်သည်။
ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၉ ရက် – မြန်မာနိုင်ငံတစ်ဝန်းရှိ ပညာရေးအဆောက်အအုံများတွင် လုံခြုံရေးတပ်ဖွဲ့များက တပ်စွဲထားခြင်းသည် ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးစွာချိုးဖောက်ခြင်းဖြစ်ပါသည်။ နဂိုကတည်းကပင် ကိုဗစ် – ၁၉ ကပ်ရောဂါနှင့် နေရာအနှံ့ ကျောင်းများပိတ်ထားကြရသည့် အကျိုးဆက်ကြောင့် ကြီးမားလှသော ဖိစီးမှုများကြုံနေကြရသည့် မြန်မာနိုင်ငံမှ ကလေးသူငယ်များနှင့် လူငယ်များ ၁၂ သန်းနီးပါးအတွက် ယင်းကဲ့သို့ကိစ္စရပ်များသည် သင်ယူလေ့လာရေး အကြပ်အတည်းကို ပိုမို ဆိုးရွားသွားစေမည်ဖြစ်သည်။ လုံခြုံရေးတပ်ဖွဲ့များအား တပ်စွဲထားသော အဆောက်အအုံဥပစာများမှ ချက်ချင်းဖယ်ရှားပေးကြရန်နှင့် ကျောင်းများနှင့် ပညာရေးအဆောက်အအုံများကို စစ်တပ် သို့မဟုတ် လုံခြုံရေး ဝန်ထမ်းများမှ အသုံးမပြုကြပါရန် ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုလိုက်သည်။
မတ်လ ၁၉ ရက်အထိပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် စာသင်ကျောင်းနှင့် တက္ကသိုလ်ပရိဝုဏ် ၆၀ကျော်တွင် တပ်စွဲထားကြောင်း သိရှိရသည်။
ဖြစ်ရပ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့များသည် အဆောက်အအုံ ဥပစာများအတွင်း ဝင်ရောက်ချိန်တွင် ဆရာ/ဆရာမနှစ်ဦးအား ရိုက်နှက်ပြီး အခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာများ ရရှိစေခဲ့သည်ဟု သိရှိရသည်။ ဆေးရုံများအပါအဝင် အခြားအများပြည်သူပိုင်အဆောက်အအုံများတွင်လည်း တပ်စွဲထားကြသည်။
ဤဖြစ်ရပ်များသည် လက်ရှိအကျပ်အတည်း ဆက်လက်အရှိန်မြင့်တက်လာခြင်းကိုပြပြီး ကလေးသူငယ် အခွင့်အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ပါသည်။ မည်သို့သော အခြေအနေမျိုးတွင်မှ ကျောင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အသုံးမပြုရပါ။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ် (CRC)၊ မြန်မာနိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေတို့တွင် ဖော်ပြပါရှိသည့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များ၏ အခွင့်အရေးများအားလုံးကို စောင့်ထိန်းလိုက်နာရမည့် ၎င်းတို့၏ ဝတ္တရားများကို လုံခြုံရေးတပ်ဖွဲ့များအားလုံးက စောင့်ထိန်းလိုက်နာရန် သတိပေးလိုက်ရပြီး အမြင့်ဆုံးကန့်သတ်ထိန်းချုပ်မှုကို ကျင့်သုံးရန်နှင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ၊ ဝန်ထမ်းများ၊ ကျောင်းသားများနှင့် အခြားအများပြည်သူပိုင် အဆောက်အအုံများကို သိမ်းပိုက်ခြင်းနှင့် ဝင်ရောက်နှောင့်ယှက်ခြင်းပုံစံမျိုးစုံကို အဆုံးသတ်ရန် ကျွန်ုပ်တို့က တောင်းဆိုလိုက်သည်။ khit thit
ဒီနေ့ မတ်လ ၁၉ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်သပိတ်ကို ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းချိန်မှာ တစ်ဦး သေဆုံးပြီး တစ်ဦးက ပေါင်မှာ ဒဏ်ရာရထားပါတယ်။
သေဆုံးသူဟာ အသက် ၄၇ နှစ်အရွယ် ဦးကြံအောင်(ခ)ဦးဆန်းပိ ဖြစ်ပြီး မိုင်းလုံးရပ်ကွက် ပန်းနံသာလမ်းမှာ နေထိုင်သူဖြစ်ပါတယ်။ ပေါင်မှာ ဒဏ်ရာရထားသူတစ်ဦးက သားဖွားဆရာမဖြစ်တယ်လို့ သိရပါတယ်။ RFA
ကယားပြည်နယ် လွိုင်ကော်မြို့တွင် ယနေ့ (မတ် ၁၉) မနက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရခဲ့သူနှစ်ဦးအနက် ဆီးခုံကျည်မှန်သည့် အမျိုးသားမှာ မွန်းလွဲ ၂ နာရီကျော် အချိန်တွင် လွိုင်ကော်ဆေးရုံကြီး၌ ကျဆုံးခဲ့ကြောင်း လွိုင်ကော်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုက အတည်ပြုသည်။
အဆိုပါအမျိုးသားမှာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်နေ ဦးရှမ်းပု ဆိုသူဖြစ်ကြောင်းသိရပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းအတည်ပြုနေဆဲဖြစ်သည်။Myanmar Now