Monthly Archives: Mar 2021

ကောလင်း မီးရထားဝန်ထမ်းအိမ်ယာကို စစ်တပ်က ဝင်စီး

ယနေ့ (မတ် ၂၀) ည ၉ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ မီးရထားဝန်ထမ်းအိမ်ယာကို စစ်တပ်က ဝင်စီးနေကြောင်း ဝန်ထမ်းတစ်ဦးက Myanmar Now ကိုပြောသည်။

“သေနတ် ၁၀ ချက်ဖောက်ပြီး ဝင်လာတယ်။ ဆဲရေးတိုင်းထွာပြီးဝင်တယ်။ အခုလက်ရှိ နှစ်ယောက်အဖမ်းခံရတယ်ကြားတယ်” ဟု အဆိုပါဝန်ထမ်းကပြောသည်။ဝန်ထမ်းအိမ်ယာတွင် ရထားဝန်ထမ်းများနှင့်မိသားစုဝင် ၁၅၀၀ မှ ၂၀၀၀ ကြားရှိပြီး ညအချိန် ဝင်စီးသည့်အတွက် အပြင်ထွက်မရဘဲ အားလုံးပိတ်မိနေကြောင်း ၎င်းကပြောသည်။

ကောလင်းမီးရထားဝန်ထမ်းအိမ်ယာတွင် CDM ရထားဝန်ထမ်း ၅၀၀ ခန့်ရှိပြီး အင်တာနက်မရသည့်အတွက် လက်ရှိဝင်စီးခံရသည့်ဖြစ်စဉ်ကို သတင်းပေးပို့ရန် အခက်အခဲရှိနေသည်။ဖေဖော်ဝါရီ ၈ ရက်နေ့ကတည်းက တစ်နိုင်ငံလုံး CDM လုပ်ထားသော မြန်မာ့မီးရထားဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီက ဝန်ထမ်းအိမ်ယာမှ ဖိအားပေး နှင်ချမှုများ ယခုလအတွင်း ဆက်တိုက်ပြုလုပ်နေသည်။ myanmar now

သာကေတမြို့နယ်၊ ဇဗ္ဗူသီရိအ ရှေ့ 6လမ်း၊ ကန် ဘောင်အနီးတွင် အကြမ်းဖက် စစ်အုပ်စု ပစ် ခတ် မူကြောင့် အမျိုးသမီးတစ်ဦး တစ်ယောက် ခြေထောက်တွင် ထိမှန်

ပြည်သူသို့ အစီရင်ခံတင်ပြခြင်း

ဦးတင်ထွန်းနိုင်
ခေတ္တပြည်ထောင်စုဝန်ကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန။

Committee Representing Pyidaungsu Hluttaw – CRPH

ယနေ့ ကိုမင်းကိုနိုင်ရဲ့စကား။

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။

တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့သူရဲ​​ဘော​ကြောင်ရမ်းကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင်လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

သပိတ်အပါအဝင် အင်အား​ပေါင်းစုံရဲ့ ပေါင်းစုမှုနဲ့ ပန်းတိုင်ကိုကြည့်ပါ။ ဖက်ဒရယ်ဒီမိုက​ရေစီပါ။နိုင်ငံ​ရေးအနှစ်သာရအပြည့်နဲ့သ​​ဘောတူမှုအပြည့်နဲ့ပါ။

ဒီမိုက​ရေစီနဲ့ဖက်ဒရယ်ဟာ​ ​​ငွေစက္ကူတချပ်ရဲ့ မျက်နှာနှစ်ဖက်လို ​ကျောချင်းကပ်ခွာမရ​တော့​အောင်တသားထဲဖြစ်သွားပါပြီ။ ပြည်​ထောင်စု​သွေးချင်း​တွေရဲ့ ညီညွတ်မှုအား ပြယုဂ်​ကောင်းပါ။

တိုင်းရင်းသား​တွေကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံ​​ရေးပါတီ​​တွေကိုကြည့်ယုံနဲ့ မပြည့်စုံပါဘူး။ ဥပမာ တခုပဲ ​ပြောပါမယ်။ KPICT ကိုကြည့်ပါ။ ယခင် လူသိများတဲ့ KIO / KIA တင်မက ကချင်လူထု​လူတန်းစားအလွှာအသီးသီး၊ လူမှုအဖွဲ့၊ဘာသာ​ရေးဆိုင်ရာ​ခေါင်း​​ဆောင်များ၊ကမ္ဘာအနှံ့က မျိုးဆက်အစုံ​တွေ​ပေါင်းစုထားတာပါ။အဖွဲ့​​ပေါင်းစုံ ရာချီ​ပေါင်းမိသွားတာမျိုးပါ။ဖက်ဒရယ်ဒီမိုက​ရေစီအတွက် အပြည့်ပူး​ပေါင်း​နေပါပြီ။

ဒါ ဥပမာ တခုပဲ ရှိပါ​သေးတယ်။ကျန်တိုင်းရင်းသားလူမျိုးစု​တွေလည်း ကိုယ်စီနီးစပ်တူရာစုဖွဲ့​တော်လှန်​နေပါပြီ။ CRPH နဲ့ ပြည်သူအစိုးရအ​နေနဲ့လည်း ထိုအဖွဲ့​ပေါင်းစုံနဲ့ တိုင်ပင်ပြီး သ​ဘောတူ​အ​ခြေခံ​​ကောင်း​တွေရထားပြီဆိုတာကျ​နော်တင်ပြခဲ့ပြီးသားပါ။​

ဒေသတွင်းမှာလည်းတသက်လုံးငုပ်တုပ် ASEAN လိုအဖွဲ့အစည်းမျိုး​တောင် လှုပ်လှုပ်ရွရွထတဲ့ပြီး မြန်မာအ​ရေးကိုမဝင်မဖြစ်ဝင်ဖို့ ဦး​ဆောင်လှုံ့​ဆော်​နေပါပြီ။အင်ဒိုနီးရှားသမ္မတရဲ့မိန့်ခွန်းနဲ့နှိုး​​ဆော်ချက်ကိုသာ နမူနာဖတ်ကြည့်ကြပါ။အားလုံးမဖြစ်မ​နေ အ​ဖြေရှာကြရမယ်လို့ အချက်​ပေး​နေပါပြီ။ ​နေ့ချင်းညချင်းဆက်သွယ် စည်း​ဝေးဖို့ ပြင်​နေပါပြီ။

ကမ္ဘာ့ကွန်ယက်ကြီးနဲ့ချိတ်ပြီး စစ်​ကောင်စီရဲ့ ဘဏ္ဍာ​ရေးကိုထိန်းချုပ်နိုင်စွမ်း၊သံတမန်နည်းလမ်းအရပြည်သူ့အစိုးရဖက်က အမြင့်ဆုံးအသာစီးရ​နေမှု​တွေရှာ​ဖွေသုံးသပ်မြင်နိုင်ကြရင် မြန်မာ့​နွေဦးအ​ရေး​တော်ပုံဟာပင်လုံးကျွတ်ပုရစ်ဖူး​တွေ ​ဝေသစ်​နေတာ ​သေချာ​တွေ့ရမှာပါ။

ကုလသမဂ္ဂမှာလည်းလမ်း​ကြောင်းများစွာကျန်ပါ​သေးတယ်။ဖြစ်နိုင်​​ချေ၊စွမ်းနိုင်​ချေ အပြည့်နဲ့ပါ။

ကုလရဲ့ UNSC လုံခြုံ​ရေး​ကောင်စီမှာ မြန်မာအ​ရေးအတွက် သ​​ဘောတူ​ကြေညာချက် ၂ ကြိမ်ရတယ်ဆိုတာ၊ ရခဲတဲ့​​အောင်မြင်မှု​တွေပါ။တဆင့်ခြင်းတက်ရတာ​တွေရှိပါတယ်။ကုလလူ့အခွင့်အ​ရေး​ကောင်စီ၊ အ​ထွေ​ထွေညီလာခံစသဖြင့်အခွင့်အလမ်း​ကောင်းများစွာအတွက် တာဝန်ရှိသူအားလုံးစွမ်းရည်အပြည့်အရယူပြကြဦးမှာပါ။

ပြည်တွင်းမှာ အပစ်မဲ့ပြည်သူ​တွေအ​ပေါ် စစ်​ကောင်စီရဲ့ ကြမ်းကြုတ်ရက်စက်မှု​တွေ လူ့ကျင့်ဝတ်လူ့ဂုဏ်သိက္ခာကို​စော်ကားကျုးလွန်မှု​တွေ(လမ်း​​​ပေါ်ကအနိုင်ကျင့်မှု​တွေ) ကိုမှတ်တမ်းတင်​ပေးပို့ထားတဲ့ ပြည်သူ​တွေရဲ့တာဝန်​ကျေမှုဟာ တကယ်စွမ်းခဲ့ပါတယ်။ကမ္ဘာကြီးဘယ်လိုမှ သည်းမခံနိုင်​တော့​အောင် ရင်​​တွေကို ထိမှန်ခဲ့ပါတယ်။

အ​ရေးယူ​ဆောင်ရွက်မှု​တွေ သွက်လက်ထိ​ရောက်ဆက်တိုက်လာမှာပါ။ပြည်သူ​တွေအ​နေနဲ့”​အောင်စိတ်”နဲ့သာ ယုံ​နေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ။

CDM သမား​တွေအတွက် သတင်း​ကောင်းရှိပါတယ်။အနာဂါတ်နိုင်ငံ​တော် အစိုးရယန္တယားမှာ ပြည်သူ့သစ္စာ​ဖောက်များနဲ့ ဗျူရိုကရက်များအတွက်​​နေရာမရှိ​စေရ၊CDM ဝန်ထမ်းများ၊မျိုးဆက်သစ်ဝန်ထမ်းများနှင့်သာ၊ အစိုးရယန္တယားသစ် တည်မှာဖြစ်​ကြောင်း မကြာခင် ကိုယ်​​​ယောင်ထင်ရှားမြင်ရပါလိမ့်မယ်။

မ​ဝေး​တော့တဲ့ အနာဂါတ်မှာ ပြည်သူကိုနှိပ်စက်တဲ့စစ်တပ်​နေရာရှိ​တော့မှာ မဟုတ်ပါ။ ဖက်ဒရယ်တပ်မ​တော်သာရှိလာပါလိမ့်မယ်။ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံသား​​တွေကို ​​စောင့်​ရှောက်ကာကွယ်မည့်အသစ်ကျပ်ချွတ် ရဲတပ်ဖွဲ့သာဖြစ်လိမ့်မယ်လို့ အခိုင်အမာ​ပြောပါရ​စေ။

လူငယ်မျိုးဆက်သစ်​တွေ အတွက် ဖက်ဒရယ်တပ်မ​တော်၊ ရဲတပ်ဖွဲ့အသစ်ဖြစ်လာ​အောင် ပြင်ဆင်​လေ့ကျင့်​နေပါပြီ။

အ​ရေး​တော်ပုံ​အောင်ရမည်။

#မင်းကိုနိုင်၂၀.၃.၂၀၂၁

ကရင်ပြည်နယ်တွင်း ရိက္ခာပို့လမ်းကြောင်း ဖြတ်တောက်ခံထားရသည့် အာဏာသိမ်းစစ်တပ်ကို ထိုင်းဘက်က ရိက္ခာထောက်ပံ့ရန် ကြိုးစားနေ

ကရင်ပြည်နယ်အတွင်းမှ မြန်မာစစ်တပ်အတွက် ရိက္ခာသယ်ပို့ရေးလမ်းကြောင်းကို KNLA က ဖြတ်တောက်ထားနိုင်ခဲ့ပြီးနောက် မြန်မာစစ်တပ်သည် ထိုင်းဘက်မှ ရိက္ခာအကူအညီရယူနေရကြောင်း သိရသည်။

ကရင်ပြည်နယ်တွင်း ထိုင်းနယ်စပ်တွင် ပိတ်မိနေသည့် မြန်မာစစ်တပ်အတွက် ထိုင်းဘက်မှလုံခြုံရေးအဖွဲ့က ၂၀၂၁ ခုနှစ် မတ်လ (၂၀) ရက်နေ့တွင် ဆန်အိတ်ပေါင်း (၇၀၀) ပေးပို့ရန် ကြိုးစားနေသည်ကို တွေ့ထားရခြင်းဖြစ်သည်။

ယခင်က ကရင်ပြည်နယ်တွင်းရှိ မြန်မာစစ်တပ်အတွက် ရိက္ခာလမ်းကြောင်းများကို KNU က ခွင့်ပြုပေးထားသော်လည်း နိုင်ငံ့အာဏာသိမ်းလိုက်ပြီး လက်နက်မဲ့လူထုကို အကြမ်းဖက်ပစ်သတ်ခြင်းများ လုပ်ဆောင်လာသည့်အတွက် KNU က လူထုဘက်က ရပ်တည်ကြောင်း ကြေညာလိုက်သည့်အပြင် ပြည်နယ်တွင်း စစ်တပ်ရိက္ခာပို့လမ်းကြောင်းကိုပါ ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။

လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်သတ်ဖြတ်နေမှုများအား ရပ်တန့်ရန် နိုင်ငံတကာက ဖိအားပေးနေသည့်အပြင် ပြည်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း လူထုဘက်မှ ရပ်တည်ပေးနေကြချိန်တွင် မြန်မာစစ်တပ်အား ရိက္ခာထောက်ပံ့ရန် ညွှန်ကြားချက်ကို ထိုင်းဗဟိုအစိုးရထံမှ ရလာခြင်းဖြစ်သည်ဟု သတင်းတွင်ရေးသားဖေါ်ပြထားသည်ကို တွေ့ရသည်။

Source: the reporter , Mutraw Affairs, CJ

Tachileik News Agency

စစ်ကောင်စီက ဖွဲ့စည်းထားသည့် နမ္မတီးအုပ်ချုပ်ရေးမှူးအဖွဲ့ကို ကန့်ကွက်

နမ္မတီးမြို့အတွင်း လူငယ်များက အာဏာသိမ်းစစ်ကောင်းစီက ဖွဲ့စည်းထားသော အုပ်ချုပ်ရေးမှူးအဖွဲ့ကို အလိုမရှိကြောင်း ကန့်ကွက်သည့် ဓါတ်ပုံပါစာရွက်များကို မတ်လ ၁၉ရက်ည လိုက်ကပ်သည့် လူပ်ရှားမူပြုလုပ်ခဲ့ကြောင်းသိရသည်။အဆိုပါ ပုံပါစာရွက်များကို မနက်စျေးနှင့် အုပ်ချုပ်ရေးရုံးတွင် လိုက်ကပ်ထားကြောင်း လူငယ်တစ်ဦးထံမှသိရသည်။

Kachin News Group

ကချင်ပြည်နယ်၊ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ယနေ့ မတ်လ (၂၀) ရက်နေ့ ကျောက်ဝိုင်းအတွင်း၌ လူမဲ့သပိတ်ပြုလုပ်၍ စစ်အာဏာရှင်အား အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်။

ဓါတ်ပုံ- စစ်ကိုနိုင်ထွန်း

Myitkyina News Journal

မြဝတီတွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ဌာနေပြည်သူ့စစ် ၁ ဦး ပစ်ခတ်ခံရ၍ သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဇရပ်ဖြူကုန်းကျေးရွာတွင် စစ်ကောင်စီမှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများ အစည်း အဝေး ပြုလုပ်နေသည့် နေရာကို ပစ်ခတ်ခံရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ဌာနေပြည်သူ့စစ် ၁ ဦး ကျည်ထိမှန် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၁၉ ရက်၊ ည ၈ နာရီကျော်တွင် ဇရပ်ဖြူကုန်းကျေးရွာ၌ အနီးပတ်ဝန်းကျင်မှ စစ်ကောင်စီက ခန့်အပ်ထား သည့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အစည်း အဝေးတခု ပြုလုပ်နေစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်။

မြဝတီမြို့နယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက “ကျနော်တို့က အပြင်ရောက်နေတာ။ ဒါပေမယ့် တက်ထားတဲ့ သတင်းပုံစံအတိုင်း ဖြစ်နေတယ်။ ပစ်ခတ်ခံရတာ တကယ်ပါပဲ” ဟု ပြောသည်။

စစ်ကောင်မှ ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ပြည်သူ့စစ် ၁ ဦး သေဆုံးသွားသည်ဟူသော သတင်းမှာလည်း မှန်ကန်ကြောင်း ဦးအိုက်ကျန်ခမ်းက ဆိုသည်။

ဒေသခံ တဦးကလည်း  “ညက ၃ ယောက် သေသွားတယ်။ နောက် ၁ ယောက်လည်း ထိထားတာ အခြေအနေ မကောင်း ဘူး ကြားတယ်။ ညကသေတဲ့ ၃ ယောက်က အုပ်ချုပ်ရေးမှူး ဦးအောင်ရယ်၊ ဦးခင်ဝင်းရယ်၊ ကျန်တယောက်က ပြည်သူ့စစ် ပဲ နာမည်တော့ မသိဘူး။ သူက ဆေးရုံထိ ပါလာပြီးမှသေတာ ကြားတယ်”ဟု ပြောသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် အုပ်ချုပ်ရေးမှူး ၂ ဦးသည် မဲ့ပလဲကျေးရွာအုပ်စုနှင့် ဝှေ့ရှမ်းကျေးရွာအုပ်စုမှ ဖြစ်ပြီး အာ ဏာသိမ်း စစ်ကောင်စီက အသစ်ခန့်အပ်ထားသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသခံက “ပစ်ခံရတဲ့နေရာမှာ ဝှေ့ရှမ်း၊ ကျောခို့၊ ပေါလော အဲဒီရွာတွေက အုပ်ချုပ်ရေးမှူးတွေလည်း ရှိနေတယ် တဲ့။ သင်္ကန်းညီနောင်ဘက်က ပြည်သူ့စစ်တွေလည်း ပါတယ်။ သူတို့ အစည်းအဝေးလုပ်ရင်း ဝင်ပစ်ခံရတာလို့ ပြောနေကြ တာပဲ။ ကျနော်တို့က တည့်တည့်ကြီးတော့ မမြင်ရဘူး။ ပစ်ခံရပြီး သင်္ကန်းညီနောင်ဘက် တပ်ဆေးရုံကို ပြေးကြတာပဲ” ဟု လည်း ပြောသည်။

ပစ်ခတ်ခံရမှုနှင့် ပတ်သက်၍ ထိခိုက်ထားသူများ၏ အခြေအနေကို မေးမြန်းရန် သင်္ကန်းညီနောင်ရဲတပ်ဖွဲ့နှင့် မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖြေဆိုခြင်း မရှိပါ။

အာဏာသိမ်း စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေး စာမျက်နှာများတွင်လည်း ဇရပ်ဖြူကုန်း ကျေးရွာတွင်း ပစ်ခတ်ခံရမှု နှင့်ပတ်သက်၍ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

ပစ်ခတ်မှု ဖြစ်ပွားသည့် ဇရပ်ဖြူကုန်းကျေးရွာသည် မဲ့ပလဲကျေးရွာအုပ်စုအတွင်း တည်ရှိပြီး မဲ့ပလဲကျေးရွာအုပ်စု သည် ကော့ကရိတ်-မြဝတီ လမ်းပိုင်း၊ သင်္ကန်းညီနောင် အရောက်တွင် မြဝတီမြို့ဘက်သို့ မတက်ဘဲ လမ်းခွဲအတွင်း ဝင် သွားရသည့် လမ်းအတွင်း တည်ရှိသည့် ကျေးရွာအုပ်စုတခု ဖြစ်သည်။

အဆိုပါ မဲ့ပလဲကျးရွာအုပ်စုသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကာလက ကရင်ပြည်နယ်၏ အမျိုးသားလွှတ်တော် မဲ ဆန္ဒနယ် (၁၁) အတွင်း ပါဝင်သည်။

မဲဆန္ဒနယ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)မှ မန်းဝင်းခိုင်သန်းဖြစ်ပြီး ၎င်းသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ခန့်အပ်မှုကြောင့် လက်ရှိတွင် ခေတ္တ ဒု-သမ္မတ တာဝန်ကို ထမ်းဆောင်လျက် ရှိသည်။

ဧရာဝတီ

« Older Entries