ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၄ ) ရပ်ကွက်ရှိ ရဲရိပ်သာအဆောင်သည် ယနေ့ (မတ် ၂၂) နေ့ခင်း ၁ နာရီခွဲအချိန်ခန့်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အမှတ် (၄ ) ရပ်ကွက်ရှိ ရဲရိပ်သာအဆောင်သည် ယနေ့ (မတ် ၂၂) နေ့ခင်း ၁ နာရီခွဲအချိန်ခန့်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုထံမှ သိရသည်။
အဆိုပါ ရိပ်သာအတွင်း ရဲဝန်ထမ်းများနေထိုင်သော်လည်း ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ခြင်းရှိ/မရှိကို လတ်တလော မသိရသေးသော်လည်း အဆိုပါ ရဲရိပ်သာကို ဖောက်ခွဲအပြီး အခြားအဆောက်အအုံတစ်ခုကို ဖောက်ခွဲရန် ပြင်ဆင်နေသူများကို အဖမ်းခံလိုက်ရသည်ဟု အဆိုပါ လူမှုကူညီရေးအသင်းမှ လာရှိုးမြို့ခံက ပြောသည်။ myanmar now