Monthly Archives: Mar 2021

ရန်ကုန်မြို့ ဆူးလေလမ်းမကြီးပေါ်မှာ ဒီနေ့ မနက်ပိုင်းက ဟွန်းတီးခြင်း၊ လက်သုံးချောင်းထောင်ခြင်းတို့နဲ့ ကားသပိတ်ပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မုံးပေါ်သို့သွားရာလမ်းမ ဆဘုတ်ကောင်းခါးရွာအနီး ဟိုတောင်းလျှို တွင် အင်အားအလုံးအရင်းဖြင့် လှုပ်ရှားလာသော အာဏာသိမ်း တပ်မ ၉၉တို့အား KIA တပ်မဟာ ၆ လက်အောက်ခံတပ်ရင်း ၃၆ မှ ရဲဘော်များ ယနေ့နံနက် ၇:၀၀ နာရီအချိန်တွင် အသင့်စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အာဏာသိမ်းအကြမ်းဖက် တပ်မ ၉၉ တို့ လှုပ်ရှားလာသည်ကို ကြိုတင် သတင်းရရှိထားသောKIA ရဲဘော်များသည် နံနက် ၃:00 နာရီအချိန်မှစ၍ ဟိုတောင်းလျှို တွင် နေရာယူလျက်စောင့်ဆိုင်းနေရာ နံနက် ၇:၀၀ နာရီအချိန်တွင် အသင့်စောင့်ကြိုနေသော နေရာသို့ရန်သူများ ရောက်ရှိလာသဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။တိုက်ပွဲအတွင်း အာဏာသိမ်းအုပ်စုဖက်မှထိခိုက်ကျဆုံးမှု အမြောက်အမြားရှိခဲ့ကြောင်း သိရသည်။ရှမ်းမြောက်ဒေသတွင် KIA နှင့် အာဏာသိမ်းတပ်တို့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ယနေ့အချိန်ထိ နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။7stars_News

နေ့စဥ်ထွက်နေတဲ့ မန္တလေး မြတောင်စစ်ကြောင်း

မန္တလေးမြို့မှာ အကြမ်းဖက်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက မတ်လ ၂၂ရက်၊မနက် ၉ နာရီကနေစပြီး ပစ်ခတ်တာတွေ နေရာအတော်များများ လုပ်နေပေမယ့် နာမည်ကြီး မြတောင်စစ်ကြောင်းကတော့ ပုံမှန် ထွက်လာပြီး စစ်အာဏာရှင်ပြုတ်ကျရေး ချီတက် ဆန္ဒပြနေပါတယ်။မြတောင်စစ်ကြောင်းကို အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ဖြိုခွင်းဖို့ အမြဲကြိုးစားနေပေမယ့် မြတောင်စစ်ကြောင်းကတော့ ​နေ့စဥ်ပုံမှန် ထွက်လာပြီး ဆန္ဒပြမြဲ ဖြစ်ပါတယ်။ mizzima

မတ်လ ၃၁ကို CDM နောက်ဆုံးတံခါးပိတ်ရက်အဖြစ် သမ္မတရုံး သတ်မှတ်

ဒီကနေ့ မတ်လ၂၂ရက်မှာ ရုံးတွေကျောင်းတွေ ပြန်တက်ဖို့ စစ်ကောင်စီက ဖိအားပေးနေချိန်မှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုရဲ့ တံခါးကို မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ခြွင်းချက်မရှိ ပိတ်သိမ်းမယ်ဆိုတဲ့ ကြေညာချက်ကို သမ္မတရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ယာယီတာဝန်ယူထားတဲ့ ဦးလွင်ကိုလတ်က မနေ့ကပဲ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ပြည်သူတွေနဲ့အတူ သစ္စာရှိရှိ ရပ်တည်တိုက်ပွဲဝင်တဲ့ CDM ဝန်ထမ်းတွေကို ဦးဆောင်မှုကဏ္ဍတွေမှာ ဂုဏ်ပြုတာဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တရားသစ်ကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ထားတဲ့ ဒေါက်တာဇော်ဝေစိုးကလည်း ဝန်ထမ်းတွေ မတ်လ ၂၂ ရက် မှာ လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီက အမိန့်ထုတ်တာဟာ တရားမဝင်ဘူးလို့ မနေ့ကပဲ ကြေညာချက် တစ်စောင်ထုတ်ပြန်ပါတယ်။

အမိန့်ထုတ်တဲ့သူရော၊ အမိန့်ကိုလိုက်နာပြီး လုပ်ငန်းခွင်ပြန်ဝင်သူရောကို နိုင်ငံတော်ပုန်ကန်မှုမှာ ပူးပေါင်းကြံစည်သူတွေအဖြစ် ဥပဒေကြောင်းအရ အပြစ်ပေး အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒေါက်တာဇော်ဝေစိုးက အလုပ်သမားဝန်ကြီးအနေနဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက် နောက်တစ်ခုထဲမှာတော့၊ စစ်ကောင်စီရဲ့ အမိန့်ကိုနာခံပြီး CDM ဝန်ထမ်းတွေကို အလုပ်က ရပ်ဆိုင်းတာတွေ၊ ဝန်ထမ်းအိမ်ရာတွေပေါ်က နှင်ချတာတွေဟာ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးကို ချိုးဖောက်နေတာဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးဥပဒေတွေအတိုင်း တရားစွဲဆို အပြစ်ပေးသွားမယ်လို့ ရေးထားပါတယ်။

စစ်ကောင်စီ နောက်လိုက်တွေရဲ့ လက်ချက်ကြောင့် ဝန်ထမ်းတွေအနေနဲ့ အလုပ်နေရာအပါအဝင် ဆုံးရှုံးနစ်နာမှုတွေကို မူလအတိုင်း ပြန်လည်ရရှိစေဖို့ လည်း အပြည့်အဝအာမခံတယ်လို့ အဲဒီကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ RFA

« Older Entries Recent Entries »