Monthly Archives: Mar 2021
မန်းလေးတွင် စစ်တပ်၏ ရမ်းကား ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်ရွယ် သမီးငယ်အပါအဝင် ၄ ဦးထပ် မံကျဆုံး၊ ယနေ့ တစ်ရက်တည်း ၆ ဦးထက်မနည်းသေဆုံး



မန်းလေး အောင်ပင်လယ်ရပ်ကွက်တွင် မတ်လ ၂၃ ရက်နေ့ ညနေပိုင်း အကြမ်းဖက်စစ်တပ်၏ ရမ်းကားပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် မခင်မျိုးချစ် ဗိုက်ပွင့် သေဆုံးသွားကြောင်း၊ အလားတူ လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦး၊ သီဟမင်းလက်ဖက်ရည်ဆိုင်မှ စားပွဲထိုး၊ အခြားအမျိုးသားတစ်ဦး စုစုပေါင်း ညနေပိုင်း တွင် ၄ ဦးကျဆုံးခဲ့ရသည်။
ယနေ့နံနက်ပိုင်းတွင်လည်း အမျိုးသား ၂ ဦးကျဆုံးခဲ့ရာ ယနေ့တစ်ရက်တည်း ၆ ဦးကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။khit thit
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တာဝန်ဆက်လက်ထမ်းဆောင်လျှက်ရှိ

မြန်မာနေ သြစတြေးလျနိုင်ငံသားများ စားနပ်ရိက္ခာ ၂ပတ်စာ စုဆောင်းထားရန် သြစတြေးလျသံရုံးသတိပေး

ဆိုင်များဆက်ပိတ်နေလျင် အဆင်သင့်ဖြစ်စေရန် စားနပ်ရိက္ခာ ၂ပတ်စာအထိ စုဆောင်းထားရန် အပါအဝင် ပြင်ဆင်ထားရန် မြန်မာနိုင်ငံတွင်း ကျန်ရှိနေသည့် သြစတြေးလျနိုင်ငံသားများကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက သတိပေးချက်ယနေ့ထုတ်ပြန်သည်။
အစားအစာ၊ ရေ၊ ငွေသားနှင့် အခြားမရှိမဖြစ်ပစ္စည်းများ သိုလှောင်ထားရန် သြစတြေးလျသံရုံးက သတိပေးသည်။အရေးပေါ် ဆက်သွယ်ရန် အဆက်အသွယ်များကိုလည်း ကိုယ်နှင့်မကွာ ဆောင်ထားရန်လည်း အဆိုပါသတိပေးချက်က ဖော်ပြသည်။
ဆားလင်းကြီးမြို့နယ်၊ ငါးခုန်ကျေးရွာက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲ





DVB
ရေဦးပြည်သူတွေ စစ်အာဏာရှင်ဆန့်ကျင်




RFA
ရွှေပြည်သာမှာ တရုတ်စက်ရုံတစ်ရုံ မီးလောင်



ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်က လန်းဆန်းမြန်မာအမည်ရှိ တရုတ်ပိုင် သိုးမွေးအထည်ချုပ်စက်ရုံမီးလောင်လျက်ရှိသည်။ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က စတင်လောင်ကျွမ်းနေခြင်းဖြစ်ပြီး မီးသတ်ကားများလာရောက်ငြိမ်းသတ်နေဆဲဖြစ်သည်။
မန်းလေးတွင် အကြမ်းဖက်စစ်တပ်၏ ပစ်သတ်မှုကြောင့် ယနေ့ ပြည်သူတစ်ဦး ဦးခေါင်းကျည်ထိကွယ်လွန်

မတ်လ ၂၃ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင် မန်းလေး၅၉ လမ်း စိန်မေတ္တာ လက်ဖက်ရည်ဆိုင်အနီးတွင် အကြမ်းဖက် စစ်တပ်က ပြည်သူတစ်ဦးကို ဦးခေါင်းထိအောင် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။ khit thit
ထားဝယ်၌ စစ်ကား တက်ကြိတ်၍ အမျိုးသားတစ်ဦးသေဆုံး




တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် လမ်းကူးရန် ရပ်နေသည့် အမျိုးသားတစ်ဦးအား စစ်ကောင်စီ၏ လက်နက်ကိုင်များက ကားဖြင့် တိုက်၍ တက်ကြိတ်ခဲ့သည်။အဆိုပါဖြစ်စဉ်သည် ယနေ့ (မတ် ၂၃) နံနက် ၁၁ နာရီခွဲခန့်တွင် ထားဝယ်မြို့ ၊ ကျောက်မော်ရပ်ကွက် ၊ ထောင်လမ်းဆုံ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။”ကားနဲ့တိုက်ပြီး ရှေ့ဘီးရော၊ နောက်ဘီးရော တက်ကြိတ်သွားတာ”ဟု အဆိုပါ မြို့ခံက ပြောသည်။ သေဆုံးသူသည် ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သူ ကိုဇင် ဆိုသူဖြစ်ကြောင်း သိရသည်။ myanmar now