မြန်မာနေ သြစတြေးလျနိုင်ငံသားများ စားနပ်ရိက္ခာ ၂ပတ်စာ စုဆောင်းထားရန် သြစတြေးလျသံရုံးသတိပေး

ဆိုင်များဆက်ပိတ်နေလျင် အဆင်သင့်ဖြစ်စေရန် စားနပ်ရိက္ခာ ၂ပတ်စာအထိ စုဆောင်းထားရန် အပါအဝင် ပြင်ဆင်ထားရန် မြန်မာနိုင်ငံတွင်း ကျန်ရှိနေသည့် သြစတြေးလျနိုင်ငံသားများကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက သတိပေးချက်ယနေ့ထုတ်ပြန်သည်။
အစားအစာ၊ ရေ၊ ငွေသားနှင့် အခြားမရှိမဖြစ်ပစ္စည်းများ သိုလှောင်ထားရန် သြစတြေးလျသံရုံးက သတိပေးသည်။အရေးပေါ် ဆက်သွယ်ရန် အဆက်အသွယ်များကိုလည်း ကိုယ်နှင့်မကွာ ဆောင်ထားရန်လည်း အဆိုပါသတိပေးချက်က ဖော်ပြသည်။