Monthly Archives: Mar 2021
တပ်စခန်းများ ဝန်းရံထားသည့် မန္တလေးတိုင်း မိတ္ထီလာမြို့တွင် ယနေ့ (မတ် ၂၃) နံနက်ပိုင်းက မြို့ခံလူငယ်များ ဦးဆောင်ပြီး ‘အရုဏ်ဦးသပိတ်’ ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ





myanmar now
မော်လမြိုင်မီးရထား ဝန်ထမ်းများကို လိုင်းခန်းမှ အတင်း အဓမ္မ ထွက်ခိုင်းနေ









မွန်ပြည်နယ် မော်လမြိုင်မြို့ မီးရထားဝင်းအတွင်းနေထိုင်သည့် မီးရထားဝန်ထမ်း မိသားစုများကို အကြမ်းဖက် စစ်သူပုန်များမှ အတင်းအဓမ္မ လိုင်းခန်းမှထွက်သွားခိုင်းသောကြောင့် ယနေ့မနက်မှ စတင်၍ အထုတ်အပိုးများပြင်ဆင်လျှက် ရွေ့ပြောင်းမှူများ ပြုလုပ်လျှက်ရှိပြီ လူမှုကူညီရေး အသင်းအဖွဲ့တချို့လည်းကူညီလျှက်ရှိသည်။
မော်လမြိုင်မြို့တွင် အကြမ်းဖက်စစ်သူပုန်များက CDM တွင်ပါဝင်သည့် မီးရထားဝန်ထမ်းများကို လိုင်းခန်းမှအပြီ ထွက်သွားရန် ပြောဆိုထားကြောင်းသိရပါသည်။ democracy vision
မရမ်းကုန်းမြို့နယ်၊ ရပ်ကွက်အတွင်းလမ်းလျှောက်သပိတ်








DVB
အချိန်ပြောင်း ထွက်လာတဲ့မန္တလေးက မြတောင်စစ်ကြောင်း




မန္တလေးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေက နေ့၊ည ပစ်ခတ် သတ်ဖြတ်တာတွေ လုပ်နေတဲ့ကြားက မြတောင်စစ်ကြောင်းကတော့ ပုံမှန်ထွက်နေတဲ့အချိန်ထက်စောပြီး ဒီနေ့ မတ်လ ၂၃ရက်မှာ အောင်မြင်စွာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ဆန္ဒပြခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ မြတောင်စစ်ကြောင်း မထွက်နိုင်အောင် နေ့စဥ် ပိတ်ဆို့တာတွေလုပ်ပေမယ့် မြတောင်စစ်ကြောင်းကတော့ ပုံစံအမျိုးမျိုးနဲ့ အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါတယ်။မန္တလေးမြို့မှာ အကြမ်းဖက်ပစ်ခတ် လူသတ်နေတာတွေကတော့ လျှော့မသွားပဲ ပိုပြီး လုပ်နေတာကိုတွေရပါတယ်။
မန္တလေးမှာ နှစ်ရက်အတွင်း အသက် ၁၃နှစ်အရွယ် ကလေးတစ်ဦး အပါမဝင် ၁၀အထက် ကျဆုံးထားပြီး အများ အပြား ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ mizzima
မြစ်ငယ် မီးရထားစက်ရုံ ဝန်ထမ်းများ၏ ညသပိတ်


ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အာရုံဦးသပိတ်




မကွေးတိုင်း ရေစကြို အာရုဏ်ဦး သပိတ်





CDM တိုက်ပွဲမှသည် ပြည်သူ့အစိုးရအုပ်ချုပ်ရေးဆီသို့….
စစ်အာဏာရှင် ပြုတ်ကျရေးဆန္ဒပြမှု အားကောင်းလာတဲ့ကျောင်မြောင်းက အရုဏ်ဦးသပိတ်








ဒီကနေ့ မတ်လ(၂၃)ရက်မှာ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ဒုတိယနေ့အဖြစ် ကျောင်မြောင်းမှာ အရုဏ်ဦးလမ်းလျှောက် သပိတ်ပြုလုပ်ခဲ့ပါတယ်။
အာရုံဦးသပိတ်မှာ ပါဝင်သူ (၃၀၀)ခန့်ရှိပြီး မနေ့ကထက်လူဦးရေပိုများကာ အင်အားများများနဲ့ ကျောက်မြောင်းမှာရှိတဲ့ ရပ်ကွက်တွေထဲက လမ်းတွေမှာ ဆန္ဒပြကြွေးကြော်ခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ တပ်တွေက ဆန္ဒပြပြည်သူတွေကို ဖြိုခွဲပစ်ခတ်သက်ဖြတ်မှုတွေ ရှိနေပေမဲ့ ပြည်သူတွေကတော့ စစ်အာဏာရှင်အလိုမရှိကြောင်းကို နည်းအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်နေကြတာပါ။ mizzima