ဖြူးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ဖြူးမြို့တွင် မတ်လ ၂၅ ရက်နေ့ ညပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကြောင်း ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အေးဝင်းက သတင်းထုတ်ပြန်ထားသည်။
“ဝမ်းနည်းကြေကွဲရတဲ့နေ့ပါ။ဖြူးမှာဒီနေ့ပထမဆုံးအဖမ်းခံရတာကျနော့်ရဲ့သားပါ။ဒါကိုမကျေနပ်လို့ပြန်လွှတ်ပေးဘို့တောင်းဆိုကြတဲ့ပြည်သူတွေကိုကျည်အစစ်နဲ့ပစ်ခတ်ခဲ့လို့လူငယ်တစ်ယောက်သေနတ်မှန်သေဆုံးခဲ့တယ်လို့သိရပါတယ်။မိသားစုနှင့်ထပ်တူဝမ်းနည်းကြေကွဲရပါတယ်၊ယခုလို ကျည်အစစ်နဲ့ပစ်ခဲ့သူတွေ၊အမိန့်ပေးစေခိုင်းသူတွေအားလုံးသည် အကြမ်းဖက်အဖွဲ့ဝင်များသာဖြစ်ပါကြောင်းသိစေအပ်သည်”ဟု ဦးကျော်အေးဝင်းက လူမှုကွန်ရက်တွင်ရေးသားထားသည်။ khit thit