ရပ်ကွက်နေ အမျိုးသမီးနှစ်ဦး ဖမ်း ဆီးခံရသဖြင့် ဒလရဲစခန်းကို ပြည်သူ ငါးထောင်ကျော်ခန့် ဝိုင်းထား

ရန်ကုန်မြို့ တစ်ဘက်ကမ်းရှိ ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်၊ ပိတောက်လမ်းနေ အသက် ၁၉ နှစ် အရွယ် မသဇင်ဦးနှင့် အသက် ၃၀ ခန့် မသက်သက်မာဆိုသူ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံထားရသဖြင့် ဒေသခံ ပြည်သူ ၅၀၀၀ လောက် ဒလမြို့နယ်ရဲစခန်းတွင် ယနေ့ (မတ် ၂၆) နေ့လယ်ပိုင်းစတင်ကာ ယနေ့ညနေပိုင်း အထိ ပတ်ပတ်လည်ဝိုင်းရံထားကြောင်း သိရသည်။
“မိန်းကလေးနှစ်ယောက်ကို ရပ်ကွက်ထဲကို ဝင်ဖမ်းတယ်ဗျာ။ သူတို့ကို ပြန်လွတ်ပေးဖို့ ရပ်ကွက်ကလူတွေက ဝိုင်းထားပြီး တောင်ဆိုနေတာ။ အဲ့ဒီလိုဖြစ်နေတဲ့ အချိန်မှာ သူတို့စခန်းထဲက စပြီးတော့ ပစ်ခတ်မှုတွေလုပ်လာတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ညနေပိုင်း အခြေအနေမှာ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက သေနတ် လေးချက်ဖောက်ကာ လူစုခွဲပြီး ရဲစခန်းအနီးတဝိုက် ဘယ်ရီဂိတ်နှင့် သဲအိတ်များ တားဆီးကာ စခန်းကို ကာကွယ်ထားသည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက သတင်းပေးပို့သည်။myanmar now