Monthly Archives: Mar 2021

အကြမ်းဖက် စစ်အုပ်စုမှ အ ကြောင်းမဲ့ ပစ်ခတ်မူ ကြောင့် မိုးကုတ်မြို့က ကလေးငယ်တစ်ဦး ပါးစပ်ကို ကျည်ဆံထိမှန်
အကြမ်းဖက် စစ်အုပ်စုမှ ပြည်သူ များအား အကြောင်းမဲ့ ရက်စက်စွာရိုက်နှက် သတ်ဖြတ်နေ
မြိတ်မြို့တွင် အကြမ်းဖက် စစ်အုပ်စုမှ ပြည်သူ တစ်ဦးအား ရက် စက်စွာရိုက်နှက်
အကြမ်းဖက်စစ်အာဏာသိမ်းကောင်စီတပ်စခန်းသိမ်း ပိုက်ပြီးနောက် ခုခံတုံ့ပြန်မှု အရှိန်အဟုန်မြှင့်မည်ဟု KNU တပ်မဟာ ၅ ကြေညာ၊ ပြည်သူအကာအကွယ်ပေးမည်ဟု ထုတ်ပြန်


ရန်ကုန်မြို.ရှိ အမေရိကန်အစိုးရပိုင် အမေရိကန်စင်တာအား ယနေ့ မတ်လ ၂၇ ရက်နေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရ

ရန်ကုန်မြို.ရှိ အမေရိကန်အစိုးရပိုင် အမေရိကန်စင်တာအား ယနေ့ မတ်လ ၂၇ ရက်နေ့တွင် သေနတ်ဖြင့်ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း၊ သို့သော် တစ်စုံတစ်ဦးမှ ထိိခိုက်မှုမရှိခဲ့ကြောင်း အမေရိကန်သံရုံးက လူမှုကွန်ယက်တွစ်တာပေါ်တွင် သတင်းထုတ်ပြန်လိုက်သည်။ သေနတ်ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်းလျက်ရှိကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်စင်တာတွင် အများပြည်သူများအတွက် စာကြည့်တိုက်တစ်ခုရှိဖွင့်လှစ်ထားရှိပြီး၊ အင်္ဂလိပ်ဘာသာစကားသင်တန်းများကိုလည်း ပို့ချလျက်ရှိသည်။myanmar now
ရွှေဘိုမြို့ တွင် အကြမ်းဖက် စစ်အုပ်စုမှ ပစ်ခတ်ခံရသူများ



တမူးတွင် နယ်စပ်ရဲကင်းစခန်းတစ်ခု ဗုံးပေါက်ကွဲ ရဲနှစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့၊ မြို့မ (၁၄) ရပ်ကွက် (ချောင်းနက်ကြီး)ရှိ နယ်စပ်ရဲကင်းစခန်းတစ်ခု မတ်လ ၂၆ ရက်နေ့ညက ဗုံပေါက်ကွဲပြီး ရဲနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။ ဒဏ်ရာရသူရဲနှစ်ဦးကိုတော့ ကလေးမြို့ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ကင်းစခန်းကတော့ မီးလောင်ပြာကျသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ DVB
ရေဦး ဖက်ဆစ် တော်လှန်ရေးနေ့ သပိတ်



