Monthly Archives: Mar 2021

မြင်းခြံတွင် လမ်း​ပေါ် သွား​နေသည့် ခရီးသွားဟိုက်ဂျက်ကို အကြမ်းဖက်စစ်တပ်က အ​ကြောင်းမဲ့ ပစ်ခတ်၍ ယာဥ်​မောင်းအမျိုးသား ​သေဆုံး

မြင်းခြံမြို့​ပေါ် လမ်းသစ်လမ်း​ပေါ် သွားလာ​နေသည့် ခရီးသွားဟိုက်ဂျက်​​မော်​တော်ယာဥ်ကို မတ်လ ၂၈ ရက်​နေ့ ည​နေပိုင်းက အကြမ်းဖက်စစ်တပ်က အ​ကြောင်းမဲ့ ပစ်ခတ်၍ ယာဥ်​မောင်း အမျိုးသား ကျည်ထိ ​သေဆုံး​သွား​ကြောင်း၊ ကား​ပေါ် က​လေးများနှင့်အမျိုးသမီး ပါလာပြီး မြင်းခြံမြို့ခံများက ​ခေါ်ယူ​စောင့်​ရှောက်ထား​ကြောင်း သိရှိရသည်။ khit thit

ကလေးမြို့တွင် ည ၇ နာရီ ၁ ဦးထပ်မံ​သေဆုံး၊ သေဆုံးသူ ၃ ဦးရှိပြီ

ကလေးမြို့ တာဟန်းပင်မသပိတ်စခန်းရှိ လူထုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့ည​နေ ၇ နာရီတွင် ရင်ဘတ်ဒဏ်ရာဖြင့် ချင်းလူငယ် ၁ ဦးထပ်မံသေဆုံးကြောင်းသိရသည်။

လက်ရှိတွင် မတ်လ ၂၈ ၌ က​လေးမြို့တွင် ကျဆုံးရသူ ၃ ဦးရှိပြီ ဖြစ်သည်။Chin World

မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး

မတ်လ ၂၈ ရက်နေ့ မုံရွာမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ဖြုတ်ချနေတဲ့ လူထုလှုပ်ရှားမှုမြင်ကွင်းတွေပါ။ ယမန်နေ့ မတ်လ ၂၇ နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေက နိုင်ငံတစ်ဝန်းက ကလေးငယ်တွေအပါအဝင် အပစ်မဲ့ပြည်သူ ရာကျော်(တစ်ရာကျော်) ကိုပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ အကြမ်းဖတ်တပ်ဖွဲ့တွေ အာဏာသိမ်းခဲ့တာ ဒီကနေ့ဆိုရင် ၅၆ ရက်ရှိပါပြီ။ အကြမ်းဖက်တပ်ဖွဲ့တွေရဲ့ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့်သေးဆုံးခဲ့ရသူဦးရေဟာ ၃၀၀ ကျော်ရှိခဲ့ပါပြီ။ mizzima

ဗကသကျောင်းသား စျာပနာကို စစ်ကောင်စီ ဝင်ရောက်ပစ်ခတ်

ယမန်နေ့က ပဲခူးမြို့ ဆံတော်တွင်းစစ်ကြောင်းမှာ ကျည်ဆန်ထိမှန်ပီး ၂၈ရက်နေ့ နံနက် ၃နာရီမှာ ကျဆုံးသွားတဲ့ ဗကသကျောင်းသား အစ္စလာမ်ဘာသာဝင် မောင်သဲမောင်မောင်ရဲ့ စျာပနကို ဘုရားကြီး မွတ်စလင် ကဘရ်စတန်အတွင်း မြုပ်နှံနေစဥ် အတွင်း အကြမ်းဖက် စစ်တပ်မှ ရောက်ရှိလာပြီး စျာပနာလာပို့သူ လူစုလူဝေးများနဲ့ ကျောင်းသားများကို ပစ်ခတ်နှိပ်နင်းပီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် စျာပနကျင်းပနေရာ သုဿန်အတွင်းမှ ထွက်ပြေးခဲ့ရတယ်လို့ လိုက်ပါ ပို့ဆောင်သူတွေထံက သိရပါတယ်။ democracy vision

စစ်အာဏာရှင် ဆန့်ကျင်​ရေး သပိတ်ဖြိုခွင်းရာတွင် အကြမ်းဖက်စစ်​ကောင်စီတပ်က လက်ပစ်ဗုံးစတင် အသုံးပြု

ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်များက စစ်အာဏာရှင်ဆန့်ကျင်​ရေး သပိတ်​မှောက်ပြည်သူများကို ဖြိုခွင်းရာတွင် လက်ပစ်ဗုံးစတင်အသုံးပြု ​နေ​ကြောင်း မျက်မြင်ကြုံ​တွေ့သူများက ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့​ပြောသည်။

ယ​နေ့နံနက် လှိုင်မြို့နယ်တွင် လက်ပစ်ဗုံးပစ်​ဖောက်ဖြိုခွဲ၍ ပြည်သူ ၁ ဦးလက်ပြတ်သွားပြီး အခြားပြည်သူ ၁ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့​ကြောင်းသိရှိရသည်။ယမန်​နေ့ကလည်း အကြမ်းဖက်စစ်​ကောင်စီတပ်က သပိတ်​မှောက်ပြည်သူများကို လိုက်လံဖမ်းဆီးရာတွင် အထပ်မြင့်တိုက်အတွင်း ဝင်​ပြေးသူတစ်ဦးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့၍ ပြည်သူ ၁ ဦးကျဆုံးခဲ့ရသည်။ khit thit

မိုးကောင်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူတွေက မတ် ၂၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မိုးကောင်းမြို့မှာ ရဲတပ်ဖွဲ့က လမ်းကြောင်းပိတ်ဆို့မှုရှိနေပေမဲ့ ဆန္ဒပြပြည်သူတွေက ထိပ်တိုက်ရင်ဆိုင်မှုမရှိဘဲ အကြမ်းမဖက် ငြိမ်းချမ်းစွာလှည့်လည်စီတန်းဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ဒါအပြင် ဈေးကုန်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ KBZ ဘဏ်ရှေ့လမ်းနဲ့ မြို့နယ် လဝက ရုံးရှေ့တွေမှာလမ်း စာရွက်များချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ DVB

မန်း​လေးတွင် အကြမ်းစစ်တပ်က ပြည်သူတစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ဟု ​ဒေသခံများ ​ပေးပို့လာ

မန်း​လေးတွင် မတ်လ ၂၇ ရက်​နေ့ ညပိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီတပ်များက ၄င်းတို့ လာ​ရောက်သည်ကို ထွက်ကြည့်သည့်အမျိုးသားတစ်ဦးကို အရှက်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့​ကြောင်း ​ဒေသခံများက ​ဓါတ်ပုံများနှင့်တကွ ရန်ကုန်​ခေတ်သစ်သတင်းဌာနသို့​ပေးပို့ ​ပြောဆိုလာသည်။

ရန်ကုန်​ခေတ်သစ်အ​နေဖြင့် ယင်းဖြစ်စဥ်ကို အတည်ပြုနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။​ဒေသခံများ၏ ​ပြောဆိုချက်အရ မန်း​လေး ၁၉ လမ်း၊ မင်းတဲအီကင်းရပ်ကွက်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်များ ​ရောက်ရှိ​နေချိန် အပြင်ထွက်ကြည့်သည့် အမျိုးသားတစ်ဦးကို မီးရှို့သတ်ဖြတ်ခြင်းဖြစ်​ကြောင်းသိရှိရသည်။

ယင်းအမျိုးသားသည် က​​လေး ၄ ဦး၏ဖခင်ဖြစ်ပြီး ​နာမည် ​နေရပ်လိပ်စာအပြည့်အစုံကို ဆက်လက်စုံစမ်းလျက်ရှိသည်။ Khit Thit Media

ရန်ကုန် လမ်းမများကို ပြန်လည် သိမ်းပိုက်ခြင်း

ရန်ကုန်မြို့ခံလူထုဟာ ပိတ်ဆို့ထားတဲ့လမ်းမများကို မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အုပ်စုရဲ့ လက်ချက်ကြောင့် ရက်သတ္တပတ်အတော်ကြာ ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။

တပ်မတော်နေ့လို့ ခေါ်ဆိုတဲ့နေ့မှာ နံနက်အစောပိုင်းအချိန်ကတည်းက လူသတ်အကြမ်းဖက်မှုဆက်တိုက် ကျူးလွန်နေပြန်တဲ့ အကြမ်းဖက်အုပ်စုရဲ့ ထပ်မံကျူးလွန်နေတဲ့ လုပ်ရပ်အကြားမှာပဲ ရန်ကုန်မြို့ခံပြည်သူလူထုဟာ ကျည်ဆံများကြားကနေ အလံနက်စိုက်ထူပြီး ရန်ကုန်မြို့ရဲ့ လမ်းမများကို ပြန်လည်သိမ်းပိုက်ပြီး သပိတ်တိုက်ပွဲကို ညအချိန်ထိ ဆက်လက်ဆင်နွှဲလျက်ရှိပါတယ်။

သတင်းဓာတ်ပုံများကတော့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အုပ်စု မီးရှို့ဖျက်ဆီးမှုတွေကို ပြန်လည်ထိန်းသိမ်းရင်း ယနေ့ တစ်နေ့တာလုံးနှင့် ညအချိန်ထိ ဆန္ဒဖော်ထုတ်နေကြတဲ့မြင်ကွင်းများဖြစ်ပါတယ်။ Democracy Vision