စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ဖြိုခွင်းရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်ပစ်ဗုံးစတင် အသုံးပြု


ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ပြည်သူများကို ဖြိုခွင်းရာတွင် လက်ပစ်ဗုံးစတင်အသုံးပြု နေကြောင်း မျက်မြင်ကြုံတွေ့သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောသည်။
ယနေ့နံနက် လှိုင်မြို့နယ်တွင် လက်ပစ်ဗုံးပစ်ဖောက်ဖြိုခွဲ၍ ပြည်သူ ၁ ဦးလက်ပြတ်သွားပြီး အခြားပြည်သူ ၁ ဦးလည်း ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။ယမန်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်က သပိတ်မှောက်ပြည်သူများကို လိုက်လံဖမ်းဆီးရာတွင် အထပ်မြင့်တိုက်အတွင်း ဝင်ပြေးသူတစ်ဦးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့၍ ပြည်သူ ၁ ဦးကျဆုံးခဲ့ရသည်။ khit thit