မိုးကောင်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြ



ကချင်ပြည်နယ် မိုးကောင်းမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ ပြည်သူတွေက မတ် ၂၇ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မိုးကောင်းမြို့မှာ ရဲတပ်ဖွဲ့က လမ်းကြောင်းပိတ်ဆို့မှုရှိနေပေမဲ့ ဆန္ဒပြပြည်သူတွေက ထိပ်တိုက်ရင်ဆိုင်မှုမရှိဘဲ အကြမ်းမဖက် ငြိမ်းချမ်းစွာလှည့်လည်စီတန်းဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဒါအပြင် ဈေးကုန်းရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ KBZ ဘဏ်ရှေ့လမ်းနဲ့ မြို့နယ် လဝက ရုံးရှေ့တွေမှာလမ်း စာရွက်များချိတ်ဆွဲကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ DVB