ရန်ကုန် လမ်းမများကို ပြန်လည် သိမ်းပိုက်ခြင်း





ရန်ကုန်မြို့ခံလူထုဟာ ပိတ်ဆို့ထားတဲ့လမ်းမများကို မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အုပ်စုရဲ့ လက်ချက်ကြောင့် ရက်သတ္တပတ်အတော်ကြာ ပြန်လည် လက်လွှတ်ခဲ့ရပါတယ်။
တပ်မတော်နေ့လို့ ခေါ်ဆိုတဲ့နေ့မှာ နံနက်အစောပိုင်းအချိန်ကတည်းက လူသတ်အကြမ်းဖက်မှုဆက်တိုက် ကျူးလွန်နေပြန်တဲ့ အကြမ်းဖက်အုပ်စုရဲ့ ထပ်မံကျူးလွန်နေတဲ့ လုပ်ရပ်အကြားမှာပဲ ရန်ကုန်မြို့ခံပြည်သူလူထုဟာ ကျည်ဆံများကြားကနေ အလံနက်စိုက်ထူပြီး ရန်ကုန်မြို့ရဲ့ လမ်းမများကို ပြန်လည်သိမ်းပိုက်ပြီး သပိတ်တိုက်ပွဲကို ညအချိန်ထိ ဆက်လက်ဆင်နွှဲလျက်ရှိပါတယ်။
သတင်းဓာတ်ပုံများကတော့ အကြမ်းဖက်မင်းအောင်လှိုင်ရဲ့ အကြမ်းဖက်အုပ်စု မီးရှို့ဖျက်ဆီးမှုတွေကို ပြန်လည်ထိန်းသိမ်းရင်း ယနေ့ တစ်နေ့တာလုံးနှင့် ညအချိန်ထိ ဆန္ဒဖော်ထုတ်နေကြတဲ့မြင်ကွင်းများဖြစ်ပါတယ်။ Democracy Vision