Monthly Archives: Mar 2021

တောင်ဒဂုံတွင် ယ​နေ့ည​နေ ပြည်သူ ၂ ဦး ထပ်မံကျဆုံး၊ ယ​နေ့ အတွက် ကျဆုံးသူ ၃ ဦးရှိလာ

ရန်ကုန်တောင်ဒဂုံတွင် ယ​နေ့ည​နေ ၂ ဦး ထပ်မံကျဆုံး၊ ယ​နေ့ အတွက် ကျဆုံးသူ ၃ ဦးရှိလာ​ကြောင်း ​ဒေသခံများထံမှ သိရှိရသည်။

တောင်ဒဂုံ ၁၀၇ ရပ်ကွက်တွင် ယ​နေည​နေပိုင်း အကြမ်း ဖက်စစ်​ကောင်စီ၏ ပစ်ခတ်မှု​ကြောင့် လူငယ် ၂ ဦး ကျဆုံးပြီး ၁ ဦး၏ အ​လောင်းကို စစ်တပ်က သိမ်းဆည်းသွား ​ကြောင်းသိရှိရသည်။

​တောင်ဒဂုံတွင် အင်တာနက် ဖိုက်ဘာကြိုးနှင့် Wifi Box များကို စစ်တပ်က ဖျက်ဆီးထား၍ ရပ်ကွက် တချို့တွင် အင်တာနက်ဆက်သွယ်​ရေး ပြတ်​တောက်​လျက်ရှိ​ကြောင်း သိရှိရသည်။

လတ်တလော တောင်ဒဂုံ ၁၀၇၊ ၅၄၊ ၅၆၊ ၇၀၊ ၇၁ ရပ် ကွက် များကို အကြမ်းဖက်စစ်ကောင်စီတပ်များက စောင့်ကြပ်မှုများရှိနေပြီး ပစ်ခတ်သံတချို့ ကြားရကြောင်း သိရှိရသည်။khit thit

ဖားကန့်မြို့နယ်က ရဲတပ်ရင်း၂၈ ဖဝါစခန်းအား KIAမှ ဝင်ရောက်တိုက် ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဖဝါကျေးရွာအနီး၊ ရတနာရွှေအိတ် အကျိုးကုမ္ပဏီအနားက ရဲတပ်ရင်း (၂၈) စခန်းအား KIA ကနေပြီး မတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ရဲတပ်ရင်း (၂၈) ဟာ မြဥယျာဉ်၊ ဖဝါကျေးရွာအနီး၊  ဆန်ခါကျေးရွာအနီးတွေမှာ တပ်စွဲထားတဲ့ စခန်း (၃) နေရာရှိပေမယ့် ဖဝါကျေးရွာအနီးက နိုင်ငံတော်နဲ့အကျိုးလုပ်ကွက် ကျောက်စိမ်း တူးဖော်ခဲ့တဲ့ ရတနာရွှေအိတ်ကုမ္ပဏီအနီးက ရဲတပ်ရင်းစခန်းကိုပဲ ကချင်တပ်မတော် KIA က စီးနင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ rfa

ရွှေလီမြို့အား ရုတ်တရက်ပိတ်ပြီ

တရုတ်-မြန်မာနယ်စပ် ရှိတရုတ်ဖက်မှ ရွှေလီမြစ်ကူးတံတားအား ယနေ့(၃၀-၀၃-၂၀၂၁)နံနက်ပိုင်းကစ၍ တရုတ်တာဝန်ရှိသူများက ပိတ်လိုက်ကြောင်း Wechat အသုံးပြုသူတဦးမှ (၁၁:၀၀)ခန့်က စတင်ဖော်ပြခဲ့သည်။ ကျယ်ခေါင်ရှိ မြန်မာလုပ်ငန်းရှင်တဦးအား တယ်လီဖုန်းဖြင့်ဆက်သွယ်ရာ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ကျယ်ဂေါင်မြို့ရှိ ကျောက်မျက်စျေးအား စတင်ပိတ်လိုက်သည်ဟု ဆိုသည်။

KIA မှ မူဆယ်မြို့သို့ဝင်ရောက်မည်ဟု သတင်းများအပြင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းနေသောလက်ရှိအချိန်၌ တရုတ်ပြည်ဖက်လာရောက်ခိုလှုံသူများရှိနေပြီး ရွှေလီမြို့ထဲမလာနိုင်ရန် ပိတ်ပင်ဖွယ်ရှိသည်ဟု ဂျယ်ဂေါင်ရှိ ကားဂိတ်ဂိတ်မှူး တဦးမှပြောသည်။ ယမန်နေ့နေ့လည်ပိုင်းကလည်း နမ့်ခမ်းမြို့ထဲသို့ အနီးအနားမှစစ်ဘေးရှောင်များ အများအပြားဝင်ရောက်နေခဲ့ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်၌ (မြန်မာ)ပြည်မမှ အသီးအနှံသယ်ယူသည့် အတက်ကားများသာ ရှိတော့သည်ဟု မူဆယ်နယ်ခံတို့ကပြောကြားခဲ့သည်။

“တောင်ဒဂုံက မီးလောင်ထားသော ကားများ ကျည်ဆံမှန်ထားသော အိမ်များ”

ယမန်နေ့ညပိုင်းက တောင်ဒဂုံ ၅၆ ရပ်ကွက်ကို ဖြိုခွင်းအပြီး ယနေ့မတ်လ ၃ဝ ရက်နေ့မနက်ပိုင်းမှာတော့လှော်ကားလမ်းမကြီးပေါ်ရှိ နေအိမ်တော်တော်များများနဲ့ ဈေးများဆိုင်များ ပိတ်ထားကြသလို တစ်ချို့လည်း စွန့်ခွာပြီး ရှောင်တိမ်းသွားကြတယ်လို့သိရပါတယ်။လမ်းတစ်လျှောက် မီးလောင်ထားသော ကားများ ဖြတ်တောက်ခံထားရသော တယ်လီဖုန်းကြိုးများ အင်တာနက်ကြိုးများနှင့် အတူ ကျည်ဆံမှန်ထားတဲ့ အဆောက်အဦးများစွာကိုလည်း တွေ့ရပါတယ်။Myanmar Celebrity Tv Club

ထိုင်းရောက် ကရင်စစ်ရှောင် ၅၂၀ ဦးအား ထပ်မံပြန်ပို့

မူတြော်ခရိုင် သံလွင်မြစ်ကမ်းနံဘေးရှိ စစ်ကောင်စီတပ်၏ လေကြောင်းရန်ကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်သွားခဲ့သည့် အူးဝဲကလိုးနှင့် ပကာဒဲရွာမှ ဒေသခံကရင်စစ်ရှောင်ရွာသား ၅၂၀ ဦးအား ထိုင်းအာဏာပိုင်များက ယနေ့ နေ့လည်ပိုင်းတွင် ထပ်မံ ပြန်ပို့လိုက်သည်ဟု သိရသည်။

ယမန်(မတ် ၂၉ရက်) နေ့ ညနေတုန်းကလည်း စစ်ကောင်စီတပ်၏ လေကြောင်းရန်ကြောင့် သံလွင်မြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့သည့် အီတူးထာကျေးရွာမှ စစ်ရှောင် ၂၀၀၉ဦးကိုလည်း ထိုင်းအာဏာပိုင်များမှ ပြန်ပို့ဆောင်ခဲ့ပြီးဖြစ်သည်။ စစ်ကောင်စီတပ်၏ ဂျက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မည့်သတင်းကြောင့် ပြီးခဲ့သည့် မတ်လ ၂၈ရက်နေ့ မွန်းလွဲပိုင်းတွင် သံလွင်မြစ်ကမ်းနံဘေးတစ်လျှောက်မှ အဆိုပါ ဒေသခံ ၃၀၀၀ နီးပါးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ သွားရောက်တိမ်းရှောက်ခဲ့ကြခြင်းဖြစ်သည်။KIC – ကရင်သတင်းစဉ် 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့တွင် ယနေ့မတ်လ ၃၀ ရက်နေ့၌ လူဦးရေ သောင်းနှင့်ချီ၍ ဆက်လက်ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့တွင် ယနေ့မတ်လ ၃၀ ရက်နေ့၌ လူဦးရေ သောင်းနှင့်ချီ၍ ဆက်လက်ဆန္ဒထုတ်ဖော်သည်။ ဆန္ဒပြပြည်သူလူထုနှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ ထိပ်တိုက် တွေ့ဆုံမှုလူစု ခွဲရန်ကြိုးစားမှု အချို့ရှိသော်လည်း သပိတ်စစ်ကြောင်းကို အောင်မြင်စွာ ပြုလုပ်ခဲ့ကြ​ကြောင်း ဆန္ဒပြပွဲတွင်ပါဝင်​သော ပြည်သူများက​ပြောသည်။သပိတ်စစ်ကြောင်းစတင်ရာ နေရာတွင် လူစုခွဲရန် ကြိုးစားမှု၊ မြို့လယ် အဝိုင်းပတ်တွင် စစ်တပ်က တပ်စွဲထားမှု၊ လူစည်ကားရာ လက်ဖက်ရည်ဆိုင်အချို့ထိ လာရောက်တပ်လှန့်မှုအချို့ရှိသော်လည်း ပြည်သူများမှ ရွေ့လျားသပိတ်ပြုလုပ်ကာ သပိတ်ကို ပြုလုပ်ခဲ့ကြသည်။myanmar now

တောင်ဒဂုံ ၅၆ ရပ်ကွက် လမ်းဆုံတွင် ပြည်သူ ၁ ဦးကို အကြမ်းဖက်စစ်​ကောင်စီတပ်များက မီးရှို့ သတ်ဖြတ်သွား

ရန်ကုန်​တောင်ဒဂုံတွင် မတ်လ ၃၀ ရက်​နေ့ နံနက်အ​စောပိုင်းက ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်​ကောင်စီတပ်များက မီးရှို့ သတ်ဖြတ်သွား​ကြောင်း ​တောင်ဒဂုံ​​ဒေသခံများထံမှ သိရှိရသည်။

“ဒီမနက်မှ မီးရှို့ ထားတဲ့ ရုပ်အ​လောင်း​တွေ့တာပါ။ ၅၅၊ ၅၆ မှာ စစ်တပ်က ညပိုင်းက​​နေ မနက်အ​စော ၄ နာရီ​​လောက်အထိ ရှိ​နေခဲ့တာ။ စည််ပင်လမ်းမကြီး၊ ၅၆ မှတ်တိုင်နားမှာ။

​လော​လောဆယ်သိရသ​လောက် မီးရှို့သတ်ခံရသူ ဘယ်သူဆိုတာ ၊ နာမည် အတိအကျ မသိရ​သေးဘူး။ စစ်တပ်က တစ်ညလုံး မနက်အထိ ပစ်ခတ် ဆဲဆိုပြီး ရှိ​နေတာ ပြည်သူက အပြင်​တောင်မထွက်ရဲဘူး။ ​နောက်ပြီး ၅၅ ၊ ၅၆ ကို စစ်တပ်က တအားငြိုး​နေတာ။အရမ်းရက်စက်လွန်းတယ်”ဟု ​တောင်ဒဂုံ​ဒေသခံတစ်ဦးက ​ပြောသည်။ယမန်​နေ့က ​​တောင်ဒဂုံကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ပြည်သူကို သတ်ဖြတ်မှုများ လုပ်​ဆောင်ခဲ့ပြီး ​သေဆုံးစာရင်းအတိအကျမရရှိ​သေး​ပေ။ khit thit

« Older Entries