ဂန့်ဂေါ-ကလေး လမ်းတလျောက် ပြည်သူတို့၏ စစ်ပွဲ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့ တစ်ဝိုက် ရွာများတွင်၊ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်များ နှင့် ဒေသခံပြည်သူများအကြား၊ မတ်လ ၃၁ ရက် နံနက် အစောပိုင်းမှ စပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားနေကြောင်းသိရသည်။
စစ်အာဏာရှင်ဆန့်ကျင်သည့် ဒေသခံ ပြည်သူများက၊ ရရာလက်နက်စွဲကိုင်ပြီး၊ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များအား ခုခံစစ်ဆင်နွှဲ နေခြင်းဖြစ်သည်။ ခုခံစစ်ဆင်နွှဲနေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့အား၊ အင်အားဖြည့် တိုက်ခိုက်ရန် သွားသည့်၊ အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကားများအား၊ ကလေး-ဂန့်ဂေါ လမ်းတစ်လျောက်ရွာများမှ ပြည်သူများက တားဆီးတိုက်ခိုက်နေခြင်း ဖြစ်သည်။
ကလေး-ဂန့်ဂေါ လမ်းသည်၊ တောင်ပေါ်လမ်းအများစု ဖြစ်ပြီး (၉၅) မိုင် ရှည်လျားသည်။ ပြည်သူ့စစ်ဆင်နွှဲနေသည့် အဓိကရွာများထဲတွင် ဟံသာဝတီ၊ နှမ်းခါး၊ တောင်ခင်ရန်းရွာ၊ ပျားရွာ တို့ပါဝင်သည်။ mizzima