နေပြည်တော် NLD အဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီ ဖမ်းဆီးသတ်ဖြတ်

မတ်လ ၁၅ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးသွားတဲ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညိုကို အာဏာသိမ်း စစ်ကောင်စီက စစ်ကြောရေးစခန်းမှာ ဖမ်ဆီးနှိပ်စက်ခဲ့တဲ့အတွက် မတ်လ ၃၀ ရက်နေ့မှာ သေဆုံးသွားကြောင်း မိသားစုနဲ့ နီးစပ်သူတွေက အွန်လိုင်းဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားဖော်ပြကြပါတယ်။

Mal Chaw ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ “နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ဂုဏ်မင်းအင်းရွာမှာ နေထိုင်တဲ့ ဦးကျော်ကျော် (ခေါ်) အဂ္ဂမိုးညို ဟာ မတ်လ ၁၅ ရက်နေ့က ဖမ်းဆီးခံရပြီး၊ မတ်လ ၃၀ ရက်နေ့မှာတော့ စစ်ကောင်စီက သူတို့ သင်္ဂြိုလ်မယ်ဆိုပြီး မိသားစုကို အလောင်းလာကြည့်ခိုင်းတယ်၊ ဒီကနေ့ မတ်လ ၃၁ ရက် မနက်မှာ မိသားစုက ရုပ်အလောင်းကို သွားရောက်ကြည့်ရှုပြီးနောက် နေအိမ်မှာ သက်ပျောက်ဆွမ်း ကပ်ခဲတယ်” လို့ ဖော်ပြထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ကနေ အနိုင်ရခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်ဟောင်း ကိုဖြိုးဇေယျာသော် ကလည်း “မတ်လ ၁၅ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီရဲ့ မတရား ဖမ်းဆီးခံခဲ့ရတဲ့၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အလုပ်အမှုဆောင် ဦးကျော်ကျော်ဟာ နေပြည်တော် စစ်ကြောရေးစခန်းမှာ အကြမ်းဖက်အုပ်စုရဲ့ လက်ချက်နဲ့ ကျဆုံးသွားကြောင်း” သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဦးကျော်ကျော်ဟာ စစ်ကောင်စီက အသက်ရှင်လျက် ဖမ်းဆီးသွားပြီး၊ ရုပ်အလောင်းသာ ပြန်ပေးခဲ့တဲ့ တတိယမြောက် သတ်ဖြတ်ခံရသူ NLD အဖွဲ့ဝင် ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် NLD ရပ်ကျေးအဖွဲ့ဝင် ဦးခင်မောင်လတ်နဲ့ ရွေပြည်သာက NLD အဖွဲ့ဝင် “စုအသက်မွေးဝမ်းကျောင်းသိပ္ပံ” တာဝန်ခံ ဦးဇော်မြတ်လင်း တို့ကိုလည်း စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီး နောက်တစ်ရက်မှာ မိသားစုထံ ရုပ်အလောင်းကိုသာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။

RFA Burmese 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s