အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ နှိမ်နင်းတိုက်ခိုက်မှုကြောင့် ၂၀၂၁ မြန်မာ့နွေဦးတော်လှန်ရေးအတွင်း ပြည်သူ အယောက် (၅၅၀) အသက်ဆုံးရှုံးခဲ့ရ

မြန်မာနိုင်ငံသည် အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်မှာ (၅၈) ရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။အာဏာစတင်သိမ်းယူသော ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ မတ်လ (၂၉) ရက်နေ့ ည ၉ နာရီ အထိ စုစည်းရရှိသော အချက်အလက်များအရ အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ နှိမ်နင်းတိုက်ခိုက်မှုကြောင့်ပြည်သူအယောက် (၅၅၀) အသက်ဆုံးရှုံးခဲ့ရကြောင်းသိရသည်။
အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများအနက် အသက်အငယ်ဆုံးမှာ (၇) နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ (၇၈) နှစ်ဖြစ်သည်။ အသက်ဆုံးရှုံးမှုအများဆုံးဖြစ်သော အသက်အပိုင်းအခြားမှာ အသက် ၁၆ နှစ်မှ ၂၅ နှစ်အတွင်းဖြစ်သည်။ အသက်ဆုံးရှုံးမှုအများဆုံးတိုင်းဒေသကြီး/ပြည်နယ်မှာ ရန်ကုန်ဖြစ်သည်။
အတည်ပြု၍ရသော အသက် ၆ နှစ် မှ ၁၅ နှစ်အရွယ်ကလေးငယ် စုစုပေါင်း (၁၅) ယောက် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
ယခုကဲ့သို့ လက်နက်အားကိုးဖြင့် ပြည်သူလူထုကို အသက်အန္တရာယ်ဖြစ်စေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များသည် ရွံရှာစက်ဆုပ်ဖွယ်အတိဖြစ်သည်။
ယခုအချက်အလက်များကို DVB TV News နှင့် Assistance Association for Political Prisoners (Burma) တို့မှစုစည်းတင်ပြထားခြင်းဖြစ်သည်။