Monthly Archives: Mar 2021
မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ် သပိတ်




မတ်လ၃၁ရက်၊စစ်ကိုင်းတိုင်း၊ကသာမြို့က စစ်အာဏာရှင်ပြုတ်ကျရေး ဆန္ဒပြပွဲ






mizzima
ရဲကင်းရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များက မတ်လ ၃၁ ရက်၊ နံနက် ၃နာရီ ခန့် မှာ ဝင်ရောက်စီးနှင်းတိုက်ခိုက်



ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ဧရာ၀တီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်ကြီးကျေးရွာ စစ်ကြမ်းဖက်ရဲ့လက်အောက်ခံ ရဲကင်းရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များက မတ်လ ၃၁ ရက်၊ နံနက် ၃နာရီ ခန့် မှာ ဝင်ရောက်စီးနှင်းတိုက်ခိုက်သွားခဲ့တယ်လို့ သိရပါတယ် democracy vision
စစ်ကောင်စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတပါး ရွေးချယ်စရာလမ်းမရှိတော့ကြောင်း KNU ထုတ်ပြန်
၎င်းတို့နယ်မြေ၊ ကရင်လူထုနှင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် အကြမ်းဖက် စစ်ကောင် စီတပ်၏ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး အခြားရွေးချယ်စရာလမ်းမရှိတော့ကြောင်း ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ က ယမန်နေ့ မတ်လ ၃၀ ရက်တွင် ကြေညာချက် ထုတ်ကာ ပြောဆိုလိုက်သည်။
“ယခုအချိန်တွင် မြန်မာတပ်မတော်၏ မြေပြင်တပ်များသည် အရပ်လေးမျက်နှာ အဖက်ဖက်မှ ကျွန်ုပ်တို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော်လာလျက်ရှိနေပြီဖြစ်သည်။ ဤအခြေအ နေကြောင့် ကျွန်ုပ်တို့ ပြည်သူထုထု၏ အသက်အိုးအိမ်လုံခြုံရေးအတွက် အလွန်စိုးရိမ်ပူပန်ရပါသည်။ ကျွန်ုပ်တို့၏ နယ်မြေ၊ ကရင်လူထုနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကာကွယ်ရန်အတွက် တိုင်းပြည်အာဏာကို တရားမဝင်သိမ်းယူထားသော မြန်မာတပ်မတော်၏ရန်ကို ရင်ဆိုင်ခြင်းမှတစ်ပါး ကျွန်ုပ်တို့၏ အခြားရွေးချယ်စရာ လမ်းမရှိတော့ပါ”ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် မတ်လ ၂၇ရက်နေ့က မူတြော်ခရိုင် သံလွင်မြစ်ကမ်းနံဘေးရှိ သီးမူထာ စစ်ကောင်စီ တပ်စခန်းကို ကေအဲန်ယူတပ်မဟာ ၅ တပ်ဖွဲ့မှ တက်ရောက်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဘက်မှ ကေအဲန်ယူ မူတြော်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်း လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီသော ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရမှုအပေါ် ကေအဲန်ယူ တပ်မဟာ ၅ က ယခုလို ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ်အပါအဝင် ၈ဦး သေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရသလို မူတြော်ခရိုင်တွင်းရှိ ဒေသခံ ပြည်သူ ၁၀,၀၀၀ ကျော်သည် အိုးအိမ် စွန့်ခွာပြီး နီးစပ်ရာတောတောင်များတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး သံလွင်မြစ် ကမ်းနံဘေးတစ် လျှောက်ရှိ ဒေသခံရွာသား ၃,၀၀၀ ကျော်သည်လည်း သံလွင်မြစ်၏ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့ကြောင့် တော်ဝင်ထိုင်းအစိုးရအပါအဝင် နိုင်ငံတကာအဖွဲ့ အသိုင်းအဝိုင်းများ အနေဖြင့် မြန်မာ တပ်မတော်၏ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ကိုယ်လွတ်ရုန်းထွက်ပြေးတိမ်း ရှောင်နေရသည့် အဆိုပါ ပြည်သူထူထုများကို အကာကွယ်ပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အထောက် အပံ့များပေးရန် အနူးညွှတ်တောင်းဆိုသည်ဟုလည်း ကေအဲန်ယူ မူတြော်ခရိုင်က ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတကာအနေဖြင့်လည်း တိုင်းပြည်အာဏာကို မတရားသိမ်းယူထားသော မြန်မာ တပ်မ တော်အား အသိအမှတ်မပြုရန်နှင့် ၎င်းတို့နှင့် လုပ်ဆောင်နေသည့် စစ်ရေးနှင့် စီးပွားရေးဆိုင်ရာ ရင်းနှီးဆက်ဆံမှုအားလုံးကို ရပ်တန့်ရန် တောင်းဆိုကြောင်း၊ လူသားမျိုးနွယ် အားလုံးကို ဆန့်ကျင် သောမြစ်မှုကို မြောက်စေသည့် ပြည်သူထူထုအပေါ် လက်နက်ဖြင့် ပစ်ခတ်တိုက်ခတ်မှုများကို ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအသိုက်အဝန်းက ဖက်စစ်မြန်မာ့ တပ်မတော်ကို ဖိအားပေးရန် တောင်းဆိုသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က တောင်းဆိုထားသည်။ Karen Information Center -KIC
မတ် ၃၁ ရက်နေ့ မိုးလေများ ကြားမှ မိုးကောင်းမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်






khit thit
တောင်ဒဂုံတွင် ယနေ့ညနေ ပြည်သူ ၂ ဦး ထပ်မံကျဆုံး၊ ယနေ့ အတွက် ကျဆုံးသူ ၃ ဦးရှိလာ

ရန်ကုန်တောင်ဒဂုံတွင် ယနေ့ညနေ ၂ ဦး ထပ်မံကျဆုံး၊ ယနေ့ အတွက် ကျဆုံးသူ ၃ ဦးရှိလာကြောင်း ဒေသခံများထံမှ သိရှိရသည်။
တောင်ဒဂုံ ၁၀၇ ရပ်ကွက်တွင် ယနေညနေပိုင်း အကြမ်း ဖက်စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် လူငယ် ၂ ဦး ကျဆုံးပြီး ၁ ဦး၏ အလောင်းကို စစ်တပ်က သိမ်းဆည်းသွား ကြောင်းသိရှိရသည်။
တောင်ဒဂုံတွင် အင်တာနက် ဖိုက်ဘာကြိုးနှင့် Wifi Box များကို စစ်တပ်က ဖျက်ဆီးထား၍ ရပ်ကွက် တချို့တွင် အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
လတ်တလော တောင်ဒဂုံ ၁၀၇၊ ၅၄၊ ၅၆၊ ၇၀၊ ၇၁ ရပ် ကွက် များကို အကြမ်းဖက်စစ်ကောင်စီတပ်များက စောင့်ကြပ်မှုများရှိနေပြီး ပစ်ခတ်သံတချို့ ကြားရကြောင်း သိရှိရသည်။khit thit
ဖားကန့်မြို့နယ်က ရဲတပ်ရင်း၂၈ ဖဝါစခန်းအား KIAမှ ဝင်ရောက်တိုက် ခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဖဝါကျေးရွာအနီး၊ ရတနာရွှေအိတ် အကျိုးကုမ္ပဏီအနားက ရဲတပ်ရင်း (၂၈) စခန်းအား KIA ကနေပြီး မတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
ရဲတပ်ရင်း (၂၈) ဟာ မြဥယျာဉ်၊ ဖဝါကျေးရွာအနီး၊ ဆန်ခါကျေးရွာအနီးတွေမှာ တပ်စွဲထားတဲ့ စခန်း (၃) နေရာရှိပေမယ့် ဖဝါကျေးရွာအနီးက နိုင်ငံတော်နဲ့အကျိုးလုပ်ကွက် ကျောက်စိမ်း တူးဖော်ခဲ့တဲ့ ရတနာရွှေအိတ်ကုမ္ပဏီအနီးက ရဲတပ်ရင်းစခန်းကိုပဲ ကချင်တပ်မတော် KIA က စီးနင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ rfa
ရွှေလီမြို့အား ရုတ်တရက်ပိတ်ပြီ

တရုတ်-မြန်မာနယ်စပ် ရှိတရုတ်ဖက်မှ ရွှေလီမြစ်ကူးတံတားအား ယနေ့(၃၀-၀၃-၂၀၂၁)နံနက်ပိုင်းကစ၍ တရုတ်တာဝန်ရှိသူများက ပိတ်လိုက်ကြောင်း Wechat အသုံးပြုသူတဦးမှ (၁၁:၀၀)ခန့်က စတင်ဖော်ပြခဲ့သည်။ ကျယ်ခေါင်ရှိ မြန်မာလုပ်ငန်းရှင်တဦးအား တယ်လီဖုန်းဖြင့်ဆက်သွယ်ရာ၌ ယမန်နေ့နံနက်ပိုင်းမှစ၍ ကျယ်ဂေါင်မြို့ရှိ ကျောက်မျက်စျေးအား စတင်ပိတ်လိုက်သည်ဟု ဆိုသည်။
KIA မှ မူဆယ်မြို့သို့ဝင်ရောက်မည်ဟု သတင်းများအပြင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းနေသောလက်ရှိအချိန်၌ တရုတ်ပြည်ဖက်လာရောက်ခိုလှုံသူများရှိနေပြီး ရွှေလီမြို့ထဲမလာနိုင်ရန် ပိတ်ပင်ဖွယ်ရှိသည်ဟု ဂျယ်ဂေါင်ရှိ ကားဂိတ်ဂိတ်မှူး တဦးမှပြောသည်။ ယမန်နေ့နေ့လည်ပိုင်းကလည်း နမ့်ခမ်းမြို့ထဲသို့ အနီးအနားမှစစ်ဘေးရှောင်များ အများအပြားဝင်ရောက်နေခဲ့ပြီး တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းပေါ်၌ (မြန်မာ)ပြည်မမှ အသီးအနှံသယ်ယူသည့် အတက်ကားများသာ ရှိတော့သည်ဟု မူဆယ်နယ်ခံတို့ကပြောကြားခဲ့သည်။
“တောင်ဒဂုံက မီးလောင်ထားသော ကားများ ကျည်ဆံမှန်ထားသော အိမ်များ”






ယမန်နေ့ညပိုင်းက တောင်ဒဂုံ ၅၆ ရပ်ကွက်ကို ဖြိုခွင်းအပြီး ယနေ့မတ်လ ၃ဝ ရက်နေ့မနက်ပိုင်းမှာတော့လှော်ကားလမ်းမကြီးပေါ်ရှိ နေအိမ်တော်တော်များများနဲ့ ဈေးများဆိုင်များ ပိတ်ထားကြသလို တစ်ချို့လည်း စွန့်ခွာပြီး ရှောင်တိမ်းသွားကြတယ်လို့သိရပါတယ်။လမ်းတစ်လျှောက် မီးလောင်ထားသော ကားများ ဖြတ်တောက်ခံထားရသော တယ်လီဖုန်းကြိုးများ အင်တာနက်ကြိုးများနှင့် အတူ ကျည်ဆံမှန်ထားတဲ့ အဆောက်အဦးများစွာကိုလည်း တွေ့ရပါတယ်။Myanmar Celebrity Tv Club