Monthly Archives: Apr 2021

အပစ်ရပ်သက်တမ်း တစ်လတိုးမယ်လို့ စစ်ကောင်စီဘက်က ကြေ ညာ

နိုင်ငံတဝန်းလုံးမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို မေလ ၁ ရက်ကနေ ၃၁ ရက်အထိ တိုးမြင့်ရပ်ဆိုင်းထားမယ်လို့ စစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အင်တာနက်စာမျက်နှာမှာ ဧပြီ ၃၀ ရက် ဒီနေ့ရက်စွဲနဲ့ ဖော်ပြထားပါတယ်။

နိုင်ငံတော် ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ၊ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးဖို့ အခုလို အပစ်ရပ်သက်တမ်းတိုးတာလို့ ဆိုပါတယ်။

ခြွင်းချက်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ အုပ်ချုပ်ရေးကိစ္စတွေ၊ အစိုးရ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ… လို့ ဖော်ပြထားတဲ့အတွက် ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို စစ်ကောင်စီဘက်က ရပ်တန့်ထားမလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။RFA

ကျောက်ကြီးတွင် KNUနှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်မှ ၂ ဦးသေ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်၊ ကျောက်စရစ်ကျေးရွာအုပ်စု၊ အင်တိုင်းကုန်းကျေးရွာတွင် ယ​နေ့နံနက် ၁၁ နာရီ KNU နှင့် စစ်ကောင်စီတပ်တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးသည်ဟု KNU အထောက်အကူပြုသတင်းဌာနက ထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ် အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်နှင့် အဖွဲ့သားများက အင်တိုင်းကုန်းကျေးရွာသူ/သားများနှင့် အစည်းအဝေးပြုလုပ်ရန် သွားရောက်သည့်အကြောင်းကို စစ်ကောင်စီတပ်ရင်း ခလရ (၆၀) လက်အောက်ခံ တပ်ခွဲ(ကျောက်စရစ်စခန်း)က သိရှိသွားပြီး နှောင့်ယှက်ခြုံခိုတိုက်ရန်လာရောက်စဉ် KNUနှင့် ထိပ်တိုက်တွေ့ဆုံကာ ယနေ့နံနက်(၁၀)နာရီ (၅၅)မိနစ်အချိန် အင်တိုင်းကုန်းကျေးရွာနံဘေး၌ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

၎င်းပစ်ခတ်မှုများကြောင့် ကျေးရွာသူရွာသားများ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြပြီး ကျေးရွာသူရွာသားတစ်ချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း၊ လယ်ထွန်နေသော လယ်သမားများလည်း ၎တို့၏ အလုပ်ကိုပစ်ထားပြီး ထွက်ပြေးခဲ့ကြကြောင်း ဆိုသည်။

၎င်းပစ်ခတ်မှုတွင် အင်တိုင်းကုန်းကျေးရွာသား အသက်(၇၀)ရှိအဖိုးစောမောင်လူးမှ နှလုံးရောဂါဖောက်ကာ သေဆုံးသွားခဲ့ရ​ကြောင်း၊KNU/KNLA ဘက်မှထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ စစ်​ကောင်စီတပ်မှ (၂)ဦးသေဆုံးသွားသည်ဟု အမှတ်(၂)နယ်မြေမှူး စောဝါးမူဇက်မှ ပြောကြောင်း ဖော်ပြထားသည်။ khit thit

သမိုင်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနား ဗုံးပေါက်ကွဲမှုဖြစ်

မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးမှာ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ ညနေ ပိုင်းမှာ လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လက်လုပ်ဗုံးကို ညနေ ၅ နာရီဝန်းကျင်ခန့်မှာ ဆိုင်ကယ်နဲ့ လာပစ်သွားပြီးနောက် အုပ်ချုပ်ရေးမှူးရုံး အရှေ့နား ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ၄င်းပေါက်ကွဲမှု အပြီးမှာ အုပ်ချုပ်ရေးမှူးရုံးအနီးက ဗလီနားမှာ စစ်ကားကြီး၂စီး၊ ကားသေး ၄စီးနဲ့၊ ဆိုင်ကယ်အချို့ ရောက်ရှိလာပြီး အနီးအနားကို ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူးရုံးမှာ သမိုင်းဂုံးကျော်တံတားအောက် မှာ တည်ရှိတာ ဖြစ်တဲ့အတွက် ၅ နာရီ ၁၀ မိနစ်မှာ ဂုံးတံတားအပေါ် ကားတွေ ဖြတ်သန်းခွင့် ပိတ်လိုက်ပြီး မိုင်းရှင်းလင်းရေး အဖွဲ့တွေ လာရောက်ရှာဖွေခဲ့ကြပါတယ်။  ညနေ ၅ နာရီ ၃၉ မိနစ်မှာတော့ ကျန်ရှိနေတဲ့ ဗုံးတစ်လုံး ပေါက်ကွဲသံ ကြားခဲ့တယ်လို့ အနီးအနား နေသူတွေထံက သိရပါတယ်။democracy vision

ကေအိုင်​အေတပ်ရင်း ၂၅ ကို စစ်​ကောင်စီလက် နက်ကိုင်​တွေက ​လေယာဥ် ၉ စီးဖြင့်ပစ်​​နေ

စစ်ကောင်စီလက်နက်ကိုင်တပ်များသည် မိုးမောက်မြို့ရှိ ​​ကေအိုင်အေ တပ်ရင်း ၂၅ တွင် လေယာဥ် ၉စီးဖြင့် မနက် အ​စောပိုင်းမှ စတင်ပြီး လက်ရှိချိန်ထိ  လာရောက်ပစ်ခတ်​နေကြောင်း KIO  သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုး​​မောက်မြို့ရှိ  စစ်ကောင်စီလက်နက်ကိုင်များသည်  လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို ​ကေအိုင်​အေ ဘက်မှလည်း လက်နက်ကြီး​တွေ ပစ်ခတ်​နေ​ကြောင်းလည်းဆိုသည်။

” ​မြေပြင်မှာ တိုက်ခိုက်တာ​တွေ​တော့ မနက်ပိုင်း​​တော့မရှိဘူး။ ” ဟုဗိုလ်မှူးကြီးနော်ဘူကဆိုသည်။

ဧပြီ ၂၉ရက်နေ့က စစ်ကောင်စီလက်နက်တပ််များက ​ကျေးရွာများသို့ လက်နက်ကြီး​တွေ ပစ်ထည့်သည့်အတွက်မိုးမောက်မြို့နယ်မှ အဖိုးတစ်​ယောက် သေဆုံးခဲ့ပြီးအမျိုးသမီးတစ်ဦးမှာ လက်မောင်းတွင် ထိကာ ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း သိရသည်။

​ကေအိုင်​အေ တပ်ရင်း ၂၅ အား စစ်​ကောင်စီ လက်နက်ကိုင်များက ​လေယာဥ်ဖြင့် ပစ်ခတ်ပြီး တိုက်ခိုက်​နေ​သည်မှာယ​နေ့ဆိုရင် ၆ ရက် ရှိပြီဖြစ်သည်။

ငြိမ်းချမ်းရေး တိုးမြင့်ရန် မေလ တစ်လလုံး အပစ်အခတ်ရပ်စဲထားမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဇော်မင်းထွန်းက ဧပြီ ၂၉ ရက်က သတင်းစာ ရှင်းလင်းပွဲမှာပြောကြားထားသည်။ kachin news

မန္တလေးအင်ဂျင်နီယာများ​အဖွဲ့၏ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း၊ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကိုသာထောက်ခံကြောင်း ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြခဲ့

သီပေါမြို့၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ နေအိမ် ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ ဧပြီ ၂၉ ရက် မနေ့ည ၁၁ နာရီလောက်က မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းသာလှိုင် ရဲ့နေအိမ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သီပေါမြို့ခံ တစ်ယောက်က RFA ကို ပြောပါတယ်။ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း သီပေါမြို့၊ မြို့နယ် ပညာရေးမှူးရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး လူထိခိုက်တာတော့ မရှိခဲ့သလို စံဖိတ်ကျေးရွာထဲမှာလည်း ပေါက်ကွဲမှုရှိခဲ့တယ်လို့ သီပေါဒေသခံကပြောပါတယ်။

ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းကတော့ သီပေါ-လားရှိုးလမ်းပိုင်း စံလောင်းရွာအကျော်မှာ သေနတ်ဒဏ်ရာနဲ့ အမျိုးသားတစ်ယောက် လဲနေတာကို တွေ့ရတာကြောင့် ပရဟတိအဖွဲ့တွေက သီပေါဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ သွားရောက် ကူညီခဲ့တဲ့ ပရဟိတအသင်း တာဝန်ရှိသူက ပြောပါတယ်။သေဆုံးသူဟာ သီပေါ၊ ပန်းတိန်တောင်ရပ်ကွက်က အသက်ငါးဆယ်အရွယ် စိုင်းလှဝင်း ဆိုသူ ဖြစ်တယ်လို့ ဆိုပါတယ်။

စံလောင်းနဲ့ ကုံမုံရွာ အနီးတစ်ဝိုက်ဟာ မူးယစ်ဆေးသုံးစွဲသူတွေ ကျင်လည်တဲ့နေရာဖြစ်ပြီး အရင်နှစ်တွေကလည်း သေနတ်ပစ်ခတ်လို့ သေဆုံးခဲ့ရသူ ဆယ်ယောက်ထက်မနည်း ရှိခဲ့ပါတယ်။ စိုင်းလှဝင်း သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ဘယ်အဖွဲ့ရဲ့လက်ချက်ဆိုတာကို သီးခြားအတည်ပြုလို့ မရသေးပါဘူး။RFA

မိုး​မောက်မြို့နယ်တိုက်ပွဲတွင် စစ်​ကောင်စီ၏ တပ်မ ၇၇ အထိနာ၊ စစ်သား ၂၀ ​သေဆုံး

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ကချင်လွတ်လပ်​ရေးတပ်မ​တော် (KIA) နှင့် အာဏာသိမ်းစစ်​ကောင်စီ၏ တပ်မ ၇၇ တို့ ဧပြီ ၂၉ ရက်က တိုက်ပွဲပြင်းထန်းစွာဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးပြီး လက်နက်များပါ ဖမ်းဆီးရမိကြောင်း KIA တာဝန်ရှိသူက ပြောသည်။ မိုးမောက်မြို့နယ်အတွင်း အ​လော့ဘွမ်​တောင်​ခြေဒေ​သဖြစ်​သော မြို့သစ်တာဝါတိုင်နှင့် ဆ​လောင်ကုန်းအ​ရှေ့ဘက် ​တောင်​ကြောတစ်​လျှောက်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂၀ ဦးသေဆုံးခဲ့သည့်အပြင် လက်နက် ၁၈ လက် သိမ်းဆည်းရမိခဲ့ကြောင်း အထက်ပါ KIA အရာရှိက ပြောသည်။

တပ်မ ၇၇ အထိနာခဲ့သဖြင့် စစ်ကောင်စီက ယမန်နေ့တွင် ခြောက်ကြိမ်တိုင် လေကြောင်းမှ လာရောက်တိုက်ခိုက်ခဲ့သော်လည်း KIA ဘက်မှ ထိခိုက်မှုမရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။ မိုး​မောက်မြို့နယ်ဒေသခံတစ်ဦးက “တပ်မ ၇၇ က အယောက် ၂၀ သေပြီး သေနတ် ၁၇ လက်ရတယ်။ အလော့ဘွမ်တောင်ခြေ မိုးမောက်တာဝါတိုင်နားက တိုက်ပွဲမှာ။ သူတို့ (စစ်ကောင်စီ) လည်း အလော့ဘွမ်ကို မရရအောင် ပြန်သိမ်းဖို့ ကြိုးစားလာတဲ့အ‌​ပေါ်မှာ KIA ဘက်ကလည်း လက်မလွတ်အောင်ဆိုတဲ့ သဘောမျိုးနဲ့ ထိန်းချုပ်နိုင်အောင် တက်လာတဲ့ စစ်ကြောင်းတွေကို ခုခံပြီးမှ တိုက်ခိုက်နေတဲ့ သဘောအသွင်ဆောင်ပါတယ်” ဟု Myanmar Now ကို ပြောသည်။

ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် တပ်မ ၇၇ က ကချင်ပြည်နယ် အ​လော့ဘွမ်​တောင်​ခြေတိုက်ပွဲအတွင်း တပ်ပျက်သည်အထိ အထိနာခဲ့သော တပ်မ ၈၈ ကို စစ်ကူသွားရောက်ကာ ထိုးစစ်ဆင်းခဲ့ခြင်းဖြစ်သည်။ တပ်မ ၈၈ သည် ဧပြီ ၂၄ ရက်က KIA နှင့် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ရာ၌ စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် စစ်ကူပစ်ခတ်ရာတွင် အချင်းချင်းမှားယွင်းပစ်ခတ်မိသဖြင့် ထိခိုက်ကျဆုံးမှု အလွန်များခဲ့ကြောင်း KIA နှင့် ဒေသခံအချို့က ပြောသည်။

ထို့အပြင် KIA က ဧပြီ ၂၉ ရက်တွင် ဗန်​းမော်လေဆိပ်အနီးတစ်ဝိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့​ရာ ​လေဆိပ်အနီးရှိ လက်နက်တိုက်ကို ထိမှန်ခဲ့​ကြောင်း​ သိရသည်။မတ် ၂၅ ရက်တွင် KIA က သိမ်းပိုက်ခဲ့သည့် အလော့ဘွမ်​တောင်တပ်စခန်းကို ပြန်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီက စစ်ကြောင်းသုံးကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သည့်အပြင် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်။ ​စစ်​ကောင်စီက ဂျက်တိုက်​လေယာဉ်နှင့် ရဟတ်ယာဉ်များပါ အသုံးပြုကာ ၇ ရက်ဆက် တိုက်ခိုက်ခြင်းခဲ့ကြောင့် KIA ဘက်တွင် ကျဆုံးမှုရှိ​သော်လည်း စစ်​ကောင်စီတပ်မှာ ပို၍အထိနာခဲ့သည်ဟု သိရသည်။

အပြင်းအထန်တိုက်ပွဲများကြောင့် ဒေသခံအရပ်သားများပါ ထိခိုက်မှုရှိလာပြီး စစ်ဘေးရှောင်ဒုက္ခသည်များလည်း ပိုများလာကြောင်း သိရသည်။ “မနေ့က (ဧပြီ ၂ ၈) ကုန်း‌လောရွာက တစ်ယောက်က သူတို့အိမ်မှာ လက်နက်ကြီးလာကျတယ်။ ရွာတွေမှာ အကုန်လုံး ရှောင်ကြတယ်။ အိမ်စောင့်ဆိုပြီး တစ်ယောက်နှစ်ယောက် ကျန်ကြတယ်။ အဲဒီအထဲကတစ်ယောက် ဒဏ်ရာအပြင်းအထန်ရသွားပြီး အခု မိုးမောက်စစ်ဆေးရုံရောက်သွားပြီလို့ ပြောတယ်” ဟု မိုးမောက်မြို့ခံတစ်ဦးက ပြောသည်။

ယ​နေ့ (ဧပြီ ၃၀) တွင်လည်း KIA နှင့် စစ်ကောင်စီတပ်များ အပြင်းအထန်တိုက်ပွဲဖြစ်ပွားနေသည်ဟု မိုးမောက်ဒေသခံတစ်ဦးက ပြောသည်။”ဒီမနက် လက်နက်ကြီးတွေ ပစ်နေကြတယ်။ လေယာဉ်တော့ ဒီအချိန်ထိ မလာသေးဘူး။ မနေ့ကတော့ နွမ်းလန်းမှာ ရွာသားတစ်ယောက် ‌ဒဏ်ရာရတယ်။ လက်တစ်ဖက်ကို တော်တော်ထိတာ ဖြတ်ရမယ်လို့ ပြောတယ်။ ကုန်းလော၊ နွမ်းလန်း၊ မြို့သစ်ရွာတွေက တစ်ဆက်တည်း” ဟု အဆိုပါ ဒေသခံက ပြောသည်။myanmar now

မန္တလေး ခရိုင်တရားရုံးမှာ ဗုံးပေါက်ကွဲမှုဖြစ်

မန္တလေးမြို့၊ချမ်းအေးသာစံ မြို့နယ်၊ ခရိုင်တရားရုံးမှာ ဧပြီ ၃၀ ရက်နေ့၊ ဒီနေ့ မနက် ၁၀ နာရီမထိုးခင်အချိန်က ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ တရားရုံးအနီးနေထိုင်သူတွေက ပြောပါတယ်။

“အသံအကျယ်ကြီးကြားလိုက်ရတယ်။ အခုတော့ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင် အဖွဲ့တွေ ရောက်လာကြပြီ။ လူထိခိုက်တာတော့ မကြားမိဘူး”လို့ မျက်မြင်တွေ့သူတယောက်က RFA ကိုပြောပါတယ်။

မန္တလေးမြို့မှာ ဒီရက်ပိုင်း မြို့တော်ဝန်အိမ်၊ ဒုမြို့တော်ဝန်အိမ် ၊စည်ပင် လိုင်းခန်းနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ် အပါအဝင် နေရာတော်တော်များများမှာ ဗုံးပေါက်ကွဲတာတွေ နေ့စဥ်ရက်ဆက်ဖြစ်ပွားနေပါတယ်။RFA

« Older Entries