Monthly Archives: Apr 2021

အကြမ်းဖက် စစ်အုပ်စုသည် မီး လောင်သည့် ကုန်တိုက် ၂ ခုအတွင်းမှ ပစ္စည်းများကို မီးမရှို့ခင် ရက်အနည်းငယ် အလိုက ရွှေ့ပြောင်းထား

ကော့ကရိတ်မှာ လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲတစ်ဦးသေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာ မတ် ၃၁ ရက်၊ မနေ့ည ၇ နာရီလောက်က လက်ပစ်ဗုံးပေါက်ကွဲပြီး ရဲ တစ်ဦးသေဆုံးကာ စစ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကော့ကရိတ်မြို့ထဲမှာ စစ်ကောင်စီတပ်တွေက လှည့်လည်နေစဉ်မှာ ဆိုင်ကယ်စီးလာသူ တစ်ဦးက လက်ပစ်ဗုံး ပစ်ထည့်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။လက်ပစ်ဗုံးနဲ့ လာရောက်ပစ်သွားတဲ့သူတွေက ဒေသခံပြည်သူလား၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလား ဆိုတာကိုတော့ သေသေချာချာမသိသေးဘူးလို့ ဆိုပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာတော့ ဆန္ဒပြပွဲတွေ မရှိပေမယ့် ကျေးရွာတွေမှာတော့ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CRPH ကိုထောက်ခံကြောင်း ဆန္ဒပြပွဲတွေရှိနေပါတယ်။ RFA

ဖဒိုမြို့တွင် အကြမ်းဖက်စစ်အုပ်စု၏ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးခံရပြီး သေဆုံး

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဖဒိုမြို့မှာ မတ် ၃၁ ရက်နေ့ မွန်းလွဲပိုင်းက အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦး ဓားထိုးခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်သေဆုံးတဲ့ ရပ်ကွက်နေပြည်သူတွေဟာ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၂၇  ရက် မနက်  ၉ နာရီလောက်ကလည်း  လမ်းလျှောက်ဆန္ဒပြတဲ့ ပြည်သူတွေကို ဖဒိုရဲစခန်းအတွင်းကနေ သေနတ်နဲ့လှမ်းပစ်လို့ ဆန္ဒပြအမျိုးသားတစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိသလို ဒဏ်ရာရသူတွေကို ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မတ် ၃၁ ရက်နေ့မှာ ဓားထိုးခံရတဲ့ ရဲနဲ့ ဒလံလို့ ယူဆရသူ ၁ ဦး အခင်းဖြစ်ရပ်ကွက်အတွင်း လာရောက်စဉ် လူအုပ်စုတစုနဲ့ ခိုက်ရန်ဖြစ်ပြီး သေဆုံးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

 မတ်လ ၂၇ က ဆန္ဒပြသူတွေကို ဖဒိုရဲစခန်းအတွင်းက သေနတ်နဲ့  လှမ်းပစ်တာကြောင့် ဦးရေဂင် (ခ) စောအယ်မူးပွဲ အသက် (၅၂နှစ်) နေရာမှာတင် ကျဆုံးသွားပြီး ဒဏ်ရာရသူ ၇ ဦး လောက် ရှိခဲ့တယ်လို့ သိရပါတယ်။ DVB

« Older Entries